ကချင်ပြည်နယ်တွင် နှင်းမုန်တိုင်း တိုက်၊ ပျက်စီးမှုများရှိ

E-mail Print
ကချင်ပြည်နယ် ပန်ဝါ တွင် ဇန်န၀ါရီလ ၁၆ ရက်နေ့ က နှင်းမုန်တိုင်း တိုက်ခိုက်ပြီး ဆီးနှင်းများထူထပ်စွာ ကျဆင်းမှု ကြောင့် တရုတ်-မြန်မာ ကုန်သွယ် ရေးဂိတ် ပျက်စီးပြိုကျသွားသည်။

“ဒီလောက် နှင်းကျတာ တခါမှ မကြုံဖူးဘူး။ မိုးသည်းသည်းရွာသလို နှင်းတွေ ကျတော့ ။ ဒီဒဏ်ကို မခံနိုင်ဘဲ အဆောက် အအုံ က ပြိုသွားတာ။ ပန်ဝါမှာက လူနေအိမ်ခြေနည်းတော့ အိမ်ပြို၊ လူထိခိုက်တာ မရှိပေမယ့် သွားရေးလာရေး ၊ စားသောက် စရာ အ၀ယ်ထွက်ဖို့တောင် တော်တော်ခက်နေတယ်။ ပန်ဝါကနေ ၈ မိုင်လောက် ဝေးတဲ့ ခိုက်ပါဂျီး မှာ အခုထက်ထိ မိုးသီးတွေ ကျနေတုန်း”ဟု ပန်ဝါ ဒေသခံတဦးက ပြောသည်။

Picture42ထို့အပြင် ကချင်ပြည်နယ် မြစ်ကြီးနား ၊ချီဖွေ၊ ဗန်းမော် ၊ လိုင်ဇာ နှင့် မိုးညှင်း တို့တွင် မိုးသီးများကြွေပြီး ယခင်နှစ်ကထက် အအေးပိုသည့် ဒဏ်ကို ဇန်န၀ါရီ လ ပထမပတ် အတွင်း ဆိုးဆိုးဝါးဝါး ခံစားခဲ့ရသည်ဟု ဒေသခံများက ပြောပြသည်။

ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတို့တွင် ပျမ်းမျှ အပူချိန်အောက် ၃ ဒီဂရီ စင်တီ ဂရိတ်မှ ၄ ဒီဂရီ စင်တီဂရိတ်အထိ လျော့နည်းခဲ့သည်ဟု ဇန်န၀ါရီ ၁၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက၂၀၁၁ ခုနှစ် နှစ်ဦးပိုင်းသည် လာနီညာ၏ သဘောသဘာဝများကို ကြုံတွေ့ ရမည့် ကာလဖြစ်သောကြောင့် ဆောင်းရာသီသည် ဖေဖော်ဝါရီလကုန်အထိဖြစ်နိုင်ပြီး အအေးလှိုင်းဖြတ်ပါက အအေးပိုမှုကို ခံစားရမည်ဟု ထုတ်ပြန်ထားသည်။

“၁၆ ရက်နေ့ ညက တညလုံး မိုးတွေ အရမ်းရွာပြီး မိုးသီးတွေ အားလူးလုံး လောက် ကျတယ်။ တချို့အိမ်တွေဆို မှန်တွေ တောင် ကွဲတယ်။ အခုလည်း တအားအေးနေတယ်”ဟု ဗန်းမော် ဒေသခံ တဦးက ပြောသည်။Picture63x400
ယခုနှစ်ဆောင်းတွင် လာနီညာရာသီဥတု၏ သက်ရောက်မှုနှင့် အအေးလှိုင်းများဖြတ်သန်းမှုကြောင့် မြန်မာ တနိုင်ငံလုံးတွင် ယခင်နှစ်များထက် အအေးပိုမည်ဟု ရာသီဥတု ခန့်မှန်းသည့် ပညာရှင်များက ပြောဆိုထားသည်။

ရှမ်းပြည်နယ် လွိုင်လင်မြို့နေ မမိုးမိုးက“ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက သိသိသာသာ အရမ်းအေးလာတယ်။ မိုးတွေ လည်း ရွာပြီး အရင်နှစ်တွေကထက် ပိုအေးနေတယ်”ဟု ပြောသည်။

