ကုန်သယ်ယူခ ဈေးတက်၊ ပစ္စည်းဈေးနှုန်းများပါ တက်ဖွယ်ရှိ

E-mail Print
ကုန်ပစ္စည်း သယ်ယူပို့ဆောင် စရိတ်များ မြင့်တက်နေသဖြင့် ကုန်ပစ္စည်း ဈေးနှုန်းများပါ မြင့်တက်နိုင်ဖွယ် ရှိသည်ဟု စီးပွားရေး အသိုင်းအဝန်းက ခန့်မှန်းကြသည်။

မန္တလေးမြို့မှ ကြက်သွန်နီပွဲရုံ မန်နေဂျာတဦးက “တန်ဆာခ တွေကတော့ တပိဿာကို ကျပ် ၂၀ ကနေ ၃၀ အထိတက်တယ်” ဟု ပြောသည်။

NT-57သို့ရာတွင် ယခုတလော အရောင်းအဝယ် မကောင်းသဖြင့် ပစ္စည်းများကို ယခင်ဈေးနှုန်း အတိုင်းသာ ရောင်းချနေရကြောင်း၊ အဓိကအားဖြင့် ငရုတ်၊ ကြက်သွန်၊ အာလူး စသည့် ကုန်ပစ္စည်းများမှာ အဝင်များနေ သောကြောင့် ဈေးတက် ရောင်းချရန် မဖြစ်နိုင် သေးကြောင်း ၎င်းက ရှင်းပြသည်။

“ပွဲရုံတွေကတော့ ဈေးနှုန်းတက်ဖို့ကိုပဲ စောင့်နေကြတဲ့ သဘောမှာ ရှိတယ်။ တရုတ်က သွင်းတဲ့ ကုန်ပစ္စည်း ဈေးနှုန်းတွေလည်း မြင့်လာဖို့ ရှိတယ်” ဟု သူက ဧရာဝတီသို့ ပြောသည်။

သယ်ယူပို့ဆောင် စရိတ်များမှာ အဓိကအားဖြင့် ရှမ်းပြည် မြောက်ပိုင်းတွင် ပိုမိုမြင့်တက် နေကြောင်း သိရှိရသည်။

ရန်ကုန် ဘုရင့်နောင်ရှိ ပွဲရုံတခုမှ ကုန်သည် တဦးကလည်း ရန်ကုန်မှ မန္တလေးသို့ ကုန်ပစ္စည်း ပို့ဆောင်စရိတ် တပိဿာ လျှင် ၆၀ ကျပ်အထိ မြင့်တက် လာကြောင်း၊ ယခင် ဈေးနှုန်းမှာ တပိဿာလျှင် ကျပ် ၃၀ ကျော်ခန့်သာ ရှိကြောင်း၊ ရန်ကုန်- မန္တလေး ကြားမြို့များ အတွက် သယ်ယူပို့ဆောင်ခမှာ တပိဿာလျှင် ကျပ် ၅၀ ကျော် ပေးရကြောင်း ပြောဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းက ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့က ကုန်တင်ယာဉ်များကို ၎င်းတို့တင်ဆောင်နေကျ ကုန်အလေးချိန်ထက် လျှော့၍ တင်ဆောင်ရန် ညွှန်ကြားသည့် အတွက်ကြောင့် တန်ဆာခများ မြင့်တက်လာခြင်း ဖြစ်ကြောင်း တရုတ်ပြည်ဘက်သို့ ကုန်စည်များ ပို့ဆောင်နေကျ ကုန်ကားမောင်းနှင်သူ တဦးက ပြောသည်။

၎င်း ကားသမားက “မြေပြန့်ဘက်မှာတော့ ကားခက ရှမ်းပြည်ဘက်မှာလောက် မတက်ဘူး။ ရှမ်းပြည်ဘက်မှာ ဆိုရင် ကားခက နှစ်ဆလောက် တက်တယ်။ မန္တလေးကနေ လားရှိုးအထိ ဆိုရင် ဆန်တအိတ်ကို အရင်က ကျပ် ၁ ထောင်ကျော် ရတယ်။ အခုဆိုရင်တော့ အနည်းဆုံး ကျပ် ၂ ထောင်လောက် ရတယ်” ဟု ဆိုသည်။

မန္တလေးမြို့မှ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့အထိ ကုန်ပို့ဆောင်ခမှာ တပိဿာလျှင် ယခင်က ကျပ် ၅၀ ကျော် ပေးရသော်လည်း ယခု ကျပ် ၁၀၀ ကျော် အထိ မြင့်တက်လာကြောင်း သိရှိရသည်။

ကုန်းလမ်းပို့ဆောင်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားချက် မထုတ်မီတွင် ကုန်တင်ကားကြီး တစီးလျှင် အနည်းဆုံး ၄၅ တန်ခန့် တင်ဆောင်ကြောင်း၊ သို့သော် ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းမှ စ၍ သက်ဆိုင်ရာက ယာဉ်နှင့် ကုန်ပစ္စည်း ပူးပေါင်း အလေးချိန် တန် ၃၀ ထက် မပိုရဟု ညွှန်ကြားချက် ထုတ်ပြန်ခဲ့ကြောင်း ကုန်ကားမောင်းသူများ ထံမှ သိရသည်။

