မိုဘိုင်းဖုန်း ဆက်သွယ်ရေး Prepaid စနစ်ပြောင်းမည်

E-mail Print
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တယ်လီဖုန်း ၀န်ဆောင်မှု လုပ်ငန်းများကို စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ တဦးတည်း လုပ်ကိုင်ခွင့် ရရှိနေသောကြောင့် မိုဘိုင်းဖုန်း ဆက်သွယ်ရေး လုပ်ငန်းကို ချုပ်ကိုင်လာမည်ဟု ရန်ကုန် စီးပွားရေး အသိုင်းအ၀န်းတွင် ဝေဖန် ပြောဆိုနေကြသည်။

မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်း အမျိုးအစား အားလုံးကို  နိုင်ငံတကာတွင် အသုံးပြုနေသကဲ့သို့  တယ်လီဖုန်းခေါ်ဆိုခအား  ကြိုတင် ငွေဖြည့်ကတ် သုံးသည့် စနစ် (Prepaid Card ) သို့ ပြောင်းလဲရန် စတင်စီစဉ်နေသည်ဟု သိရသည်။

phone400၂၀၁၀ ခုနှစ်ကစတင်၍ CDMA 450 MHZ ဖုန်းများတွင်  Prepaid Card စနစ်ကို ပြောင်းလဲခဲ့ပြီး ဆက်လက်၍ ကျန်ရှိနေ သေး သည့် GSM ၊ ဆယ်လူလာ၊ ကမ်းရိုးတန်း စသည့် မိုဘိုင်းဖုန်း အမျိုးအစား အားလုံးတွင် အဆိုပါ စနစ်ကို ယခုနှစ်အတွင်း အပြီး ပြောင်းလဲသွားမည်ဟု နေပြည်တော်ရှိ မြန်မာ့ဆက် သွယ် ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ အရာရှိတဦးက ပြောပြ သည်။

စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင်ဆိုင်သည့် Elite Tech IT Service ကုမ္ပဏီက ကျပ် ၅ သိန်းတန် GSM ကြိုတင် ငွေပေးချေကတ်(Prepaid card) များကို ရတနာပုံ ဆိုက်ဘာစီးတီးတွင် ထုတ်လုပ်မည်ဖြစ်ပြီး ဝန်ဆောင်မှုကို ရတနာပုံ တယ်လီပို့ ကုမ္ပဏီလီမိတက်နှင့် သတင်းအချက်အလက် နည်းပညာ ဗဟိုဝန်ဆောင်မှု ကုမ္ပဏီတို့အား လုပ်ကိုင်ခွင့်
ပေးထားကြောင်း သိရသည်။

“တယ်လီဖုန်းနဲ့ ပတ်သက်ပြီး  FEC 100 တန် ကတ် က စပြီး ၅ သိန်းတန် CDMA 450 MHZ နဲ့  850 MHZ ဖုန်းတွေ ထုတ်ပြီး ရောင်းတာကနေ စပြီး သူတဦးတည်း လုပ်ပိုင်ခွင့်တွေရခဲ့တာ။ အဲဒီ အချိန် တုန်းက ကမ်းရိုးတန်း ZTE တရုတ်က ထုတ်တဲ့ ဖုန်းတွေလည်း အကုန် ဘေးရောက်ကုန်ရော။ ရှိသမျှ တယ်လီဖုန်းလိုင်းတွေ ရဲ့ ၀န်ဆောင်မှု အကုန်လုံးရချင်တော့ တမျိုးပြီး တမျိုးဆက်သွယ်ရေးကို တင်ပြလိုက်။ အဲဒါကို အာဏာပိုင်တွေက အကျိုးအမြတ် ရတော့ လိုက်ပြောင်းလိုက်နဲ့ ဖုန်းမျိုးစုံနဲ့ ရှုပ်နေတာကတော့ ပြည်သူတွေပဲ ကျန်ခဲ့တယ် ”ဟု အဆိုပါအရာရှိက ဧရာဝတီကို ပြောသည်။

