ကုန်တင်ယာဉ် အလေးချိန် ကန့်သတ်၍ ကုန်ဈေးနှုန်းမြင့်တက်

E-mail Print
ပြည်တွင်း ကုန်စည်ပို့ဆောင်ရေး ကဏ္ဍတွင် အာဏာပိုင်များက ကုန်တင်ယာဉ်များအား ကုန်ပစ္စည်းတင်ပို့မှု အလေးချိန် ကန့်သတ်လိုက် ခြင်းကြောင့် အခြေခံ စားသောက်ကုန် ပစ္စည်းများ၊ ဆောက်လုပ်ရေး ပစ္စည်းများနှင့် အသုံးအဆောင် ပစ္စည်းတချို့ဈေးမြင့် တက် လာကြောင်း သိရှိရသည်။

Business-Truck-by-mmcybermediaပြည်တွင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်လျက်ရှိသော မော်တော်ယာဉ်များ၏ ကုန်တင်ပို့မှု အလေးချိန်နှုန်းကို ဇန်န၀ါရီ လဆန်းပိုင်းတွင် စတင်ကန့်သတ် လိုက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ ဘုရင့်နောင် ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းသမားများက ပြော ဆိုသည်။

“အရင်က တန် ၆၀ လောက် ခွင့်ပြုနေတာကနေ အခု ၂၅ တန်ထိအပဲ ခွင့်ပြုတော့တယ်၊ လမ်းတွေ ပျက်စီးတဲ့ အတွက်လို့ ပြောတယ်၊ အဲဒီတော့ ကုန်ပစ္စည်းကို လျှော့တင်ရတော့ ကားခလည်း ဈေးနည်းနည်း တက်ယူလိုက်ရတယ်”ဟု ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် တဦးက ပြောသည်။

အာဏာပိုင်များက အာဆီယံ စံညွှန်းနှင့် ညီရန်ဟု ဆိုကာ ယခင်က ၆ ဘီကား တစီးလျှင် တန် ၂၀ တင်နေရာမှ ယခု ၁၆ တန်၊ ၁၀ ဘီးကားတစီးလျှင် ၃၅ တန် တင်နေရာမှ ယခု ၂၁ တန်၊ ၁၂ ဘီးကားတစီးလျှင် တန် ၄၀ တင်နေရာမှ ယခု ၂၅ တန်သာ တင်ခွင့်ပြု သည့်အတွက် ကုန်ပစ္စည်း ဈေးနှုန်းများမြင့်တက်လာရခြင်း ဖြစ်ကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များက ပြောသည်။

ယင်းသို့ ကန့်သတ်လိုက်သောကြောင့် ကားခများ ဈေးတက်ပြီး၊ ကုန်တင်ကားများအနေဖြင့်လည်း ခေါက်ရေတိုးစွဲ နေရကြောင်း ကားသမားများနှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ အတွက် စီးပွားရေးအရ တွက်ခြေကိုက်ကြောင်း ကုန်စည် လုပ်ငန်းများထံမှ သိရှိရသည်။

ယခင် ရန်ကုန်-မန္တလေး ကုန်စည် ပို့ခနှုန်းမှာ တပိဿာလျှင် ကျပ် ၄၀၊ ၄၅ နှုန်းရှိရာမှ ကုန်တင်ကန့်သတ်လိုက်သည့် အတွက် တပိဿာ လျှင် တင်ပို့ခ ၈၅ ကျပ်မှ ၁၀၀ အထိ မြင့်တက်သွားကြောင်း သိရှိရသည်။

“မန္တလေးကနေ တင်ပို့နေတဲ့ အခြေခံ စားသောက်ကုန်တွေမှာလည်း အရင်က တခေါက်လောက်နဲ့ ပြီးတယ်၊ အခု ကန့်သတ် လိုက် တော့၂ ခေါက် ခွဲသယ်ရတဲ့အပြင် ဈေးကလည်း နှစ်ဆ၊ သုံးဆလောက် တက်သွားတော့ အရင်နှုန်းတွေနဲ့ မကိုက်တော့ဘူး ဈေး တက် ယူရတော့တာပဲ”ဟု ဘုရင့်နောင်ဈေးမှ စားသောက်ကုန် ရောင်းသည့် ကုန်သည်ကြီးတဦးက ပြောသည်။

