ဦးခွန်ထွန်းဦး ကျန်းမာရေးအခြေအနေ ဆိုး

E-mail Print
ဖျက်သိမ်းခံ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌဖြစ်ပြီး ကချင်ပြည်နယ် ပူတာအိုထောင်တွင် ထောင်ဒဏ် ၉၃ နှစ် ချမှတ်ခံထားရသော ဦးခွန်ထွန်းဦးသည် ရာသီဥတု အခြေအနေကြောင့် လေးဘက်နာ ရောဂါအပြင် ဆီးကျိတ်ရောဂါပါ ခံစားနေရသဖြင့် ကျန်းမာရေးအခြေအနေ ဆိုးရွားနေကြောင်း သိရသည်။

khun_htoon_oo_11ဦးခွန်ထွန်းဦးသည် ဆီးကျိတ်ရောဂါကြောင့် တညလျှင် ၁၀ ကြိမ်ထက်မနည်း ဆီးသွားသဖြင့် ကောင်းစွာ မအိပ်နိုင်ကြောင်း၊ ထောင်အာဏာပိုင်များက ကန့်သတ်သဖြင့် ဆရာဝန်နှင့်လည်း ကုသခွင့် မရကြောင်း၊ ဦးခွန်ထွန်းဦး ကိုယ်တိုင်ကလည်း ဆီးကျိတ်ရောဂါမှတဆင့် ကင်ဆာရောဂါ ဖြစ်မည်ကို စိုးရိမ်နေကြောင်း SNLD ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ဆိုသည်။

“ဦးခွန်ထွန်းဦးရဲ့ မိသားစုတွေ ထောင်ဝင်စာ သွားတွေ့တော့လည်း အချိန်နည်းနည်းပဲ တွေ့ရတယ်။ တွေ့ရရင်လည်း ခါတိုင်းထက် ပိုပြီးမှ တင်းကျပ်ထားတယ်” ဟု ကိုစိုင်းလိတ်က ဧရာဝတီသို့ ပြောသည်။

ဦးခွန်ထွန်းဦး၏ မိသားစုနှင့် နီးစပ်သူတဦးက “သူ့အမျိုးတွေ သူ့ကိုသွားကြည့်တော့ ဦးခွန်ထွန်းဦး ခြေထောက်တွေ ရောင်နေတယ်။ ပြီးတော့ သူ့အတွက် စားစရာတွေ သွင်းပေးဖို့ကိုလည်း အကျဉ်းထောင် ဝန်ထမ်းကို လာဘ်ထိုးရသေးတယ်လို့ ပြောတယ်” ဟု ဆိုသည်။

SNLD သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြီးလျှင် တနိုင်ငံလုံး၌ ဒုတိယ အများဆုံး မဲရရှိသည့် ပါတီဖြစ်သည်။

အသက် ၆၆ နှစ်အရွယ် ဦးခွန်ထွန်းဦးသည် အမျိုးသားညီလာခံကို ဖျက်လိုဖျက်ဆီး ပြုလုပ်မှု၊ နိုင်ငံတော် ပုန်ကန်မှုတို့ဖြင့် ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလတွင် တခြား ရှမ်းတိုင်းရင်းသားခေါင်းဆောင် ၈ ဦးနှင့်အတူ အဖမ်းခဲရခြင်းဖြစ်သည်။

ဦးခွန်ထွန်းဦး နှင့်အတူ SNLD အတွင်းရေးမှူး စိုင်းညွန့်လွင်ကို ထောင်ဒဏ် ၈၅ နှစ်ဖြင့် ကလေးထောင်တွင်လည်းကောင်း၊ စိုင်းလှအောင်ကို ထောင်ဒဏ် ၇၅ နှစ်ဖြင့် ကျောက်ဖြူထောင်တွင် လည်းကောင်း၊ အပစ်ရပ် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နာယက ဗိုလ်ချုပ် ဆေထင် ကို ထောင်ဒဏ် ၁၀၆ နှစ်ဖြင့် စစ်တွေထောင်တွင်လည်းကောင်း အသီးသီး ပို့ဆောင်ထားသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (မြန်မာနိုင်ငံ) ၏ မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ ၂၁၈၉ ဦးရှိသည့် အနက် ၂၂၅ ဦးမှာ တိုင်းရင်းသားများ ဖြစ်ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်လည်း ဦးခွန်ထွန်းဦးအပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရန် SNLD က ကြေညာချက်တစောင် ထုတ်ပြန် တောင်းဆိုခဲ့သေးသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်