အဆိုပါ လုပ်ရပ်သည် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တယ်လီဖုန်း ၀န်ဆောင်မှု စနစ်များနှင့် ပတ်သက်၍  အရှေ့တောင် အာရှ နိုင်ငံအဆင့် တပြေးညီ ဖြစ်ပေါ်လာစေရန် စီစဉ်ဆောင်ရွက်နေခြင်း ဟု အာဏာပိုင်များက ပြော ဆိုသော်လည်း တကယ် တန်းတွင်မူ အာဏာပိုင် နှင့်  စီးပွားရေးလုပ်ငန်းရှင် ပူးတွဲ လုပ်ကိုင်သည့် အကျိုးအမြတ် ရရှိရေးအတွက်သာ ဦးတည်နေ သည်ဟု သူက ဆိုသည်။

“အရှေ့တောင်အာရှ နိုင်ငံ အထူးသဖြင့် တရုတ်နိုင်ငံ ကို GSM ဖုန်း ယူသွားပြီး ပြောလို့ ရအောင် ညှိနှိုင်းနေတာတွေ အ ကောင် အထည် မပေါ်သေးခင်မှာ  အခု Prepaid Card  ပြောင်းလဲတဲ့ ကိစ္စက ရှေ့ပြေးတခုလို့ ပြောရမှာပေါ့။ ကိုယ့်နိုင်ငံက လက်ရှိသုံးနေတဲ့ ဖုန်းမျိုးစုံကို  အထိုင်ကျအောင် အရင်လုပ်ပြီး နည်းပညာထပ်မြှင့်သွားတာက ပိုဖြစ်နိုင်တဲ့ အရာတခုကို အကောင် အထည်ဖော်တာလို့ မြင်တယ်”ဟု ရတနာပုံတယ်လီပို့မှ ဆက်သွယ်ရေး အင်ဂျင်နီ ယာတဦးက ပြောသည်။

ယခင်သုံးစွဲခဲ့သည့် Postpaid (ဖုန်းဘေလ်ဆောင်သည့် စနစ်) မှ Prepaid Card ( ကြိုတင် ငွေဖြည့် ကတ်သုံးသည့် စနစ်) သို့ ပြောင်းလဲလိုက်ခြင်းသည်  သုံးစွဲသူ ပြည်သူလူထု ဘက်မှ  ငွေကြိုတင်ငွေပေးရသည့် အခြေအနေမှ လွဲ၍ ဆက်သွယ်မှု တစုံ တရာ တိုးတက်ပြောင်းလဲခြင်းမရှိသော်လည်း ပြည်သူလူထု၏ တယ်လီဖုန်း သုံးစွဲမှု ဈေးကွက်ကို တိုးချဲ့ပေးပြီးမှ ပြန်လည် ချုပ် ကိုင်မည့် စနစ် ထူထောင်လာနေသည်ကို  တွေ့နေရသည်ဟု သူက ဆိုသည်။

“အခုနောက်ပိုင်းမှာ ချပေးတဲ့ ၅ သိန်းတန်ဖုန်းတွေကတော့  Prepaid Card စနစ်ပါပြီးသား ဆိုတော့ ပြောင်းစရာ မလိုတော့ ဘူး။ ဟိုးအရင်ချထားပေးခဲ့တဲ့ မိုဘိုင်းဖုန်းတွေနဲ့  နေပြည်တော် CDMA  450 MHZ  ဖုန်းတွေကို မတ်လကုန် နောက်ဆုံးထား လဲရ မယ်လို့ ကြေညာထားတယ်”ဟု ရန်ကုန်မြို့ပန်းဆိုးတန်းမြို့နယ်၊ ဆက်သွယ်ရေးရုံးမှ ၀န်ထမ်းတဦးက ပြောသည်။

သူက ဆက်၍“ကိုယ့်ဖုန်းမူရင်း ကတ်ပြပြီး Elite ကုမ္ပဏီ က ဖွင့်ထားတဲ့ ဆိုင်နဲ့ အဲဒီ ကုမ္ပဏီ ကနေ ယူရောင်းနေတဲ့ တဆင့်ခံ အရောင်းဆိုင်တွေမှာ  ပြောင်းလို့ရပါတယ်။  ပြောင်းနေတဲ့ အချိန်အတွင်း မှာတော့ တရက်ပိတ်ထားမယ်”ဟု ပြောသည်။