ရန်ကုန်မှ ရှမ်းပြည် အောင်ပန်းသို့ ကားဖြင့် သယ်ယူပို့ဆောင်ခမှာ ယခင် ဆန်တအိတ် ၁၂၀၀ ကျပ်ကို ယခု ၃၅၀၀ ကျပ် ဖြစ်၍ ၃ဆခန့် ဈေးနှုန်း ဖြစ်သွားကြောင်း အောင်ပန်းမြို့မှ ကုန်တင်ယာဉ် ပိုင်ရှင် ဦးရဲမြင့်သိန်းက ပြောသည်။

“ကားသမားတွေကိုတော့ ထိခိုက်မှု မရှိဘူး၊ စားသုံးသူနဲ့ ကုန်ပစ္စည်း ထုတ်လုပ်သူတွေကို ထိခိုက်တာ ၊ အရင်က ဘိလပ်မြေ တအိတ် ၁၂၀၀ ကျပ် နဲ့ရတယ်၊ အခု ၃၅၀၀ ကျပ် ပေးဝယ်ရတယ်၊ သုံးဆ လောက် တက်သွားတယ်၊ ဆန်ဈေးကတော့ ပျမ်းမျှ တအိတ် ၂၀၀၀ လောက်တက်တယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်မှ အောင်ပန်းသို့ သွားရာ လမ်းတလျှောက်တွင် လမ်းအသုံးပြူခ ကောက်ခံသည့် ဂိတ်ပေါင်း အနည်းဆုံး ၁၀ ခု ခန့်ရှိပြီး ကားတစီး အတွက် တဂိတ်လျှင် ကျပ် ၈၀၀၀ ခန့် ပေးရကြောင်းလည်း ဦးရဲမြင့်သိန်းက ပြောပြသည်။

မြန်မာနိုင်ငံတွင် နေရာဒေသ တခုမှ တခုသို့ ကုန်စည်တင်ပို့ရာတွင် မော်တော်ယာဉ်များကိုသာ အများဆုံး အသုံးပြုလျက် ရှိသောကြောင့် မော်တော်ယာဉ်တင်ဆောင်ခ ဈေးနှုန်းမြင့်တက်လာပါက ကုန်ပစ္စည်းဈေးနှုန်းများလည်း မြင့်တက်လေ့ရှိကြောင်း သိရ သည်။

ဇန်န၀ါရီလ ဒုတိယပတ်မှစတင်ပြီး ရန်ကုန်ဈေးကွက်အတွင်း အခြေခံစားသောက်ကုန်များဖြစ်ကြသော ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ ကုလားပဲ၊ သကြား၊ အချိုမှုန့် စသည့် ဈေးနှုန်းတို့မှာ ယခင်ကထက် သိသိသာသာဈေးမြင့်တက်လာကြောင်း ထို့အပြင် အိမ်ဆောက် ပစ္စည်းများဖြစ်သော ဘိလပ်မြေ၊ သံ၊ သွပ် စသည်တို့မှာလည်း ဈေးမြင့်တက်လာကြောင်း ကုန်သည်များက ပြော သည်။

“ဆန်တအိတ်ကို ကျပ် ၃၀၀၀ လောက် တက်လာတယ်၊ ကြက်သွန်၊ အာလူး အကုန်လုံး ဈေးတက်လာတယ်၊ ခေါက်ဆွဲခြောက်တို့ ၊ ကော်ဖီစေ့ တို့လည်း ဈေးတက်ကုန်တယ်”ဟု ရန်ကုန် ညောင်ပင်လေး ဈေးမှ ကုန်သည်ကြီး တဦးက ပြောသည်။

ထို့အပြင် နယ်စပ် ကုန်သွယ်ရေးမှ တဆင့် တင်သွင်းနေသော ကုန်ပစ္စည်းများဖြစ်သည့် စက် ပစ္စည်းများ၊ ဆန် စက်ပစ္စည်း၊ အင်ဂျင်များ၊ ဖယောင်းကုန်ကြမ်းများ၊ တရုတ် စားသောက်ကုန်များမှာမူ ယခင်ဈေးနှုန်းထက် ၄၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လျက် ရှိကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းက ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့က ကုန်တင်ယာဉ်များကို ၎င်းတို့တင်ဆောင်နေကျ ကုန်အလေးချိန်ထက် လျှော့၍ တင်ဆောင်ရန် ညွှန်ကြားသည့် အတွက်ကြောင့် တန်ဆာခ များ မြင့်တက်လာခြင်း ဖြစ်ကြောင်း တရုတ်ပြည်ဘက်သို့ ကုန်စည်များ ပို့ဆောင်နေကျ ကုန်ကားမောင်းနှင်သူ တဦးက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်