ထိုင်း ကားများ ကျိုင်းတုံ သွားခွင့် ပိတ်

E-mail Print
မြန်မာနိုင်ငံ ရှမ်းပြည်နယ် ကျိုင်းတုံမြို့သို့ ထိုင်း-မြန်မာ နယ်စပ်မှတဆင့် လာရောက် လည်ပတ်သည့် ကိုယ်ပိုင်ကားများကို စစ်အစိုးရ အာဏာပိုင်များက ပြီးခဲ့သည့် တပတ်မှ စတင်၍ ခွင့်မပြုတော့ကြောင်း ခရီးသွားလုပ်ငန်းနှင့် နီးစပ်သူများက ပြောသည်။

ထိုင်း ကားများကိုသာ သွားခွင့်ပိတ်ပင်ထားပြီး ခရီးသည်များကိုမူ ခွင့်ပြုထားကြောင်း သိရသည်။

“ထိုင်းကားတွေကို ပိတ်ထားတာကတော့ ဟုတ်တယ်၊ ဘာကြောင့်လဲတော့ မသိဘူး၊ ထိုင်းကားတွေ လာလို့ မရဘူးပေါ့နော်၊ အဲဒီလိုပဲ ပြောတယ်”ဟု ကျိုင်းတုံမြို့နယ်ရှိ ဟိုတယ် ၀န်ထမ်းတဦးက ပြောသည်။

ထိုသို့ ထိုင်း ကားများကို ၀င်ရောက်ခွင့် မပြုသောကြောင့် ယခုရက်ပိုင်း ခရီးသည် နည်းပါးသွားကြောင်းလည်း ၎င်းက ဆိုသည်။

ထိုင်း - မြန်မာ နယ်စပ် မယ်ဆိုင် - တာချီလိတ် ချစ်ကြည်ရေး တံတားပေါ်မှ တဆင့် ထိုင်းလူမျိုး အများစုက ကိုယ်ပိုင်ကား များ ဖြင့် ကျိုင်းတုံမြို့သို့ သွားရောက် ကြခြင်း ဖြစ်သည်။ 

ထိုင်းကားများ အနေဖြင့် ကျိုင်းတုံမြို့သို့ သွားရောက်ရာတွင် ဆလွန်းကား တစီးကို နှစ်ပတ်စာ အတွက် ဒေါ်လာ ၃၀ နှင့် မှန်လုံ ကားတစီးကို ဒေါ်လာ ၅၀ ခန့် အခွန်ပေးဆောင်ရကြောင်း တာချီလိတ် တံတားပေါ်တွင် တာဝန်ထမ်းဆောင်နေသူ တဦးက ဧရာဝတီသို့ ပြောသည်။

ကျိုင်းတုံမြို့သို့ ထိုင်းကားများကို သွားရောက်ခွင့် မပြုသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး ယခုအထိ ရှင်းရှင်းလင်းလင်း မသိ ရှိရသော်လည်း တြိဂံတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦးက ညွန်ကြားထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုင်း ကားများဖြင့် ကျိုင်းတုံမြို့သို့ တနေ့လျှင် ကား အစီး ၂၀ ခန့် သွားရောက်ကြောင်း၊ ပွင့်လင်းရာသီ၌ သွားရောက်သူများ ပိုမိုများပြားကြောင်း သိရသည်။  

အလားတူ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) ၏ ၀မ်ဟိုင်း ဌာနချုပ်ဘက်သို့ ဖြတ်သန်း သွားလာနေသော ခရီးသည် တင် ကားနှင့် ကုန်တင်ကားကြီးများကို နအဖ စစ်အစိုးရက ယခုလဆန်းပိုင်းမှ စတင်၍ သွားလာခွင့် ပိတ်ပင်ထားသည်။

ဝမ်ဟိုင်း ဒေသသည် ရှမ်းပြည်နယ် မိုင်းရယ်မြို့နှင့် မိုင်းရှုးမြို့နယ် ကြားတွင်ရှိပြီး ယင်း ဒေသရှိ ကားလမ်းကို သွားလာခွင့် ပိတ်ပင် လိုက်ခြင်း ဖြစ်သည်။

အစိုးရ အနေဖြင့် လူထုနှင့် SSA - မြောက်ပိုင်းတပ်များ အကြား သတင်းအဆက်အသွယ် သော်လည်းကောင်း၊ စီးပွားရေးအရ သော်လည်းကောင်း ပြတ်တောက်စေရန် ဖိအားပေးခြင်းသာ ဖြစ်ကြောင်း စစ်ရေး လေ့လာ စောင့်ကြည့်နေသူများက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်