နေပြည်တော်တွင် ၅ သိန်းတန် GSM စရောင်း

E-mail Print
ကျပ် ၅ သိန်းတန် GSM မိုဘိုင်းဖုန်းများကို ပထမ အဆင့်အနေဖြင့် နေပြည်တော်တွင် လိုင်းအရေအတွက် တသိန်းခွဲ စတင် ချပေးမည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရှိရသည်။

တနိုင်ငံလုံးတွင် အသုံးပြုနိုင်သည့် အဆိုပါ GSM မိုဘိုင်းဖုန်းလိုင်းသည် ယခင်က ငွေကျပ် ၁၅ သိန်း ပေးသွင်းရသော်လည်း ယခုကျပ် ၅ သိန်းဖြင့် ဈေးနှုန်းလျှော့ကာ စတင်ချပေးခြင်းဖြစ်ကြောင်း နေပြည်တော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အရာရှိတဦးက ပြောသည်။

MTHK-6၎င်းက ဆက်လက်၍ “ဆက်သွယ်ရေး နည်းစနစ်တွေရဲ့ ထိရောက်မှုတွေကို အာဏာပိုင်တွေဘက်က ပိုပြီး သိလာတော့ နည်းပညာကို ဖွံ့ဖြိုးအောင်လုပ်ပြီး ပြည်သူတွေ သုံးစွဲမှုများလာတဲ့အချိန်မှာ သူတို့အနေနဲ့ ချုပ်ကိုင်ရ လွယ်မယ်ဆိုပြီး မြင်လာတယ်။ ဒါကြောင့် တယ်လီဖုန်းနဲ့ ပတ်သက်ပြီး အင်တာနက်သုံးလို့ရတဲ့ ၀န်ဆောင်မှုတို့ အဲဒီလိုမျိုး တိုးချဲ့လာတာတွေ အများကြီးပဲ။ အကောင်းဘက်က ကြည့်ရင်တော့ အလယ်အလတ်တန်းစား လူထုကအစ တယ်လီဖုန်း ကိုင်လာနိုင်နေပြီ။ ဆက်သွယ်မှုတွေ လွယ်ကူ လျှင်မြန်လာတယ်။ တဘက်မှာတော့ လူထုအသုံးများလာလေ သတင်းပိုရလေ၊ အာဏာပိုင်တွေအတွက် ထိန်းချုပ်ရလွယ်ကူလေ ဖြစ်လာတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အသစ်ချထားပေးမည့် မိုဘိုင်းဖုန်းနံပါတ်များသည် ဂဏန်း ၁၀ လုံးရှိပြီး ဖုန်းခေါ်ဆိုခ ကြိုတင်ပေးသွင်းငွေအဖြစ် ကျပ် ၅ သောင်း ပေးသွင်းရန် သတ်မှတ်ထားသည်ဟု သိရသည်။

တည်ဆောက်နေသည့် GSM တာဝါတိုင်များ ပြီးစီးသွားပါက ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများတွင်ပါ ဆက်လက်ချထားပေးသွားရန် အာဏာပိုင်များက ညွှန်ကြားထားကြောင်း မြန်မာ့ ဆက်သွယ်ရေး ဝန်ထမ်းတဦးက ပြောသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အဆိုပါ ဝန်ထမ်းက “နေပြည်တော်ကတော့ ပထမဆုံးဦးစားပေးဆိုတော့ အရင်ဆုံး ချပေးတာပေါ့။ မြို့ကြီးတွေကို  ဆက်ချပေးသွားဖို့ ရှိတယ်။ တာဝါတိုင်တွေနဲ့ ဆာဗာတွေ နိုင်သလောက် ချပေးသွားမှာ” ဟု ပြောသည်။

ဖုန်းခေါ်ဆိုခကို သတ်မှတ်နယ်မြေအတွင်း သုံးစွဲပါက ၁ မိနစ်လျှင် ၅၀ ကျပ်၊ နယ်မြေကျော်လွန် ခေါ်ဆိုပါက ၆၀ ကျပ်၊ SMS (သတင်းတို စာပို့စနစ်) အတွက် တစောင်လျှင် ၂၅ ကျပ်နှုန်း သတ်မှတ်ထားသည်ဟု သိရသည်။