ထို့အပြင် ယခုလ ၂၀ ရက်နေ့မှ စတင်၍ ၅ သိန်းတန် တယ်လီဖုန်း ကုတ်နံပါတ်ကို ၀၁ မှ ၀၉ အဖြစ် ပြောင်းလဲ ခဲ့ပြီး ၊ ဖုန်း ခေါ်ဆိုခကိုလည်း GSM တယ်လီဖုန်းခေါ်ဆိုခ အတိုင်း ပြောင်းလဲ ကောက်ယူသွားမည်ဟု သိရသည်။

“လက်ရှိ ဖုန်းအမျိုး စုံကို  အထိုင်ကျအောင် အရင်လုပ်ပြီး နည်းပညာထပ်မြှင့်သွားတာက ကိုယ့်နိုင်ငံ အနေအထားနဲ့ ပိုကိုက် တယ်။ ဆက်သွယ်ရေးနည်းပညာနဲ့ ပတ်သက်ပြီး အိမ်နီးချင်း နိုင်ငံတွေ အတိုင်း ပညာရှင်တွေ ထပ်ခေါ် စနစ်တွေ ပြောင်းလုပ် လို့ ရနေတာ သိပေမယ့်  စီးပွားရေး အကွက်ရှိတော့ မသိချင် မမြင်ချင်ယောင်ဆောင်ထားတဲ့ အပိုင်းတွေ ရှိနေတယ်”ဟု ဆက်သွယ်ရေး အင်ဂျင်နီယာတဦးက ရှင်းပြသည်။

“မြန်မာပြည် တယ်လီဖုန်း ဆက်သွယ်ရေးစနစ်က တကမ္ဘာလုံး စံချိန်တင်လောက်အောင် ဖုန်းအမျိုးအစား စုံနေတာပဲ။ အမျိုး အစားစုံလို့နည်းစနစ် တခုတည်းလားဆိုတော့ မဟုတ်ပြန်ဘူး။ ဖုန်းခ ဈေးက အမျိုးမျိုး၊ တတိုင်းပြည်လုံး ခေါ်လို့ရတဲ့ဖုန်း ၊ နေပြည်တော် မှာ ပြောလို့ရတဲ့ဖုန်း။ ဒီလို အင်မတန်ရိုးရှင်းတဲ့ ဆက်သွယ်ရေးစနစ်ကိုတောင် ရှုပ်ထွေးအောင် လုပ်ထားတာ”ဟု ပြည်ပရောက် IT ကျောင်းသားတဦးက  ဆိုသည်။

အိမ်နီးချင်းနိုင်ငံများတွင် တယ်လီဖုန်း SIM ကတ် တခု ၀ယ်ပြီးပါက နံပါတ် သေတခု ရရှိပြီး ခေါ်ဆိုရန် Prepaid Card ၀ယ် ထည့်ပြီးပါက လွယ်ကူစွာ အသုံးပြု ဆက်သွယ်နိုင်သည့် ဖုန်းလိုင်းတခု ကို တန်ဖိုးနည်းနည်းဖြင့်ရရှိနိုင်ရန် စီစဉ် ပေး ထားသည်။

“GSM တွေ ပေါ်စတုန်းက သိန်း ၃၀ -၄၀ ရောင်း ၊ လိုင်း လျှောက်တိုင်းမရ  ဒီလို စီးပွားရေး ဆန်ဆန် ဘယ်လို လုပ်စားလို့ ရ မလဲ အတွေးရှိနေသရွေ့ဘာမှ မဖြစ်ဘူး။ အခုအခြေအနေက ၅ သိန်းတန် ဖုန်းတွေ တော်တော်များများ လူတိုင်းနီးပါး သုံးလာနိုင်အောင် ချပေးပြီး တော့လည်း ