နေပြည်တော် မြန်မာ့အသံတွင် အမေ ဇာတ်လမ်းများ မထုတ်လွှင့်ရ

E-mail Print
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး နောက်ပိုင်း စစ်အစိုးရ ထိန်းချုပ်ထားသော နေပြည်တော် မြန်မာ့အသံတွင် အမေမေတ္တာ ကျောရိုးပြု ဇာတ်လမ်းများ ရေးသား ထုတ်လွှင့်ခွင့် မပြုတော့ကြောင်း သတင်းရရှိသည်။

19780-yangoonဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်မီက ထိုကဲ့သိုသော အမေ ဇာတ်လမ်းများ ရေးသား ထုတ်လွှင့်ခဲ့ သော်လည်း နိုဝင်ဘာ ၁၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာပြီးနောက် ပုံမှန် ဇာတ်လမ်းပမာ ရေးသားသူများကို အမေအားပြု ဇာတ်လမ်းများ ရေးသားခြင်း မပြုတော့ရန် မြန်မာအသံမှ တာဝန်ရှိသူများက ကန့်သတ် လိုက်ကြောင်း ယင်းတို့နှင့် နီးစပ်သော အသိုင်းအ၀ိုင်းမှ သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို တနိုင်ငံလုံးက အမေစုလို့ ခေါ်တဲ့အတွက် ဒီလို အမေဇာတ်လမ်းကို လွှင့်ဖို့ အဲဒီက တာဝန်ရှိသူတွေက အကဲဆတ်တဲ့ သဘောပါ” ဟု နေပြည်တော် မြန်မာအသံတွင် ပုံမှန်ဇာတ်လမ်းများကို ရေးသားနေသူတဦးက ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး တရက် အကြာ နိုဝင်ဘာ ၁၄ ရက်တွင် ပြုလုပ်သော လူထုမိန့်ခွန်းပြောပွဲတွင် လူငယ်အများစုက “အမေစု” ဟု ကြွေးကျော်ကာ ထောက်ခံအားပေး ကြိုဆိုခဲ့ကြသည်။

မြန်မာ့အသံတွင် နှစ်ပေါင်းများစွာ ဇာတ်လမ်းရေးသားခဲ့သူ တဦးကလည်း “ဒီအချိန် ဒီလိုဇာတ်လမ်းတွေ မရေးရဘူးဆိုတာ နားမလည်ဘူးလား ဆိုပြီးတောင် အပြောခံရတယ်” ဟု ပြောသည်။

မြန်မာ့အသံ တာဝန်ရှိသူများက နိုဝင်ဘာလ နှောင်းပိုင်းတွင် အမေမေတ္တာကို ရှေ့တန်းတင် အသားပေးသော ဇာတ်လမ်းများစွာ ထုတ်လွှင့်ရန် ပယ်ချခဲ့ကြောင်း၊ ဇာတ်ထိုကဲ့သို့ အမေဇာတ်လမ်း ရေးသားခွင့်မပြုတော့သဖြင့် ကလေးငယ်များကို ဦးတည်သော ပညာပေးဇာတ်လမ်းများတွင် ဖခင်မေတ္တာကို ကျောရိုးပြု ဦးတည်ကာ ရေးသားရကြောင်း သိရသည်။

၎င်းက ဆက်လက်၍ “အမေကို အရမ်း ရှေ့တန်းတင်လွန်းလို့ မရဘူး။ ဒါကြောင့် အဖေကိုပဲ အားပြုရတဲ့အတွက် ဇာတ်လမ်းရေးတဲ့နေရာမှာ စဉ်းစားရတာ ဘောင်ကျဉ်းလာတယ်။ နဂိုက ကလေးပညာပေး ဇာတ်လမ်းဖြစ်တဲ့အတွက် ရေးရတာ ဘောင်ကျဉ်းရတဲ့အထဲ ဒီလိုပေါ်လစီ ဖြစ်လာတဲ့အတွက် လုပ်ရကိုင်ရ စဉ်းစားရတာ ခက်လာတယ်” ဟု ၎င်းတို့၏ အခက်အခဲကို ပြောပြသည်။

နေပြည်တော် မြန်မာ့အသံတွင် ကလေးပညာပေး ဇာတ်လမ်း၊ ကျေးလက်ပညာပေး ဇာတ်လမ်းတို့ကို အပတ်စဉ် ထုတ်လွှင့် လျက်ရှိသည်။

“ကျေးလက်ဇာတ်လမ်းကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးတို့ကို အားပြုရတဲ့အတွက် ပြဿနာမရှိပါဘူး” ဟု အဆိုပ် ဇာတ်လမ်းရေးသူက ရှင်းပြသည်။

စစ်အစိုးရ တိုက်ရိုက် အုပ်ချုပ်မှုအောက်တွင်ရှိသော နေပြည်တော် မြန်မာ့အသံတွင် ထိုသို့ မူချမှတ်လိုက်သော်လည်း ကျန် အသံလွှင့် FM လိုင်းများအတွက်မူ သီးသန့်မူဝါဒ မရှိကြောင်း FM အသိုင်းအ၀ိုင်းမှ သိရသည်။

၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲ နောက်ပိုင်းတွင် မီဒီယာနှင့် ပတ်သက်သော အကန့်အသတ်များ လျော့လာမည်ဟု ပြည်တွင်း စာနယ်ဇင်းသမားများ၊ စာရေးဆရာများက ယူဆခဲ့ကြသော်လည်း ရွေးကောက်ပွဲ နောက်ပိုင်းတွင် မီဒီယာစီစစ်မှုများ ပိုမိုများပြားလာကြောင်း ပြည်တွင်းသတင်းထောက် အသိုင်းအ၀ိုင်းထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်စကားများ၊ လှုပ်ရှားမှုများအကြောင်း ရေးသားသော သတင်းများ၊ ဆောင်းပါးများကို စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက ဖြတ်တောက် ဖြုတ်ပယ်ခြင်းများရှိပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခြင်းကို အတွင်းအထူး အချပ်ပိုတွင် ဖော်ပြခဲ့သော ပြည်တွင်း သတင်းဂျာနယ် ၉ စောင်ကို နိုဝင်ဘာလအတွင်းက တချို့ကို ထုတ်ဝေခွင့် သီတင်းတပတ်၊ တချို့ကို သီတင်းနှစ်ပတ် ပိတ်ပင်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်