ပြည်နယ်ဝန်ကြီးနေရာများလည်း ကြံ့ဖွံ့သိမ်းပိုက်

E-mail Print
ပြည်နယ် အစိုးရသစ်အတွက် အစိုးရအဖွဲ့ဝင် ၀န်ကြီးနေရာ အများစုအား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က သိမ်းပိုက်လိုက်သည်။

တိုင်းရင်းသား ပါတီများသည် မိမိတို့ဒေသ၌ အမတ်နေရာ အများစု အနိုင်ရထားသော်လည်း ကြံ့ဖွံ့ကိုယ်စားလှယ် များကိုသာ ပြည်နယ် ၀န်ကြီးချုပ်က အဆိုပြုထားသည်ဟု သိရသည်။

“ကျနော်တို့က အမတ်နေရာ အများစု ရထားပေမယ့် ၀န်ကြီးနေရာ ၃ နေရာပဲ အဆိုပြုခံရပါတယ်။ အဆိုပြု ခံရသူ တွေဟာလည်း စကားအပြောအဆို အနည်းဆုံး ဆိုသူတွေကိုပဲ ရွေးချယ်ထားပါတယ်” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ပြည်နယ် ကိုယ်စားလှယ် တဦးက ဧရာဝတီကို ပြောသည်။

RNDP ပါတီသည် တိုင်းရင်းသား နိုင်ငံရေးပါတီများ အနက် ရာခိုင်နှုန်း အများဆုံး အနိုင်ရထားသော ပါတီတခုဖြစ်သည်။

ရခိုင်ပြည်နယ်၏ အစိုးရသစ်အဖွဲ့တွင် ၀န်ကြီးဌာန ၉ ခုပါရှိပြီး ကြံ့ဖွံ့ပါတီက ၅ ဦး၊ စစ်တပ် ကိုယ်စားလှယ်တဦး၊ RNDP ပါတီမှ ၃ ဦးအား ပြည်နယ်ဝန်ကြီးချုပ်က အဆိုပြုထားသည်။ ပြည်နယ်ဝန်ကြီးချုပ်သည် ကြံ့ဖွံ့ ကိုယ်စားလှယ် ဗိုလ်မှူးကြီးဟောင်း ဦးလှမောင်တင် ဖြစ်သည်။

တိုင်းရင်းသားပါတီများအနက် အကြီးဆုံးပါတီတခု ဖြစ်သော ရှမ်းတိုင်းရင်သားများဒီမိုကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူ ပါတီမှ အဆိုပြုခံရသူ ၂ ဦးသာရှိပြီး ပါတီ၏ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့် ဦးစိုင်းနော်ခမ်း တို့ဖြစ်ကြောင်း ပါတီ၏ တာဝန်ရှိသူ တဦးက ပြောသည်။

မွန်ပါတီသည် တိုင်းရင်းသားရေးရာ ၀န်ကြီးအတွက် ၂ ဦး အဆိုပြုခံထားရကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။

“ပြည်နယ်အဆင့်မှာ ၀န်ကြီးနေရာ ၂ ခု အဆိုပြုခံထားရပေမယ့် ဘာမှ လုပ်ပိုင်ခွင့်ရမယ့် အနေအထားမတွေ့ရဘူး။ တိုင်းရင်းသား တဦးစ၊ နှစ်ဦးစ အဆိုပြုတာက ရုပ်ပြကောင်းအောင် လုပ်တဲ့သဘောပါ” ဟု ဦးနိုင်ငွေသိန်း က ဆိုသည်။

“တိုင်းရင်းသား ကိုယ်စားလှယ်တွေကို သြဇာမရှိ၊ လုပ်ပိုင်ခွင့်မရှိတဲ့ ယဉ်ကျေးမှုတို့၊ ကျန်းမာရေးတို့ အဲဒီလိုဌာနတွေကိုပဲ ပေးမှာပါ။ ကျနော့်အမြင် ပြောရရင် ၀န်ကြီးနေရာ ယူတာထက် အတိုက်အခံ လုပ်သွားတာက ပိုကောင်းမယ်ထင်တယ်” ဟု ဦးနိုင်ငွေသိန်းက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ၀န်ကြီးဌာနများကို လိုသလို တိုးချဲ့နိုင်ပြီး လျှော့ချလိုပါကလည်း လျှော့ချနိုင်သည်ဟု ဆိုထားသည်။

ပြည်နယ်နှင့်တိုင်း ၀န်ကြီးချုပ် အားလုံးသည်ကြံ့ဖွံ့ ကိုယ်စားလှယ်များသာ ဖြစ်ပြီး ပြည်နယ်ဝန်ကြီးများကိုလည်း ၎င်းတို့ စိတ်ကြိုက် ရွေးချယ်ကြောင်း၊ အသက် ကန့်သတ်ချက်လည်း ကိုက်ညီမှုမရှိကြောင်း ချင်းအမျိုးသားပါတီ၏ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောသည်။

ဝန်ကြီး အဖြစ်အဆိုပြုခံရသူသည် အသက် ၃၅ နှစ် ပြည့်ပြီးသူ ဖြစ်ရမည်ဟု ၂၀၀၈ ဖွဲ့စည်းပုံက ဆိုထားသောကြောင့် ချင်းပြည်နယ်၏ ၀န်ကြီးချုပ်အဖြစ် အဆိုပြုခံထားရသူ ဦးငုန်းဟိုင်းက ပြည်နယ်ဝန်ကြီးအဖြစ် ရွေးချယ်ထားသော ကြံ့ဖွံ့ကိုယ်စားလှယ်တဦးဖြစ်သူ အသက် ၃၄ နှစ်အရွယ်ရှိ ဦးကွေ့ထောင်းအား ကန့်ကွက်ထားသည်။

“အသက်မပြည့်သူကို ၀န်ကြီးအဖြစ် အဆိုပြုတာဟာ ဥပဒေကို ဆန့်ကျင်ရာ ရောက်လို့ ကန့်ကွက်စာကို သမ္မတဆီကို ပို့ထားပါတယ်။ အသိအမှတ် ပြုတာ၊ မပြုတာကတော့ သူတို့ အပိုင်းပေါ့” ဟု ဦးဇိုဇမ်က ဆိုသည်။

ချင်းပြည်နယ်၏ အစိုးရ အဖွဲ့တွင် ချင်းအမျိုးသားပါတီမှ ၁ ဦး၊ ချင်းတိုးတက်ရေးပါတီမှ ၁ ဦး အဆိုပြုခံထားရပြီး ကျန်အားလုံးမှာ ကြံ့ဖွံ့ပါတီဝင်များနှင့် စစ်တပ်မှ ဖြစ်သည်။

ကရင်ပြည်နယ်၌လည်း ကြံ့ဖွံ့ပါတီဝင် မဟုတ်သော ကရင်တိုင်းရင်းသားပါတီက ၀န်ကြီးနေရာ တနေရာသာ အဆိုပြုခံထားရကြောင်း သိရသည်။

စစ်အစိုးရသည် တိုင်းရင်းသားပေါင်းစုံ ပါဝင်သော အစိုးရဖွဲ့၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ် ထူထောင်ကာအရပ်သား အစိုးရကို အာဏာလွှဲပြောင်းပေး မည်ဟုဆိုသော်လည်း အစိုးရသစ်တဖွဲ့လုံးတွင် စစ်ဗိုလ်ဟောင်းများနှင့်ကြံ့ဖွံ့ ကိုယ်စားလှယ်များကသာ လွှမ်းမိုးထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်