အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနှင့် နိုင်ငံရေးပါတီများတွေ့

E-mail Print
မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဂျိုးဇက်ဝိုင်ယွန်းသည် နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် မြန်မာနိုင်ငံ၏ ရှေ့လာမည့် နိုင်ငံရေး အခြေအနေများကို ယမန်နေ့က ဆွေးနွေးခဲ့ကြောင်း သိရသည်။

Joseph-Yun---VOA“သူက နားထောင်တဲ့ အနေအထားပဲရှိတယ်။ ဒီဘက်ကတော့ လက်ရှိအခြေအနေ၊ ဒုတိယပင်လုံကိစ္စ၊ တိုင်းရင်းသား အရေးကိစ္စ၊ ရွေးကောက်ပွဲ မသမာမှုတွေနဲ့ အမျိုးသားရင်ကြားစေ့ရေး ကိစ္စတွေကို ပြောဆို ဆွေးနွေးကြတယ်” ဟု ကိုယ်တိုင်ပါဝင် ဆွေးနွေးခဲ့သူ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ဧရာဝတီကို ပြောသည်။

ယမန်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သော မစ္စတာဂျိုးဇက်ဝိုင်ယွန်းသည် ရန်ကုန် ပြည်လမ်းရှိ အမေရိကန် သံတမန်တဦး၏ အိမ်၌ ရွေးကောက်ပွဲဝင်ခဲ့သည့် နိုင်ငံရေး ပါတီခေါင်းဆောင်များနှင့် တွေ့ခဲ့ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နှင့်လည်း ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးမည်ဟု သိရသည်။

“အဓိက ဒီဘက်က ဆွေးနွေးတာကို အချက်အလက်မှတ်တဲ့ သဘောလောက်ပါ။ သူ့ဘက်ကတော့ အမေရိကန် အစိုးရဟာ အသစ်တက်လာမယ့် မြန်မာအစိုးရနဲ့ စကားပြောမယ်၊ စီးပွားရေးပိတ်ဆို့မှုကိုလည်း ဆက်လက် လုပ်ဆောင် သွားမယ်ဆိုတာ ပြောသွားပါတယ်” ဟု ဆွေးနွေးခဲ့သူ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ အတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းက ဧရာဝတီကို ပြောသည်။

နိုင်ငံရေးခေါင်းဆောင် အများစုသည် ရွေးကောက်ပွဲ မသမာမှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပုံကို အဓိကထား ဆွေးနွေး ပြောဆိုခဲ့ကြပြီး တိုင်းရင်းသား ခေါင်းဆောင်များက ၎င်းတို့ဒေသများ၌ စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်နေမှု များကို ပြောဆိုဆွေးနွေး ခဲ့ကြကြောင်း ဒေါ်ချိုချိုကျော်ငြိမ်းက ရှင်းပြသည်။

ထိုဆွေးနွေးပွဲသို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF)၊ ဒီမိုကရက် တစ်ပါတီ (မြန်မာ)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၊ ချင်းတိုးတက် ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ကရင်ပြည်သူ့ပါတီ စသည့်ပါတီများ၏ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကမူ ဖိတ်ကြားခံခဲ့ရသော်လည်း တက်ရောက်ခြင်း မရှိဟု သိရသည်။

မစ္စတာ ဂျိုးဇက်ဝိုင်ယွန်းသည် မြန်မာနိုင်ငံ၌ ၄ ရက်ကြာ နေထိုင်မည်ဖြစ်ပြီး ယနေ့တွင် နေပြည်တော်၌ စစ်အစိုးရ ခေါင်းဆောင် များနှင့်ဆွေးနွေးမည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်