“ချီဖွေမှာကတော့ အခုချိန်ထိကို မိုးသီးတွေ ကြွေနေတုန်း။ တော်တော်တော့ အေးနေတယ်။ ရေအားလျှပ်စစ်စီမံကိန်းထဲက ၀န်ထမ်းတွေကတော့ သိပ်ပြဿနာ မရှိပေမယ့် ဒေသခံတွေကတော့ အေးတဲ့ ဒဏ်နဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကို တော်တော်ကြုံနေရတယ်။ မိုးသီးတွေ ကြွေ၊ နှင်းတွေကျ ရာသီဥတု အေးတော့ ဘယ်မှ သွားလာမရဖြစ်တာပေါ့”ဟု မြစ်ဆုံ အေး ရှား ဝေါလ် စီမံကိန်းမှ ၀န်ထမ်းတဦးက ဆိုသည်။

ကချင်ပြည်နယ်အတွင်း အခြားဒေသများထက်  အအေးဓာတ်ပိုမိုသည့် လိုင်ဇာ ဒေသတွင် ပြင်းထန်သည့် အအေးဒဏ် ကြောင့်  လေဖြတ်သေဆုံးသူများပြားနေသည်ဟု ကချင်ပြည်နယ် ရွှေကူမြို့မှ ဒေသခံတဦးက ပြောသည်။ သေဆုံးသူ အရေအတွက်ကို မူ အတိအကျ မသိရှိရပေ။ လက်ရှိရာသီ ဥတုအခြေအနေသည် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအတွက်လည်း စိုးရိမ် ပူပန်စရာဖြစ်သည်။

၂၀၁၀ ပြည့်နှစ် ဆောင်းရာသီကာလအတွင်း ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် အရှေ့မြောက်ပိုင်းတို့သည် ရေခဲ မှတ် ၀န်းကျင်ရောက်ရှိသည်အထိ အေးမြခဲ့သည်ဟု သတင်းဖော်ပြချက်များအရ သိရသည်။

Myanmar Climate Change Watch(MCCW) မှ ဒေါက်တာ ထွန်းလွင်က လာနီညာ ရာသီဥတုဖြစ်စဉ်သည် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလတွင် အမြင့်ဆုံးအနေအထားသို့ ရောက်ရှိလာပြီး ယင်း၏ သက်ရောက်မှုသည် ဇန်န၀ါရီ၊ ဖေဖော်ဝါ ရီလများအထိ ဆက်ရှိနေမည်ဖြစ်ကြောင်း၊ နှစ်ဦးပိုင်း ဆောင်းရာသီကို သက်ရောက်စေမည့် အချက် နှစ်ချက်ရှိပြီး တစ်ချက်မှာ လာနီညာဖြစ် စဉ်ဖြစ်ကာ ဒုတိယအချက်မှာ အာတိတ်ရေခဲပြင်မှ အေးသော လေထုများ လတ္တီကျုအနိမ့်ပိုင်းအထိ ဆင်းလာပြီး ဆိုက်ဘေးရီး ယားဒေသမှ ဟိမ၀န္တာ၊ ထိုမှ မြန်မာနိုင်ငံသို့ ၀င်ရောက်လာခြင်းဖြစ်ကြောင်း Weekly Eleven ဂျာနယ်စာမျက်နှာတွင် ပြောဆို ထားသည်။

ဒီဇင်ဘာလ ဒုတိယ ၁၀ ရက်ပတ်အတွင်း ညအပူချိန်များအနေဖြင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း တိုင်း အထက်ပိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်အောက် လျော့နည်းနိုင်ပြီး ကျန်ဒေသများ၌ ပျမ်းမျှအပူချိန်ဝန်းကျင်တွင်သာ ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း ထုတ်ပြန်ထားသည်။

၂၀၀၉ ခုနှစ် အတွင်း အိန္ဒိယနိုင်ငံ တောင်ပိုင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဖိလစ်ပိုင်၊ တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဗီယက်နမ် နှင့် လာအို နိုင်ငံ တို့တွင် ရေကြီးမှုများဖြစ်ပွားပြီး ဗီယက်နမ် နိုင်ငံတွင် ပြီးခဲ့သည့်အပတ်က အအေးလှိုင်းဖြတ်သန်းမှုကြောင့် ကျောင်းများ ပိတ်ခဲ့ရကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်