ငွေပေးမှ တရားဟောခွင့်ပြု

E-mail Print
ရန်ကုန်မြို့ ဒဂုံမြို့သစ် တောင်ပိုင်း ၂၆ ရပ်ကွက် ဆွမ်းလောင်း ဓမ္မာရုံ၌ လာမည့် တနင်္ဂနွေနေ့ ဆွမ်းသိမ်းပွဲတွင် ဗုဒ္ဓဘာသာ တရားပွဲ ကျင်းပခွင့် အတွက် သက်ဆိုင်ရာ အာဏာပိုင်များက ငွေကြေး လာဘ်လာဘများ တောင်းခံကြောင်း သိရသည်။

အဆိုပါ ဒဂုံမြို့သစ် တောင်ပိုင်း ၂၆ ရပ်ကွက် ရွာမ ကျောင်းတိုက်မှ ဆရာတော် ဦးဝိသာရဒ  ဟောကြားမည့် တရားပွဲ ခွင့်ပြုချက်ကို လွန်ခဲ့သည့် ဒီဇင်ဘာ လလယ်ခန့်ကပင် သက်ဆိုင်ရာ အဆင့်ဆင့်သို့ တင်ပြ တောင်းခံရာတွင် ခယက အာဏာပိုင်များက ကျပ် ၄ သောင်း တောင်းသည်ဟု တရားပွဲ ကျင်းပရေး ကော်မတီနှင့် နီးစပ်သူ တဦးက ပြောပြသည်။

“ခရိုင်က ငွေ ၄ သောင်းပေးရမယ်၊ မပေးရင် အခုစီစဉ်ထားတဲ့ ရက်ကို ခွင့်မပြုဘူးတဲ့၊ သူတို့ ခွင့်ပြုမယ့် ရက်ကျမှ လုပ်ရမယ်လို့ ပြောတယ်၊ ငွေမပေးရင် သူတို့ ဘယ်ရက် ခွင့်ပြုမယ်ဆိုတာက မသေချာဘူး၊ မသိရဘူး”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ယင်းတရားပွဲ ကျင်းပခွင့် အတွက် ဦးစွာ မြို့နယ် သံဃနာယကကို တရားပွဲ ကျင်းပရေး ကော်မတီက လျှောက်ထားရပြီး မယက၊ ခယက အဖွဲ့များသို့ အဆင့်ဆင့် တင်ပြရကြောင်း၊ ခွင့်ပြုချက် တောင်းခံသည့် လျှောက်လွှာတွင် တရား ဟောမည့် ဆရာတော် ဘွဲ့အမည်နှင့် ကျောင်းတိုက် အမည်များအပြင် ဟောကြားမည့် အကြောင်းအရာများကို ရေးသား တင်ပြရကြောင်း သိရသည်။

“ဟောမယ့် အကြောင်းအရာက ၅၅၀ နိပါတ်တော်ထဲက ဒါန နဲ့ ပတ်သက်တဲ့ တရား၊ နာမည်ကတော့ အသေ အချာ မသိဘူး၊ အဲဒါကို ဆရာတော်ဆီသွားလျှောက်ပြီးတော့မှ ဆရာတော်က ရေးပေးတာ၊ ပြီးတော့မှ ကျင်းပ ရေးကော် မတီက သွားတင်ရတာ၊ အဲဒါအခုထိတော့ ခွင့်ပြုချက်မရသေးဘူး”ဟု အထက်ပါ တရားပွဲကျင်းပရေး ကော်မတီနှင့် နီးစပ်သူက ဆိုသည်။

ယမန်နှစ် သီတင်းကျွတ်၊ တန်ဆောင်မုန်းကာလ တရားပွဲများကျင်းပစဉ်ကလည်း ခွင့်ပြုချက်ပေးရန် သက်ဆိုင်ရာ အာဏာပိုင်များက ငွေကြေးတောင်းခံမှုများ ရှိကြောင်း ယင်း ဒဂုံမြို့သစ်တောင်ပိုင်း ၂၆ ရပ်ကွက် တွင်နေထိုင် သူ တဦးက ပြောသည်။

“အခုလိုပဲ ပါမစ်ပေးဖို့ ပိုက်ဆံတောင်းတယ်၊ ငွေကြေး ကဏ္ဍတွေပါလာလို့ သတင်းဌာန တခုက အော်လိုက် တော့မှ သူတို့ကိုယ်တိုင် ရက်သတ်မှတ် ပေးပြီး လုံခြုံရေးတွေဘာ တွေနဲ့ လုပ်သွားတယ်၊ လုပ်ခွင့်တော့ရတယ်၊ ရက်တွေက လွဲကုန်တာပေါ့”ဟု ၎င်းက ပြောဆိုသည်။

၂၆ ရပ်ကွက်သားက ဆက်လက်ပြီး“တခြား ဘုရားပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေတော့ လုပ်ပေးပြီးသွားပြီ၊ အခုက ရပ် ကွက် ဆွမ်းသိမ်းပွဲမှာ တရားပွဲလုပ်မယ် ဆိုပြီး စီစဉ်ပြီးလုပ်တာ၊ ငွေပေးမှ ခွင့်ပြုမယ်ဆိုတော့ စိတ်ဆင်းရဲ ကြရ တာပေါ့၊ ဒီနေ့အထိ ပါမစ်မရသေးဘူး၊ ကျနော်သိသလောက်တော့ တောင်းတဲ့ ငွေကို ပေးမယ်လို့သိရတယ်၊ အခု က ရပ်ကွက်ကို အသိပေးထားတဲ့အတွက်တော့ တရားပွဲလုပ်တဲ့ လူကြီးတွေက ဖျက်မှာမဟုတ်ဘူး၊ အဲဒီငွေကို သူတို့စိုက်ပေးလိမ့်မယ်လို့ ယူဆရတယ်၊ နာမည်တော့ အပျက်မခံပါဘူး၊ အားလုံးကြေညာထားပြီးပြီဆိုတော့”ဟု ပြောသည်။

ယင်းတရားပွဲများကျင်းပခွင့် တင်ပြရာတွင် ဟောပြောမည့် ဆရာတော်၏ ထေရုပ္ပတ္တိ အကျဉ်းကို တင်ပြရပြီး နိုင်ငံ ရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးများကို ထည့်သွင်းဟောကြားမည်မဟုတ်ဟု ၀န်ခံကတိပေးရကြောင်း၊ ကတိ ပေးထားသည်များထည့်သွင်း ဟောပြောခဲ့လျှင် အာဏာပိုင်များက ဟောပြောသူ အပါအ၀င် ပွဲ စီစဉ်သူများကိုပါ အရေးယူမည်ဖြစ်ကြောင်း နှင့် ဒီဇင်ဘာ ၂၂ ရက်နေ့က စတင်၍ ရန်ကုန်တိုင်းအတွင်း တရားပွဲ ပါမစ်အသစ် လျှောက်ခွင့်များ ပိတ်ပင်ထားကြောင်း တရားပွဲစီစဉ်သူများ၏ ပြောကြားချက်အရ သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်