မြ၀တီတွင် ကျပ် သိန်း ၅၀၀ ကျော် တန်ဖိုးရှိ စားသောက်ကုန်များ ဖမ်းဆီး

E-mail Print
ကရင်ပြည်နယ် မြ၀တီမြို့တွင် ထိုင်းဘက်သို့ တင်ပို့မည့် ကုန်ပစ္စည်းများနှင့် ထိုင်းနိုင်ငံမှ ၀င်ရောက် လာသော စားသောက်ကုန် ပစ္စည်း တန်ဖိုး ကျပ် သိန်း ၅၀၀ ကျော်ခန့် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံ မဲဆောက်သို့ တင်ပို့ရန် နယ်စပ်ဂိတ် အမှတ် ၈ နှင့် အမှတ် ၁၂ ဂိတ်သို့ ရောက်ရှိလာသော ကီလို ၃၀ ၀င် ကြက်သွန်နီအိတ် ၈၀၀ ကျော်နှင့် ထိုင်းနိုင်ငံမှ တရားမ၀င် တင်သွင်းလာသော စားအုန်းဆီ၊ အချိုမှုန့်စသည့် စားသောက်ကုန်ပစ္စည်းများကို မြ၀တီမြို့မှ အာဏာပိုင်များက ပိုင်ရှင်မဲ့ ကုန်ပစ္စည်းများအဖြစ် ဖမ်းဆီးခဲ့ကြောင်း မြ၀တီမှ ရဲဝန်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။

“စဖမ်းတာကတော့ ၂၂ ရက်နေ့ ကတည်းကပါ။ မနေ့ကလည်း ဆက်ဖမ်းတယ်။ ၂ ရက်ပေါင်း ဖမ်းမိတာ ကာလတန်ဖိုး ကျပ် သိန်း ၅၀၀ ကျော်မယ်။ ပိုင်ရှင်မပါတဲ့အတွက် ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးလိုက်တာ” ဟု ဆိုသည်။

ထိုင်းဘက်မှ ၀င်လာသော အဖမ်းခံရသည့် ပစ္စည်းများမှာ ပုဇွန်နှစ်ကောင် စားအုန်းဆီ ပုံး ၂၀၀ ကျော်၊ အချိုမှုန့်၊ ဓာတ်မြေသြဇာ၊ သကြား၊ ဘီယာစသည်တို့ ဖြစ်ပြီး အဖမ်းခံရသော မြန်မာကုန်များမှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကုလားပဲ၊ ငရုတ်သီးခြောက်၊ သနပ်ခါး စသည်တို့ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးလိုက်သော ကုန်ပစ္စည်းများ၏ ပိုင်ရှင်မှာ တဦးတည်းဖြစ်ကြောင်း၊ သို့သော် ယင်းကုန်သည်မှာ အထက်အာဏာပိုင်များနှင့် များစွာရင်းနှီးသူ ဖြစ်သဖြင့် ကုန်ပစ္စည်းများကိုသာ ပိုင်ရှင်မဲ့အဖြစ် သတ်မှတ်ကာ ဖမ်းဆီးခြင်းဖြစ်ကြောင်း မဲဆောက်မှ မြန်မာကုန်သည်တဦးက ဆိုသည်။

“ဒီပစ္စည်းတွေအားလုံးရဲ့ ပိုင်ရှင်က မြ၀တီ အမှတ် ၅ ရပ်ကွက်မှာ နေတာ။ သူက လူကြီးတွေကို ပိုင်တယ်ဆိုတော့ လူနဲ့ကားကို မဖမ်းဘူး။ ပစ္စည်းတွေကိုလည်း ပိုင်ရှင်မဲ့အနေနဲ့  အဖမ်းပြလိုက်တာ” ဟု ၎င်းက ပြောသည်။

မြန်မာပစ္စည်းများအတွက် မြ၀တီမြို့နယ် တံတားကျိုးဂိတ်တွင် အခြေစိုက်သော အဖွဲ့စုံကို လာဘ်ထိုးရကြောင်း၊ ယင်းသို့ လာဘ်ထိုးပြီး သယ်လာသောပစ္စည်းများကို နယ်စပ်အရောက်တွင် ဖမ်းဆီးခြင်းမျိုး ယခင်က မရှိခဲ့ဘူးကြောင်း အဖမ်းခံရသည့် ကုန်ပစ္စည်းများပိုင်ရှင်နှင့် နီးစပ်သူတဦးက ဆိုသည်။

၎င်းက “အရင်ကဆို သူတို့လိုလူမျိုးရဲ့ပစ္စည်းကို နယ်စပ်မှာ ဖမ်းတာမျိုး မရှိဖူးပါဘူး။ အခုတခါ ဖမ်းတာတော့ နည်းနည်းထူးတယ်လို့ ပြောရမယ်။ သူ့ပစ္စည်းတွေကို ဖမ်းတဲ့နေရာက အမှတ် ၈ ဂိတ်နဲ့  ၁၂ ဂိတ်တွေဆိုတော့ DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်) နယ်ခြားစောင့်တပ်တွေက တာဝန်ယူထားတယ်။ ဘယ်လိုဖြစ်လဲတော့ မသိသေးဘူး” ဟု ပြောသည်။

ကုန်ပစ္စည်းများကို ဖမ်းဆီးသောအဖွဲ့တွင် DKBA နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၊ အကောက်အခွန် ၀န်ထမ်းများနှင့် ရဲတို့ ပါဝင်သည်ဟု သိရသည်။

ယခုနှစ် ဇူလိုင်လ ၁၈ ရပ်နေ့မှ စတင်၍ မြဝတီ-မဲဆောက် တံတား ပိတ်ထားသဖြင့် ယင်းလမ်းကြောင်းမှ ထိုင်း-မြန်မာ ကုန်စည်စီးဆင်းမှုများ ရပ်တန့်ခဲ့ပြီး နိုဝင်ဘာလ အစောပိုင်းအထိ ခန့်မှန်းခြေ ထိုင်းဘတ် သန်းပေါင်း ၇၂၀၀ ခန့် ဆုံးရှုံးနစ်နာမှုများ ရှိသည်ဟု တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်းမှ ပြောဆိုခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်