မြို့တော်ဝန် ဓမ္မာရုံဆောက် မဲဆွယ်

E-mail Print
ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း တောင်ဥက္ကလာပ မြို့နယ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်မည့် ရန်ကုန် မြို့တော်ဝန် ဦးအောင်သိန်းလင်းက ဗုဒ္ဓဘာသာ ဆွမ်းလောင်း ဓမ္မာရုံဟောင်းများကို အသစ် ဆောက်လုပ် ပေးပြီး မဲဆွယ်စည်းရုံးမှု အရှိန်မြှင့်နေကြောင်း သတင်းရရှိသည်။

aung-thein-lin-ygnမြို့တော်ဝန် ဦးအောင်သိန်းလင်းက ၂၀၀၃ ခုနှစ်ကတည်းက ဆောက်လုပ်ခွင့် ရပ်ဆိုင်းထားခဲ့သည့် တောင်ဥက္ကလာပမြို့နယ် ၇ ရပ် ကွက် သီရိဇေယျာလမ်းရှိ ဆောက်လက်စ အစ္စလမ် ဗလီဝတ်ပြုကျောင်းကို စက်တင်ဘာ ၂၄ ရက်နေ့တွင် ပြန်လည် ဆောက်လုပ် ခွင့် ပေးခဲ့သောကြောင့် ဗုဒ္ဓဘာ သာဝင်များက မကျေမနပ်ဖြစ်ခဲ့မှု ပပျောက်စေရန် တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဆွမ်းလောင်း ဓမ္မာရုံအားလုံးကို အဆောက်အအုံသစ်များအဖြစ် လိုက်လံဆောက်လုပ်ပေးလျက်ရှိသည်ဟု သိရှိရသည်။

“ဆွမ်းလောင်းအသင်း ဓမ္မာရုံတွေကို အောင်သိန်းလင်းအမိန့်နဲ့ လိုက်ပြီးအသစ်ဆောက် ပေးတယ်၊ ဆွမ်းလောင်းဓမ္မာရုံတွေ အများ စု က သွပ်မိုး၊ ပျဉ်ထောင်လေးတွေပါ။ အခုအဲဒါတွေကို အုတ်ညှပ် တိုက်ပုံစံ အဆောက်အအုံ လေးတွေဖြစ်အောင် ဆောက်ပေးနေ တယ်”ဟု တောင်ဥက္ကလာ ဒေသခံ တဦးက ပြောသည်။

ဦးအောင်သိန်းလင်းသည် ရွေးကောက်ပွဲတွင် ရှုံးနိမ့်မည်ဟု ဝေဖန်မှုများ ထွက်ပေါ်နေသည့်အတွက် မဲဆွယ်လှုပ်ရှားမှုများကို အရှိန် အဟုန်မြှင့်လျက်ရှိပြီး လမ်းခင်းပေးခဲ့သော ရပ်ကွက်များရှိ ကြံ့ဖွံ့ပါတီဝင်များထံမှ ကြိုတင်မဲ ကောက်ခံမှုများရှိလာကြောင်းလည်း သိရှိသည်။

“မဲဆွယ်လှုပ်ရှားတဲ့ ကားတွေကို ငါးစီးအထိ ထပ်တိုးတယ်။ ကြိုတင်မဲတွေလည်း စကောက်နေပြီ။ မြို့တော်ဝန်က ရယက တွေကို ငွေကြေးထောက်ပံ့ပြီး ရွေးကောက်ပွဲနိုင်အောင် လုပ်နေတယ်”ဟု တောင်ဥက္ကလာပ ဒေသခံတဦးက ဆိုသည်။

ဦးအောင်သိန်းလင်း အပါအ၀င် ကြံ့ဖွံ့ပါတီ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း မိတ်ဆက် ကြော်ငြာဆိုင်းဘုတ်ကြီးများကိုလည်း လမ်းဆုံ လမ်းခွများတွင် ချထားသည်ကို တွေ့ရသည်။

ပြည်တွင်းသတင်းထောက်တဦးက ဦးအောင်သိန်းလင်း၏ ကိုယ်ရေးအကျဉ်းနှင့် ဓာတ်ပုံပါ ကြော်ငြာဆိုင်းဘုတ်ကြီးများသည် ရန်ကုန်မြို့တွင် အကြီးဆုံးသော ကြော်ငြာ ဆိုင်းဘုတ်ကြီးများဖြစ်သည်ဟု ပြောဆိုသည်။

မြို့တော်ဝန်သည် ဘာသာရေးအသုံးချပြီး စည်းရုံးမဲဆွယ်မှု ပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲဥပဒေကိုလည်း မကြာခဏ ချိုးဖောက် လျက်ရှိသည်ဟု ပြည်တွင်းနိုင်ငံရေးသမား တဦးက ပြောသည်။

“ဗလီဆောက်ခွင့်ပေးပြီး မဲဆွယ်တယ်။ ခုလည်း ဆွမ်းလောင်း ဓမ္မာရုံဆောက်ပြီး မဲဆွယ်တယ်။ နိုင်ငံ့ပိုက်ဆံနဲ့ လမ်းခင်းပြီးမဲဆွယ်တယ်။ နိုင်ငံ့ပိုက်ဆံနဲ့ ငွေချေးတယ်။ ရယက တွေကိုငွေပေးပြီး မဲမရရအောင် စည်းရုံးခိုင်းတယ်။ ရွေးကောက်ပွဲဥပဒေကို ပုံစံအမျိုးမျိုးနဲ့ ချိုးဖောက်နေတယ်”ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆(င) နှင့် ပုဒ်မ ၁၂(က၊ ၄) တွင် ဘာသာရေးကို အသုံးချ မဲဆွယ်စည်းရုံးခြင်းမပြုရန် ပြဋ္ဌာန်းထားပြီး ချိုးဖောက်လျှင် ပါတီ ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိဘဲ ဖျက်သိမ်းခံရမည်ဟု ဖော်ပြထားသည်။

တောင်ဥက္ကလာပ ဒေသခံ တချို့ကမူ ဦးအောင်သိန်းလင်းကို မဲပေးမည်မဟုတ် ကြောင်း၊ ၄င်းတို့ စိတ်ကြိုက်ဖြစ်သည့် လွှတ်တော် ကိုယ်စားလှယ်လောင်းလည်း မရှိကြောင်း ပြောဆိုသည်။

“ဘယ်ပါတီက မှ လောက်လောက်လားလား လူထုအတွက် အလုပ်မလုပ်နိုင်ဘူး။ ၀င်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ် လောင်း တွေ ကလည်း စွဲမက်လောက်စရာ ဘာမှမပြောနိုင်ဘူး။ ရွေးဖို့ လူမရှိဘူး”ဟု တောင်ဥက္ကလာပ ၁၃ ရပ်ကွက်နေ ဒေသခံ တဦး က ပြောသည်။

တောင်ဥက္ကလာပမြို့နယ်၏ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ကြံ့ဖွံ့ပါတီမှ ဦးအောင်သိန်းလင်း၊ ဒီမိုကရက်တစ် ပါတီ(မြန်မာ)မှ ဒေါ်တင်တင်မြ၊ အမျိုးသားဒီမိုကရေစီအင် အားစုမှ ဒေါ်ကမ်းခန့်ဒိမ်း၊ တသီး ပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ဦးကောင်းမြင့်ထွဋ်တို့ ၀င် အရွေးချယ်ခံမည်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲ ကျင်းပရန် ၆ ရက်သာ လိုတော့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်