စင်တင်ပွဲများ ဆင်ဆာဖြတ်ပြီးမှ ကရမည်

E-mail Print
ရန်ပုံငွေပွဲများ ကပြတင်ဆက်၍ ဗီဒီယိုအခွေအဖြစ် ထုတ်လုပ်ဖြန့်ချိမည်ဆိုပါက ဗီဒီယိုဆင်ဆာအဖွဲ့မှ ခွင့်ပြုထားသည့် အတိုင်းသာ ကပြဖျော်ဖြေ ရတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တရားဝင် ထုတ်ပြန်လိုက်သည်။

Nit_Thitထို့အပြင် ရန်ပုံငွေပွဲများ ကပြခြင်းမပြုမီ ၃ ရက် ကြိုတင်၍ ဗီဒီယို ဆင်ဆာအဖွဲ့ တာဝန်ရှိသူများ ရှေ့မှောက်တွင် ဝတ်စုံပြည့်ဖြင့် ကပြရဦးမည်ဖြစ်ကြောင်းလည်း သိရသည်။

“အခုလို စည်းမျဉ်းစည်းကမ်းတွေ ထုတ်လိုက်တော့ ကျနော်တို့အတွက် ခွင်ကျဉ်းသွားတယ်။ ပြက်လုံးတွေ ဘာတွေကို အပြင်မှာ ပရိသတ်တွေရှေ့ရောက်မှ ပြက်တော့ လက်တွေ့ ဆန်ဆန် သဘာဝ ကျတာလေးတွေ တင်ဆက်လို့ ရတာပေါ့။ ဆင်ဆာတင်တဲ့ အတိုင်းသာ ကပြမယ်ဆိုရင် ဘယ်သူမှ လာကြည့်မှာ မဟုတ်ဘူး” ဟု ပြဇာတ်၊ အငြိမ့် ဒါရိုက်တာ တဦးကဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်နေ့က ကျင်းပခဲ့သော ထာရနှင်းဆီ အငြိမ့်ပွဲနောက်ပိုင်းတွင် ယခုကဲ့သို့ ထုတ်ပြန် ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန် ၃၅ လမ်းမှ ဗီဒီယို ထုတ်လုပ်ဖြန့်ချိရေး လုပ်ငန်းလုပ်ကိုင်သူ တဦးက ပြောသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ ထုတ်ပြန်ကြေညာချက်တွင် ဆင်ဆာအဖွဲ့က ကြိုတင် ညွှန်ကြားထားသည့်အတိုင်း တသဝေမတိမ်း အများပြည်သူများသို့ တင်ဆက်ကပြရန်၊ အများပြည်သူသို့ ကပြဖျော်ဖြေခြင်း မပြုမီ ကပြမည့် ဇာတ်လမ်း၊
အငြိမ့်ဇာတ်ညွှန်း၊ ပြက်လုံးများကို စာရွက်စာတမ်း အပြည့်အစုံနှင့် ကြိုတင် တင်ပြပြီး ခွင့်ပြုချက် တောင်းခံရန်နှင့် ဗီဒီယို ဆင်ဆာအဖွဲ့၏ ခွင့်ပြုမိန့်ဖြင့် ရန်ပုံငွေပွဲအတွက် ပွဲမိန့်ရရှိရေး ဆောင်ရွက်ရန် ဟူ၍ ပါရှိကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ တာဝန်ရှိသူ တဦးက ဆိုသည်။

“ဆင်ဆာအဖွဲ့က ခွင့်မပြုရင် ပွဲမိန့်မရဘူး၊ မကရဘူး။ က ရင် အရေးယူမယ် ပြောတယ်” ဟု ဟာသ အနုပညာရှင် တဦးက ပြောသည်။

ထာဝရနှင်းဆီ အငြိမ့်ခွင်တွင် ဆင်ဆာ ဖြတ်တောက်မှုကို လျှော့ပေါ့ပေးရန် တောင်းဆိုသည့် ပြက်လုံး၊ ၂၀၁၀ ရွေးကောက်ပွဲကို သရော်ထားသည့် ပြက်လုံးများ၊ စစ်စိုးရ၏ စီးပွားရေး ဦးပိုင်မှ ချုပ်ကိုင်ထားသည့် လုပ်ငန်းများကို သရော်ထားသည့် ပြက်လုံးများ အပါအဝင် လက်ရှိ လူနေမှုဘဝနှင့် ဆက်နွှယ်သည့် ပြက်လုံးများ ပါဝင်သည်။

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) စီစဉ်သော ထာဝရ နှင်းဆီအငြိမ့်တွင် မင်းသမီးအဖြစ် မေကဗျာ၊ ဂျင်းနီ၊ မိုးယုစံနှင့် ဖူးစုံတို့က လည်းကောင်း၊ လူရွှင်တော်များအဖြစ် သရုပ်ဆောင် နေတိုး၊ ကျော်ကျော်ဗို၊ ရဲလေး၊ ထွန်းထွန်းနှင့် မိုးမိုးတို့က လည်းကောင်း ကပြဖျော်ဖြေခဲ့ပြီး အဆိုပါပွဲကို သုဝဏ္ဏ အားကစားပြိုင်ပွဲရုံ (၁) ၌ တင်ဆက်ခဲ့ရာ လူအများ နှစ်ချိုက် အားပေး ခဲ့ကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်