ရှမ်းပြည်နယ်အတွင်း သံချပ်ကာ တင့်ကားများ ဖြန့်ထား

E-mail Print
ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) ၏ ၀မ်ဟိုင်း ဌာနချုပ် ဒေသအနီးတွင် စစ်အစိုးရက ယခုရက်ပိုင်းအတွင်း တပ် အင်အားနှင့် သံချပ်ကာ တင့်ကားများ တိုးချဲ့ထားကြောင်း ရှမ်းပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများကို စောင့်ကြည့်နေသူများက ပြောသည်။

ဝမ်ဟိုင်း ဒေသသည် ရှမ်းပြည်နယ် မိုင်းရယ်မြို့နှင့် မိုင်းရှုးမြို့နယ် ကြားတွင်ရှိပြီး ယင်းဒေသ အနောက်ဘက်ခြမ်း၌ တိုးချဲ့ ထားကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ဧရာဝတီသို့ ပြောသည်။

ကျောက်မဲမြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ နှင့် လွိုင်လင် အခြေစိုက် (စကခ) ၂ လက်အောက်ခံ တပ်ရင်း ၇ ရင်းခန့် တိုးချဲ့ချထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုလဆန်းပိုင်းမှ စတင်၍ စစ်အစိုးရက စကခ ၂ တပ်ရင်းများသို့ သံချပ်ကာ ကား၂၀ ခန့် တောင်ကြီးမြို့မှ တဆင့် ပို့ဆောင် ထားကြောင်း မျက်မြင်သက်သေများကို ကိုးကား၍ ဦးစိန်ကြည် က ဆက်ပြောသည်။

SSA - မြောက်ပိုင်းသည် နအဖ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့်အဖွဲ့ဖြစ်ပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်း ဆန်ထားသည့် အဖွဲ့လည်း ဖြစ်သည်။ ၀မ်ဟိုင်းဌာနချုပ်ဘက်သို့ တပ်အင်အား တိုးချဲ့သည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး
ရှင်းရှင်း လင်းလင်း မသိရှိရ သေးပေ။

သို့သော် နအဖ စစ်အစိုးရက တပ်အင်အား တိုးချဲ့နေခြင်းသည် မကြာသေးခင် ရက်ပိုင်းက ၀မ်ဟိုင်း ဌာနချုပ်ဘက် သို့ ဖြတ် သန်း သွားလာနေသော ခရီးသည်တင်ကားနှင့် ကုန်တင်ကားကြီးများကို သွားလာခွင့် ပိတ်ပင်မှုများနှင့် တိုက်ဆိုင် နေသည်။

စစ်အစိုးရ အနေဖြင့် SSA - မြောက်ပိုင်းတပ်များကို ဖြိုခွင်းရန် တပ်အင်အားများ တိုးချဲ့ထားခြင်းသည် ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA -S) နှင့် SSA မြောက်ပိုင်း အကြား ဆက်ဆံရေးအရ ပူးပေါင်းဆောင်ရွက်မှုများ မလုပ်နိုင်ရန် ဖိအားပေးခြင်းသာ ဖြစ်ကြောင်းလည်း ဦးစိန်ကြည်က ပြောဆိုသည်။

ထို့အပြင် မိုင်းလား တပ်ဖွဲ့(NDAA) နှင့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) တို့သည်လည်း စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ငြင်းဆန်ထားသည်။

UWSA ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင် အဖွဲ့ ၁ဝ ဖွဲ့ထက် မနည်း ငြိမ်းချမ်းရေး ယူခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးအတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့သည်။

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များက စစ်အစိုးရ ထိန်းချုပ်မှုအောက်တွင် နယ်ခြားစောင့် တပ်ဖွဲ့ရန် ငြင်းဆန် ကာ လက်ရှိ အခြေအနေအတိုင်း ဆက်လက် နေထိုင်ခွင့်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ထိုသို့ ငြင်းဆန်မှုကြောင့် စစ်ရေးအရ တင်းမာမှုများ ပေါ်ပေါက်နေကြောင်း သတင်းဖော်ပြချက်များ အရ သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်