နိုင်ငံရေး အကျဉ်းသား ၉ ဦး လွတ်မြောက်

E-mail Print
မြန်မာနိုင်ငံတ၀န်းရှိ ထောင်အသီးသီးမှ လွတ်ရက်စေ့နေသည့် နိုင်ငံရေး အကျဉ်းသား ၉ ဦး ယနေ့ ပြန်လည် လွတ်မြောက် လာကြောင်း သိရသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ)မှ ကိုဟန်ဝင်းအောင်နှင့် ကိုကျော်ကျော် ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ ရှေ့နေ ရောဘတ်စန်းအောင်၊ ဦးချစ်ခင်၊ ကိုကျော်ဆန်း၊ ကိုအောင်မင်းနိုင် နှင့် ကိုလွင်ကိုလတ်၊ ကိုမောင်မောင် သိန်း၊ ကိုထွန်းမြင့် စသည်တို့ ပြန်လည်လွတ်မြောက်လာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ပြောသည်။

“လွတ်ရက်စေ့လို့ လွတ်လာတာပါ။ အန်တီတို့က မနက်ဖြန်မှ သွားကြိုဖို့ စီစဉ်ထားတာ။ မနက်ဖြန်က ရုံးပိတ်ရက်ဆိုတော့ ဒီကနေ့ပဲ လွှတ်လိုက်တယ်လို့ သူမနက်က အန်တီ့ဆီကို ထောင်ဘူးဝကနေ ဖုန်းဆက်အကြောင်းကြားပါတယ်”ဟု ကိုဟန်ဝင်းအောင် ၏ မိခင်က ပြောသည်။

ကိုဟန်ဝင်းအောင်သည် အင်းစိန်ထောင်အတွင်း အဆုတ်ရောဂါ ခံစားနေခဲ့ရပြီး တခါတရံတွင် သွေးအန်သည်အထိ ဖြစ်တတ် ကြောင်း သိရသည်။

ကိုဟန်ဝင်းအောင်နှင့် ကိုကျော်ကျော်သည် အမှုတွဲတတွဲတည်းဖြစ်ပြီး ၄င်းတို့ ၂ ဦးစလုံးသည် နိုင်ငံရေး အကျဉ်းသားဟောင်းများ ဖြစ်သည်။ စစ်အစိုးရက၂၀၀၃ ခုနှစ်အတွင်း ပြန်လည်ဖမ်းဆီးကာ ကိုဟန်ဝင်းအောင်အား ထောင်ဒဏ် ၇ နှစ်နှင့် ကိုကျော်ကျော် ကို ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

“သူတို့ကို စပြီးဖမ်းကတည်းက မတရားဖမ်းဆီးခံခဲ့ကြရတာပါ။ ကျောင်းသား အခွင့်အရေး ၊ လူ့အခွင့်အရေး ရရှိအောင် လှုပ်ရှား ဆောင်ရွက်တဲ့ သူတို့ကို ဖမ်းဆီးဖို့ မသင့်ပါဘူး။ ဘယ်ကာလမှာပဲဖြစ်ဖြစ် သူတို့ရဲ့အခွင့်အရေးတွေအတွက် လှုပ်ရှားတဲ့သူတွေဖြစ် လို့ ထောင်ထဲမှာ ထိန်းသိမ်းမထားသင့်တဲ့ ကျောင်းသားလူငယ်တွေဖြစ်တယ်။ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တိုက်တွန်းပါတယ်”ဟု ဗကသ နိုင်ငံခြားရေးရာတာဝန်ခံ ကိုမင်းနိုင်က ပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်များအတွင်း ဗကသ အဖွဲ့ဝင် ၃၀ ဆက်လက် ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း AAPP က ထုတ်ပြန်ထားသော စာရင်းတွင် တွေ့ရသည်။

ယနေ့ ပြန်လည်လွတ်မြောက် လာသည့် NLDပါတီဝင် ရှေ့နေဦးရောဘတ်စန်းအောင်နှင့် ဦးချစ်ခိုင်တို့သည် ၂၀၀၈ ခုနှစ် ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့က စွမ်းအားရှင်နှင့်ကြံ့ဖွံ့တို့၏ ရိုက်နှက် ဖမ်းဆီးခြင်း ခံခဲ့ရသူများဖြစ်ကြောင်း သိရသည်။

၎င်းတို့ ၂ ဦးသည် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲမှ အပြန် စွမ်းအားရှင်နှင့်ကြံ့ဖွံ့တို့၏ ၀ိုင်းဝန်းရိုက်နှက်ခြင်းခံခဲ့ရသော်လည်း  ဆူပူ အုံကြွသည်ဟုဆိုကာ ရန်ကုန်မြို့ကျောက်တံတားမြို့နယ်ရှိ စုပေါင်း တရားရုံးက ၅၀၅ (ခ)၊ ပုဒ်မ (၁၄၃) တို့ဖြင့် ထောင်ဒဏ်
၂ နှစ်စီ အပြစ်ပေးခဲ့သည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားပေါင်း ၂၂၀၃ ဦးရှိကြောင်း AAPP က နိုဝင်ဘာလ အတွင်း၌ ထုတ်ပြန် ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်