မူဆယ်မြို့မှ စီးပွားရေးလုပ်ငန်းရှင်တဦးကလည်း တရုတ်ပြည်ပို့ကုန်များသာ ဈေးတက်ခြင်းမဟုတ်ဘဲ သွင်းကုန်များပါ တက်လာနိုင်ဖွယ်ရှိသည်ဟု ဧရာဝတီသို့ ပြောသည်။

၎င်းက “လောလောဆယ်တော့ တရုတ်ပစ္စည်းတွေက ပြောသလောက်ကြီး ဈေးတက်တာမျိုး မရှိသေးဘူး။ ဒါပေမယ့် သင်္ကြန်အပြီးမှာ ဝင်လာမယ့် တရုတ် မြေဆီတွေကတော့ ဒီပုံစံအတိုင်းဆိုရင် ဈေးတက်မယ့်သဘော ရှိတယ်” ဟု ဆိုသည်။

ယခု လက်ရှိအချိန်တွင် ရှမ်းပြည်နယ်မှ ပြောင်းဖူးများ၊ မြန်မာပြည် အလယ်ပိုင်း ဒေသမှ ဖရဲသီးများကို တရုတ်နိုင်ငံသို့ တင်ပို့ခြင်းသည် စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် ကုန်ကား ပိုင်ရှင်များအတွက်ပါ ဝင်ငွေကောင်းသည့် အလုပ်တခု ဖြစ်နေကြောင်းလည်း တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှ ကားသမား တဦးက ပြောသည်။

၎င်းက “ကားခတွေ ဈေးတက်လို့ ပြောင်းဖူးကုန်သည်တချို့က ဈေးနည်းနည်းတင်ပြီးတော့ တရုတ်ပြည်ကို ပို့တယ်။ ဒါလည်း တရုတ်က ယူနေတုန်းပဲ။ ကားပိုင်ရှင်တွေကလည်း နှစ်ရက်ကို တခေါက်နှုန်း ရတဲ့အထိ ပြေးဆွဲကြတယ်။ ကုန်အရေ အတွက်တော့ နည်းသွားတာပေါ့။ ကားကြီး တစီးဆိုရင် အရင်က ပြောင်းဖူးအိတ် ၇၀၀ တင်တယ်၊ အခုကျတော့ ၃၅၀ လောက်ပဲ” ဟု ပြောဆိုသည်။

ကုန်ပစ္စည်း တင်ဆောင်ခွင့် အလေးချိန်ကို သက်ဆိုင်ရာက သတ်မှတ်လိုက်သော်လည်း ကုန်ကားတချို့သည် ကား အလေးချိန် စစ်ဆေးရေး စခန်းမှ ဝန်ထမ်းများကို လာဘ်ထိုးကာ ယခင်ကဲ့သို့ တန် ၄၊ ၅ ဆယ်ခန့် တင်ဆောင်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်- မန္တလေး ကားသမား တဦးက “ကုန်အလေးချိန် စစ်ဆေးရေး စခန်းတွေမှာ ဌာနဆိုင်ရာက လူကြီးတွေ လစ်တဲ့ အချိန်တို့၊ ညနေပိုင်း မှောင်စပျိုးတဲ့အချိန်တို့မှာဆိုရင် အောက်ခြေ ဝန်ထမ်းလေးတွေကို ပိုက်ဆံပိုပေးပြီးတော့ သွားလာ နေကြတဲ့ ကားတွေလည်း ရှိတုန်းပဲ” ဟု ပြောသည်။

သက်ဆိုင်ရာမှ သတ်မှတ်ထားသည့် အလေးချိန်ထက် ပိုမိုတင်ဆောင်သည့် ယာဉ်မောင်းကို ငွေဒဏ်သော်လည်းကောင်း၊ ထောင်ဒဏ် ၁ လ သော်လည်းကောင်း၊ ဒဏ်နှစ်ရပ်လုံးကို သော်လည်းကောင်း ချမှတ်နိုင်ကြောင်းလည်း သိရှိရသည်။

ကုန်တင်ကားအများစုသည် ကုန်ပစ္စည်းများကို ပိုမိုတင်ဆောင်နိုင်ရန်အတွက် မော်တော်ယာဉ်၏ ဘေးနံရံများကို ထက်ဝက်ခန့်သာ ထားရှိတော့ခြင်း၊ တချို့အစိတ်အပိုင်းများကို ဖြုတ်ထုတ်ခြင်းဖြင့် ၎င်းတို့၏ မော်တော်ကားကို အလေးချိန် လျှော့ခြင်းများ ပြုလုပ်လာကြသည်ဟု ကားသမားများက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်