ပြင်ဦးလွင်မြို့တွင် ဇန်န၀ါရီလ ၈ ရက်မှ ၁၂ ရက်အထိ ကျင်းပခဲ့သော ၉ ကြိမ်မြောက် မြန်မာအိုင်စီတီ ရက်သတ္တပတ်ပွဲတော်တွင် အင်တာနက်အသုံးပြုနိုင်သည့် ကျပ်ငွေ ၅ သိန်းတန် McWill ဖုန်း ရောင်းချခြင်းနှင့် ကျပ် ၅ သိန်းတန် ဖုန်းများကို အင်တာနက် အသုံးပြုနိုင်ရန် ဝန်ဆောင်မှုပေးခြင်းများ စတင်ခဲ့သည်။

အဆိုပါ ပွဲတော်တွင် တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ ဗီယက်နမ်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှားတို့မှ နည်းပညာကုမ္ပဏီ ၂၀ ခန့်  ပါဝင်ပြသခဲ့ပြီး အများပြည်သူ စိတ်ဝင်စားမှု အများအပြားရရှိခဲ့ကြောင်း သိရသည်။

အင်တာနက်နှင့် တယ်လီဖုန်း ဆက်သွယ်မှုများကို တိုးချဲ့ပြီး သေချာစွာ ကိုင်တွယ်နိုင်ရန် သက်ဆိုင်ရာ ၀န်ကြီးဌာနမှ အာဏာပိုင်များနှင့် နည်းပညာရှင်များပါ ပူးပေါင်းပြီး လုပ်နေကြောင်း၊ အင်တာနက်သုံးစွဲပါက အချက်အလက်များကို ကြည့်ရှုနိုင်သည့် စနစ်၊ တယ်လီဖုန်းလိုင်းဆိုပါကလည်း ကြားဖြတ်နားထောင်နိုင်သည့် နည်းပညာများ သုံးစွဲလိမ့်မည်ဖြစ်ကြောင်း ရတနာပုံတယ်လီပို့နှင့် နီးစပ်သူတဦးက ဆိုသည်။

စစ်အစိုးရက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ နယ်ပယ်နှင့် မီဒီယာ လုပ်ငန်းတို့မှ လူပေါင်း ၃၀၀၀ ကျော်တို့၏ တယ်လီဖုန်းများကို ကြားဖြတ် နားထောင်ရန် စီစဉ်လျက်ရှိသည်ဟု ယင်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပါဝင်သူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတဦးကလည်း ယခုလအစောပိုင်းတွင် ဧရာဝတီသို့ ပြောခဲ့သည်။

ယခုလက်ရှိတွင် GSM ရေဒီယို စခန်းပေါင်း ၃၀၊ CDMA 450 Mhz ရေဒီယိုစခန်း ၁၅၁ ခု၊ CDMA 800 MHz ရေဒီယိုစခန်း ၄၂ ခု တို့ကို ဆောက်လုပ်လျက်ရှိပြီး ပြီးစီးသွားပါက မြန်မာတနိုင်ငံလုံးတွင် မိုဘိုင်းဖုန်း အရေအတွက် ၆၁၀၀၆၁ လုံး ရှိလာမည်ဟု မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လအထိ GSM ဖုန်း ၄၉၄၃၀၀၊ CDMA မိုဘိုင်းဖုန်း ၅၄၅၆၅၀၊ CDMA 800တယ်လီဖုန်း ၁၅၀၀၀၀၊ CD MA (Fixed) တယ်လီဖုန်း ၂၀၀၃၈လုံး၊ WCDMAတယ်လီဖုန်း အလုံးရေ ၂၈၀၀၀ တို့ ချထားပေးပြီးဖြစ်ကြောင်း သိရှိရသည်။
စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းတခုဖြစ်သော ရွှေသံလွင် ကုမ္ပဏီသည် FTTX ဖိုက်ဘာ ဆက်ကြောင်းနှင့် ရုပ်သံလိုင်း၊ ဖုန်း၊ အင်တာနက်တို့ကို ၀န်ဆောင်မှု ပေးနေသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်