သမ္မတကြီး ဦးသန်းရွှေ ဖြစ်လာမလား

E-mail Print
နောက်တက်မည့် အစိုးရအဖွဲ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သမ္မတအဖြစ် တာဝန်ယူမည်ဟု နေပြည်တော်ရှိ စစ်အစိုးရ အသိုင်းအ၀န်းတွင် ပြောဆိုနေကြကြောင်း ဧရာဝတီမှ သိရသည်။

than_shwe400ဒု သမ္မတနေရာအတွက် အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌနေရာတွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်း၊ လက်ရှိ ဝန်ကြီးချုပ် ဦးသိန်းစိန်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ဥက္ကဋ္ဌနှင့် ၀န်ကြီးချုပ်အဖြစ် ဆက်လက်ရှိနေမည်ဟု ပြောဆိုမှုများ ရှိနေသည်။

စစ်ဖက်ဆိုင်ရာ ရာထူးနေရာနှင့် ပတ်သက်၍ ကာကွယ်ရေး ဦးစီးချုပ် နေရာတွင် ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒု ကာကွယ်ရေး ဦးစီးချုပ်နေရာတွင် ဗိုလ်ချုပ် စိုးဝင်း၊ ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်မှာမူ ကာကွယ်ရေးဝန်ကြီး ဖြစ်လာမည်ဟု သတင်းထွက်ပေါ်နေသည်။

ဒု ဗိုလ်ချုပ်ကြီး ကိုကိုမှာ ပြည်ထဲရေး ၀န်ကြီးအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးမှာမူ အနားယူတော့မည် ဟုဆိုသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက စစ်တပ်ရာထူး အပြောင်းအလဲများ ပြုလုပ်ခဲ့ရာ ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ ဒု ဗိုလ်ချုပ်ကြီး သာအေး အပါအ၀င် ဒု ဗိုလ်ချုပ်ကြီးများအား အငြိမ်းစားပေးခဲ့ပြီး ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်စေခဲ့သည်။

သို့သော် စီးပွားရေးဦးပိုင် လီမိတက်၏ ယခင် ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီးဟောင်း တင်အေးမှာမူ ရွေးကောက်ပွဲ ၀င်ရောက်ခြင်း မရှိခဲ့ပေ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်