အရပ်ဘက်သုံး အင်တာနက်များ ဆက်လက် နှေးမည်

E-mail Print
စစ်အစိုးရ ထိန်းချုပ်ထားသော အင်တာနက်သည် ပြီးခဲ့သည့် လများအတွင်းက Distributed Denial of Service (DDoS) ဖြင့် အပြင်းအထန် အတိုက်ခံရ ပြီးနောက် ပြန်လည် ပြင်ဆင်ထား သော်လည်း အင်တာနက်လိုင်းများ နှေးကွေးနေဦးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

YDNP-Telepostရတနာပုံတယ်လီပို့မှ ဝန်ထမ်းတဦးက “ပြည်ပက ရောက်လာတဲ့  စက်တွေသုံးပြီး အင်တာနက် ပြန်သုံးလို့ ရအောင် လုပ်ပြီးသွားပြီ။ ဒါပေမယ့် တိုက်တဲ့ဘက်ကနေ အလိုအလျောက် စနစ်မျိုးပေးထားတော့ နေ့တိုင်းအတိုက်ခံနေရသလို ဖြစ်ပြီး ကွန်နက်ရှင်က ပြန်ပြန် ကျသွားတာ” ဟု ပြောသည်။

၎င်းက ဆက်လက်၍ “DDoS ကို  ကာကွယ်ဖို့ Anti DDoS စနစ်တွေ ထပ်ရောက်လာပြီး လိုအပ်တဲ့ ပညာရှင်တွေနဲ့ ပေါင်းလုပ်နိုင်မယ်ဆိုရင်တော့ တဖက်က လာတိုက်လည်း ခုခံနိုင်သွားပြီ။ ဒါဆို အင်တာနက်လိုင်းတွေလည်း မကျတော့ဘူး” ဟု ပြောသည်။

နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်မီက တိုက်ခိုက်ခံရမှုမှာ 14 Gbps ပမာဏအထိ ပြင်းထန်ခဲ့ကြောင်း အင်တာနက်လုံခြုံရေး အဖွဲ့များ၏ လေ့လာဖော်ပြချက်အရ သိရသည်။

ရတနာပုံ တယ်လီပို့မှ တာဝန်ရှိသူများ၏ အဆိုအရ Web Portal သို့မဟုတ် Web Server သို့မဟုတ် ISP များ၏ DNS Server များကဲ့သို့ ဝန်ဆောင်မှုများကို တိုက်ခိုက်ခြင်း မဟုတ်ကြောင်း၊ အင်တာနက် သုံးစွဲမူ ရပ်ဆိုင်းစေရန် တမင်ရည်ရွယ်၍ ပြည်ပမှ တိုက်ခိုက်နေခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတော် ဆိုက်ဘာ ခြိမ်းခြောက်မှု အဆင့် ဖြစ်သည်ဟု ဆိုသည်။

“အခုအချိန်မှာ Gtalk ရယ်၊ Facebook ရယ်သုံးလို့ရတယ်။ Gmail ကတော့ တော်တော်နှေးနေတယ်” ဟု ရန်ကုန်မြို့မှ အင်တာနက် သုံးစွဲသူတဦးက ပြောသည်။

အရပ်သုံး အင်တာနက်ဆိုင်များ၊ ခရီးသွားလုပ်ငန်းများ၊ ဟိုတယ်များ၊ ကုမ္ပဏီကြီးများတွင် အင်တာနက် နှေးကွေးမှု၊ မကြာခဏ ပြတ်တောက်မှုများ ဖြစ်နေသော်လည်း စစ်အစိုးရ၏ နေပြည်တော်နှင့် ၀န်ကြီးဌာနများတွင်မှု ကောင်းမွန်လျက်ရှိကြောင်း နေပြည်တော်မှ ဝန်ထမ်းတဦးက ပြောသည်။

၂၀၁၀ နှစ်ကုန်ပိုင်းတွင် စတင်ပြောင်းလဲလိုက်သော စနစ်အရ မြန်မာပြည် ISP တွင် စာတိုက်နှင့်ကြေးနန်းဌာန ISP နှင့် ကာကွယ်ရေး ဝန်ကြီးဌာနသုံး ISP ဟူ၍ နှစ်ခုရှိကြောင်း၊ စာတိုက်နှင့် ကြေးနန်းဌာန ISP တွင် ရတနာပုံနှင့် နေပြည်တော်ဟူ၍ နှစ်ခု ထပ်ခွဲထားကြောင်း၊ ရတနာပုံ ISP က အများပြည်သူသုံး အင်တာနက်ကို ဝန်ဆောင်မှုပေးပြီး နေပြည်တော် ISP က အစိုးရဌာနသုံး အင်တာနက် ဝန်ဆောင်မှု ပေးထားကြောင်း မြန်မာသတင်းသမဂ္ဂက ပြုစုသော “အမျိုးသားအဆင့် ရတနာပုံ Web Portal – ဖွံ့ဖြိုးမှုလော၊ ဖိနှိပ်မှုလော” ဟူသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုဝင်ဘာ ၁၃ ရက်နေ့က ရတနာပုံ ၀က်ဘ်ပေါ်တယ်လ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစကားကို ဟက်ကာများက တင်သွားပြီးနောက် အဆိုပါဝက်ဘ်ဆိုဒ် ၃ ရက်ခန့် လုံးဝ ပိတ်သွားခဲ့သည်။

အင်တာနက်လုံခြုံရေးအတွက် စစ်အစိုးရက အမေရိကန်ဒေါ်လာ ၈ သန်း အကုန်အကျခံ ရင်းနှီးထားကြောင်း၊ ပြီးခဲ့သည့် လအတွင်းက အင်တာနက် လုံးဝ ပြတ်တောက်မှုများကြောင့် ခရီးသွားလုပ်ငန်းများအပါအ၀င် စီးပွားရေးလုပ်ငန်းများ ဒေါ်လာ သန်း ၂၀ ခန့် ဆုံးရှုံးနစ်နာသွားကြောင်း ပြည်တွင်းမီဒီယာများတွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်