ဗိုလ်ချုပ်မှူးကြီးကို ထုံပေပေဟု လီကွမ်ယု ပြော

E-mail Print
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ထိပ်ပိုင်း စစ်ခေါင်းဆောင်များသည် “မိုက်မဲသောသူများ”၊ “ထုံပေပေ နိုင်သောသူများ” ဖြစ်သည်ဟု စင်ကာပူနိုင်ငံ၏ သြဇာတိက္ကမကြီးသော နိုင်ငံရေးခေါင်းဆောင် လီကွမ်ယုက ပြောကြောင်း ၀ီကီလိစ်က ပေါက်ကြားသည့် လျှို့ဝှက်စာတစောင်တွင် ဖော်ပြလိုက်သည်။

Lee-Kuan-Yew၂၀၀၇ ခုနှစ်က အမေရိကန်အစိုးရ အရာရှိများနှင့် မစ္စတာ လီကွမ်ယုတို့ တွေ့ဆုံရာတွင် ယင်းသို့ ပြောကြောင်း အမေရိကန် သံတမန် လျှို့ဝှက်ပေးစာတွင် ရေးသားထားခြင်းဖြစ်သည်။

မြန်မာစစ်ခေါင်းဆောင်များနှင့် ဆက်ဆံရခြင်းမှာ “လူသေများနှင့် စကားပြောရသလိုပဲ” ဟုလည်း မစ္စတာလီကွမ်ယုက ပြောထားသည်။

တရုတ်အစိုးရသည် မြန်မာစစ်ခေါင်းဆောင်များအပေါ် သြဇာလွှမ်းမိုးမှု အရှိဆုံးဖြစ်ကြောင်း၊ အခြား တဖက်တွင်လည်း မြန်မာနိုင်ငံ တည်ငြိမ်မှုမရှိလျှင် ၎င်း၏ ရင်းနှီးမြုပ်နှံမှုများ ဆုံးရှုံးသွားမည်ကိုလည်း စိုးရိမ်နေကြောင်း မစ္စတာ လီကွမ်ယုက ပြောကြောင်း စင်ကာပူဆိုင်ရာ အမေရိကန်သံအမတ်ကြီး ပက်ထရစ်ရှာ ဟာဘိုးလ် (Patricia L. Herbold) က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနထံ ပေးပို့သည့်စာတွင် ဖော်ပြထားသည်။

ယခုအခါ အသက် ၈၇ နှစ် ရှိပြီဖြစ်သည့် မစ္စတာ လီကွမ်ယုသည် ၁၉၅၉ ခုနှစ် မှ ၁၉၉၀ ခုနှစ်အထိ စင်ကာပူ ၀န်ကြီးချုပ် ဖြစ်ခဲ့ပြီး ယခုလက်ရှိဝန်ကြီးချုပ် လီရှန်လွန်းမှာ ၎င်း၏ သားဖြစ်သည်။

ဝီကီလိစ်သည် ယခုလအစောပိုင်းမှ စ၍ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံများသည် အာဆီယံအသင်းကြီး၏ အတွင်းရေးများကို တရုတ်နိုင်ငံအား လက်ထောက်ချနေသည်ဟု မစ္စတာ လီကွမ်ယုက ပြောဆိုကြောင်း ဖွင့်ချခဲ့သေးသည်။

ဝီကီလိစ်သည် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အင်္ဂလန် ပရီးမီးယားလိဂ်မှ နာမည်ကြီး မန်ချက်စတာ ယူနိုက်တက် အသင်းကို ၀ယ်ယူရန် စိတ်ကူးရှိခဲ့ခြင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၏ သုံးသပ်ဝေဖန်ချက်များ၊ စစ်အစိုးရ၏ နျူကလီးယားနှင့် ဒုံးလက်နက်စီမံကိန်း၊ စစ်အစိုးရအပေါ် တရုတ်အစိုးရ၏ စိတ်ပျက်မှု စသည်တို့ကို ဆက်တိုက် ဖော်ထုတ်ခဲ့သည်။

