ကြံ့ဖွံ့နှင့် မွတ်စလင်ပါတီကို ခရိုင်ကော်မရှင် သတိပေး

E-mail Print
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတောမြို့နယ် ခရိုင်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသာသာမောင်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) နှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီတို့မှ ခေါင်းဆောင်များကို မဲဆွယ်မှုနှင့် ပတ်သက်၍ ယနေ့ ခေါ်ယူပြောဆိုကြောင်း သိရသည်။ 

“ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးတွေ လုပ်မယ်ဆိုရင် ခရိုင်ကော်မရှင်မှာ ခွင့်ပြုချက်ယူရမယ်။ အဲဒါကို သူတို့က မယူဘဲနဲ့ အဲဒီလိုလုပ်နေတယ်။ အဲဒီလို လုပ်နေတော့ မောင်းတောခရိုင် ကော်မရှင်က သူတို့ကိုခေါ်ပြီးတော့ စကားပြောတာ” ဟု ဘင်္ဂလားဒေ့ရှ် အခြေစိုက် နိရဉ္စရာသတင်းဌာန အယ်ဒီတာ ကိုခိုင်မြတ်ကျော်က ဧရာဝတီသို့ ပြောသည်။

မောင်းတောမြို့ရှိ ကျေးရွာဒေသများတွင် ယင်းပါတီ ၂ ခုမှ ပါတီဝင်များ မကြာခဏ ပြဿနာဖြစ်ကြသည့် ကိစ္စများကို ခေါ်ယူ ပြောဆိုခြင်း ဖြစ်နိုင်ကြောင်း ကိုခိုင်မြတ်ကျော်က ဆိုသည်။

ယမန်နေ့က မောင်းတောမြို့မှ ၁၂ မိုင်ခန့် ကွာဝေးသော ကျေးရွာတရွာ၌ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ် ပါတီဝင်များက စည်းရုံးရေး ဆင်းနေစဉ် ကြံ့ဖွံ့ပါတီဝင်များက လမ်းများပိတ်၍ တားမြစ်ခဲ့သောကြောင့် ပြဿနာ ဖြစ်ပွားခဲ့ရာ အာဏာပိုင်များက ဖြေရှင်းပေးခဲ့ရပြီးနောက် ခရိုင်ကော်မရှင်က ယခုကဲ့သို့ ခေါ်ပြောခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းပြဿနာတွင် မောင်းတောမြို့နယ်ရှိ လူငယ်အများစုက အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ် ပါတီဘက်မှ ရပ်တည်နေသည့်အတွက် အခြေအနေကို လေ့လာစောင့်ကြည့်နေကြောင်း ကုလားတန် သတင်းဌာနမှ အယ်ဒီတာ ကိုတင်စိုးက ပြောသည်။

“အခြေ အနေတွေကတော့ တင်းမာနေတယ်။ တက္ကသိုလ်ကျောင်းသား အားလုံးက အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီဘက်ကို ပါနေတယ်ဆိုတော့ ဒီပြဿနာက တင်းမာလာနိုင်တယ်လို့ ယူဆရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ပြဿနာဖြစ်ပွားမှုနှင့် ပတ်သက်၍ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီရုံးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ရာ “ကျနော်တို့ဆီမှာ ပြဿနာဖြစ်တာတွေ ဘာတွေတော့ ရုံးကို အကြောင်းကြားတာလည်း မရှိသေးဘူး” ဟု ပါတီရုံးဝန်ထမ်း ကိုအောင်ကျော်က ဆိုသည်။

နိုင်ငံရေးပါတီများ၏ မဲဆွယ် အားပြိုင်မှုများကြောင့် ပြဿနာ ထပ်မံဖြစ်ပွားမည်ကို ဒေသခံအများစုက စိုးရိမ်နေကြကြောင်း ပြောသည်။

အောက်တိုဘာလ ၁၅ ရက်နေ့တွင်လည်း မောင်းတောမြို့နယ် ဒူးညောင်ပေါင်းကြူးကျေးရွာ၌ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီက စည်းရုံးရေးဆင်းနေစဉ် ကြံ့ဖွံ့ပါတီဝင်များက တားမြစ်မူကြောင့် ရပ်တန့်ခဲ့ရသေးသည်ဟု သိရသည်။

ယင်းဒေသတွင် လှုပ်ရှားနေသော အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ ၂ ခုမှာ မွတ်စလင်ပါတီများ ဖြစ်သည်။

ဘူးသီးတောင်၊ မောင်းတော ဒေသ၌ အထက်ပါ ပါတီ၂ခု အပြင် ကြံ့ဖွံ့ပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) တို့လည်း ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် စုစုပေါင်း ၄ ပါတီသာ ယှဉ်ပြိုင်မည် ဖြစ်ကြောင်း၊ ထိုဒေသတွင် အစ္စလမ် ဘာသာဝင် ဦးရေမှာ စုစုပေါင်း လူဦးရေ၏ ၉၅ ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်