ရေနံချောင်း၌ စစ်သားက အရပ်သားအမျိုးသမီးကို အဓမ္မပြုကျင့်

E-mail Print
မကွေးတိုင်း ရေနံချောင်းမြို့ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၇၇ မှ တပ်သားတဦးက ရွာသစ်ကျေးရွာမှ အမျိုးသမီးငယ်တဦးကို အဓမ္မ သားမယား ပြုကျင့်ခဲ့သော်လည်း သက်ဆိုင်ရာတပ်ရင်းမှ အဆိုပါ ပြစ်မှုကျူးလွန်သည့် တပ်သားကို အရေးယူခြင်း တစုံတရာ မရှိကြောင်း သတင်းရသည်။

ပြီးခဲ့သည့် သောကြာနေ့ ညနေ ၄ နာရီခန့်က ကျေးရွာအနီး နွားကျောင်းနေသည့် အသက် ၁၉ နှစ်အရွယ်ရှိ မိန်းကလေး တဦး အား ခလရ ၇၇မှ တပ်သား မောင်မောင်ချေ ဆိုသူက အဓမ္မ သားမယားပြုကျင့်ခဲ့သည်ကို ရပ်ရွာမှ ဖမ်းဆီးပြီး ညောင်လှ ရဲစခန်းသို့ အပ်နှံခဲ့ကြောင်း၊ ရဲစခန်းမှ စစ်ဆေးနေစဉ် ခလရ ၇၇ မှ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး တင်မောင်ဦး ရောက်ရှိလာကာ တပ်သား မောင်မောင်ချေ ကို လာရောက် ခေါ်ဆောင်သွားကြောင်း ဖခင်ဖြစ်သူ ဦးသန်းအေးကပြောပြသည်။

“အရပ်ဘက် တရားရုံးမှာ စစ်ဆေးပြီးတော့ ဥပဒေ လမ်းကြောင်းအတိုင်း အရေးယူပေးတာကိုပဲ လိုလားပါတယ်၊ ငွေလည်း မလိုချင် ပါဘူး”ဟု ၎င်းက ဆိုသည်။

ရေနံချောင်း ဆေးရုံမှ ဆေးစစ်ချက် အရ ယခု ကျူးလွန်မှုသည် ပြစ်မှုမြောက်ကြောင်း သိရသည်။

အခင်းဖြစ်ပွားပြီးနောက် ည ၈နာရီခန့်တွင် နေအိမ်သို့ ခလရ ၇၇ မှ ဗိုလ်မှူးတဦး၊ တပ်ရေးဗိုလ်ကြီး၊ အရာခံဗိုလ် တဦး၊ နယ်မြေခံ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့(စရဖ)တဦးနှင့် ရယက ဥက္ကဋ္ဌ ဦးကံကြီး တို့ ရောက်ရှိလာပြီး လျော်ကြေးငွေ ကျပ် တသိန်ပေး မည်ဖြစ်ကြောင်း၊ အမှုကို ကျေအေးပေးရန် တောင်းဆိုခဲ့ကြောင်း ဦးသန်းအေးက ပြောသည်။

သားမယားပြုကျင့်ခံရသော အမျိုးသမီးသည် စိတ်ဝေဒနာရှင် တဦး ဖြစ်ကြောင်း၊ ထိုအမှုကို အမျိုးသမီးရေးရာအဖွဲ့သို့ လည်း တိုင်ကြားမည်ဖြစ်ကြောင်း ဆက်လက် ပြောဆိုသည်။

ညောင်လှရဲစခန်းသို့ ဧရာဝတီမှ ဆက်သွယ်မေးမြန်းရာ တာဝန်ကျအရာရှိ ဒု ရဲအုပ် အောင်မျိုးနိုင်ကလည်း အမှုဖြစ်ပွားခြင်းမှာ မှန် ကန်ကြောင်း၊ ခလရ ၇၇ မှ လာရောက်ခေါ်ယူ သွားသည်မှာလည်း မှန်ကန်ကြောင်း၊ အရပ်ဘက်တရားရုံးတွင် စီရင်နိုင်မှု ရှိမရှိကိုမူ ဖြေကြားခွင့်မရှိကြောင်း ပြောသည်။

ခလရ ၇၇ သို့ ဆက်သွယ်မေးမြန်းရာ ဖြေဆိုခွင့် မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့ကလည်း ရှမ်းပြည်နယ် တောင်ပိုင်းရှိ မိုင်းနောင်မြို့နယ် အခြေစိုက် ခြေလျင်တပ်ရင်း ၂၈၆ မှ တပ်သား ၁ ဦးက ၀မ်နောင်နယု ကျေးရွာနေ အသက် ၂၅ နှစ် အရွယ် ကိုယ်လက်အင်္ဂါ မသန်စွမ်းသည့် အမျိုးသမီးတဦးကို အဓမ္မ ပြုကျင့်ခဲ့ကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း(SWAN)မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်