ဂျာနယ်များ လေယာဉ်ဖြင့် မပို့ဆောင်ရ

E-mail Print
ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်များ ဂျာနယ် စာစောင်များ အတွင်း သိမ်းဆည်းရမိ ပြီးနောက် လေယာဉ်ဖြင့် ဂျာနယ်ပို့ဆောင် ခွင့် ပိတ်ပင်လိုက် ခြင်းကြောင့် အချိန်မီ ဖြန့်ချိရန် အခက်အခဲရှိနေကြောင်း သတင်းဂျာနယ် အသိုင်းအ၀န်း မှ သိရသည်။

စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) ၏ ညွှန်ကြားချက်ဖြင့် ပို့ဆောင်ရေးဝန်ကြီးဌာနက အောက်တို ဘာ ၂၅ ရက်နေ့မှ စတင် ၍ ပြည်တွင်းလေကြောင်းလိုင်းများတွင် ပိတ်လိုက်ခြင်းဖြစ်သည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန အရာရှိတဦးက ပြောသည်။

ကျိုင်းတုံ၊ တာချီလိတ်၊ မြိတ်၊ ထားဝယ် မြို့များတွင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးစာရွက်များသိမ်း ဆည်းရမိခဲ့သောကြောင့် အဆိုပါမြို့များသို့ ပျံသန်းသည့် လေကြောင်းခရီးစဉ်မှ တဆင့်ရောက်ရှိသွားခြင်းဖြစ်နိုင်သည်ဟုယူဆ၍ အာဏာပိုင်များက ပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဂျာနယ်အစောင်တွေထဲမှာ မမြင်အောင် ညှပ်ပြီး သယ်တဲ့သဘောမျိုး။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးဆန့်ကျင်ဖို့ ၊ မဲမထည့်ဖို့ လှုံ့ဆော် ထားတဲ့ စာရွက်တွေ။ ဖြန့်တဲ့သူကို မသိရဘူး။ အာဏာပိုင်တွေက လေကြောင်းခရီးကနေ ပို့တာ ဖြစ်နိုင်တယ်လို့ ခန့် မှန်းပြီး ပိတ်လိုက်တာ။ ဌာနဆိုင်ရာအနေနဲ့ စာရွက်စာတမ်းတွေ တင်ပို့တာကို ပိတ်တယ်ဆိုတော့ ဂျာနယ်တွေလည်း ပါသွား တာပေါ့”ဟု ပို့ဆောင်ရေးဝန်ကြီးဌာန အရာရှိက ဆိုသည်။

ရွေးကောက်ပွဲကျင်းပသည့်ကာလအထိ ကုန်းလမ်းဖြင့်သာ တင်ပို့ခွင့်ပြုမည်ဖြစ်သောကြောင့် သတင်းနောက်ကျခြင်း၊ ကုန်လမ်း ဖြင့် မပေါက်ရောက်သည့် ဒေသများတွင် သတင်းစီးဆင်းမှု ပြတ်တောက်နိုင်ကြောင်း သိရသည်။

“လက်ရှိ ကုန်းလမ်းနဲ့ ပို့ခွင့်ရမယ် ဆိုပေမယ့် နယ်တွေမှာ အချိန်နောက်ကျပြီးမှဖတ်ရမယ့် သဘောမျိုးဖြစ်သွားတာပေါ့။ တချို့ လေယာဉ်နဲ့သွားလို့ရမယ့် မြို့တွေ ဆိုရင်တော့ ဂျာနယ်ဖတ်ရဖို့ မလွယ်တော့ဘူး”ဟု ပြည်တွင်းဂျာနယ် ထုတ်ဝေ သူတဦးက ပြောသည်။

ရွေးကောက်ပွဲ ဆန့်ကျင်ရေးစာရွက်များ သိမ်းဆည်းရမိသော မြို့နယ်များရှိ အရောင်းကိုယ်စားလှယ်များကို စရဖ မှ စုံစမ်း စစ် ဆေးမှုများ ပြုလုပ်နေသည်ဟု ၎င်းက ပြောသည်။

အဆိုပါ သတင်းဂျာနယ်များ တင်ပို့ခွင့်ပိတ်ပင်လိုက်ခြင်းသည် ရွေးကောက်ပွဲ ကာလ သတင်းစီးဆင်းမှုကို ဖြတ်တောက်သည့် လုပ်ရပ် တခုဖြစ်ကြောင်း ရန်ကုန်တိုင်း စစ်ဒေသမှ စစ်ဘက်ဆိုင်ရာ အရာရှိတဦးက ပြောသည်။

“ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ စာရွက်စာတမ်းဆိုတာ ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းက အကုန်ပို့ချင်ပို့ လိုရနေ တာပဲ။ လေကြောင်းလိုင်း တခုတည်းကို ရွေးလုပ်တယ်ဆိုတာက လာမယ့်ရွေးကောက်ပွဲ အတွက်ပါ ကြိုပြီး သတင်းစီးဆင်း တာကို ပိတ်ချင်တဲ့ သဘောလည်း ပါတယ်။ အခုဆို အစွန်အဖျားနေရာတွေမှာနေတဲ့ လူတွေ ဘယ်လိုမှ သတင်းဖတ် လို့ ရမှာမဟုတ်တော့ဘူး။ မြန်မာ့အလင်းတို့ ကြေးမုံတို့ဆိုတာကလည်း သူတို့ ရေးချင်တာရေး၊ ဖော်ပြချင်တာဖော်ပြနေတာ”ဟု လည်း ၎င်းက ပြောသည်။

ရန်ကုန်တိုင်း စစ်ဒေသမှ စစ်ဘက်ဆိုင်ရာ အရာရှိက“ဒီလို ပိတ်တာတွေအပြင် တဘက်မှာလည်း သတင်းစီးဆင်းမှုတွေ ထိန်း ချုပ် ဖို့ ဖြစ်နိုင်တယ်။ ဒီရက်ပိုင်းထဲမှာပဲ ရတနာပုံတယ်လီပို့ ကနေ Cyber Optical တွေ လဲနေတယ်ဆိုပြီး ကွန်နက်ရှင်ကို နှေး ထားတယ်။ ဂျီတော့ ရရင် ဂျီမေးလ် မရဘူး။ တလှည့်စီ နှေးအောင် လုပ်နေတယ်”ဟု ဆက်ပြောသည်။

ပြည်တွင်းဂျာနယ်များအား လေယာဉ်ဖြင့် အဓိက ပို့ဆောင်နေသည့် မြို့နယ်များမှာ တာချီလိတ်၊ ကျိုင်းတုံ၊ မြစ်ကြီးနား၊ ပူတာ အို၊ ကလေး၊ တောင်ကြီး၊ ဟဲဟိုး၊ မြိတ်၊ ထားဝယ်၊ ကော့သောင်းတို့ ဖြစ်သည်။

မြန်မာနိုင်ငံတွင် သတင်းဂျာနယ်နှင့် အားကစားဂျာနယ် အပါအ၀င် ဂျာနယ်ပေါင်း ၂၀၀ ကျော်နှင့် မဂ္ဂဇင်း ၂၅၀ ကျော်ကို ထုတ်ဝေ ဖြန့်ချိခွင့် ပြုထားကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်