အမေရိကန် သံတမန်ရေးဆိုင်ရာ လျှို့ဝှက်ချက်များ ပေါက်ကြားခဲ့သည့်အတွက် ၀ီကီလိစ် တည်ထောင်သူ ဂျူလီယန် အက်စ်ဆန်းကို အမျက်ထွက်ခဲ့ကြပြီး  အမေရိကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနဲက အမျိုးသား လုံခြုံရေးကို ထိခိုက်လာပြီဟု ပြောဆိုခဲ့သည်။

ဆွီဒင်အစိုးရက သြစတြေးလျနိုင်ငံသား ဂျူလီယန် အက်စ်ဆန်းကို အမျိုးသမီးနှစ်ဦးအား လိင်ပိုင်းဆိုင်ရာ အဓမ္မပြုမှု၊ ဖြားယောင်း သွေးဆောင်မှုများဖြင့် အလိုရှိသည့်အတွက် နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုလ်က ဖမ်းဝရမ်း ထုတ်ထားခဲ့သည်။

မစ္စတာ ဂျူလီယန် အက်စ်ဆန်းသည် ဒီဇင်ဘာ ၇ ရက်နေ့တွင် လန်ဒန်မြို့တော် ရဲတပ်ဖွဲ့နှင့် ညှိနှိုင်းမှု ပြုလုပ်ပြီး အဖမ်းခံခဲ့သည်။

ယမန်နေ့က မစ္စတာ ဂျူလီယန် အက်စ်ဆန်းကို လန်ဒန်မြို့ ၀က်ဘ်မင်စတာ တရားရုံးမှ အမေရိကန်ဒေါ်လာ ၃ သိန်း ၁ သောင်း ၅ ထောင်ဖြင့် အာမခံပေးခဲ့သည်ဟု ယနေ့ထုတ် The Guardian သတင်းစာတွင် ရေးသားထားသည်။

၎င်းအား အမေရိကန် ရုပ်ရှင် ဒါရိုက်တာ မိုက်ကယ်မိုးလ်၊ ဗြိတိသျှရုပ်ရှင် ဒါရိုက်တာ ကန်လို့ ရှ်၊ ရုပ်ရှင်သရုပ်ဆောင် ဟူးခ်ျ ဂရန့်၏ ချစ်သူဟောင်း သန်းကြွယ်သူဌေးမ ဂျင်မီမာခန်း၊ ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို၏ တူမဖြစ်သူ စာရေးဆရာမ ဖက်တီမာ ဘူတို၊ လူ့အခွင့်အရေး လှုပ်ရှားသူ ဘီယာနာ ဂျက်ကာတို့က အာမခံခဲ့ခြင်း ဖြစ်သည်။

အာမခံဖြင့် အင်္ဂလန်နိုင်ငံ၌ နေစဉ်အတောအတွင်း သတ်မှတ်ထားသည့် အဆောက်အဦးတွင် နေထိုင်ရမည်ဖြစ်ပြီး ည ၁၀ နာရီမှ နံနက် ၂ နာရီ၊ နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအတွင်း အပြင်သွားလာခွင့် မရှိသည့်အပြင် နီးစပ်ရာ ရဲစခန်းကို ညနေတိုင်း သတင်းပို့ရမည် ဖြစ်သည်။

ထို့အပြင် ၎င်း၏ လှုပ်ရှားမှုများကို အမြဲတမ်းသိနိုင်သည့် ကွန်ပျူတာစနစ်ဖြင့် ပြုလုပ်ထားသည့် ကိရိယာတခုကိုလည်း လက်တွင်အမြဲ ၀တ်ဆင်ထားရမည်ဟု ပါရှိသည်။

ထိုသို့ အာမခံရရှိခဲ့သော်လည်း ဆွီဒင်နိုင်ငံမှ စွဲဆိုထားသည့် အမျိုးသမီးနှစ်ဦးအား လိင်ပိုင်းဆိုင်ရာ အဓမ္မပြုမှုများနှင့် ပတ်သက်၍ ဆွီဒင်နိုင်ငံသို့ လွဲအပ်ခြင်းရှိ မရှိကိုမူ ဂျူလီယန် အက်စ်ဆန်း စောင့်ဆိုင်းနေရဆဲဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်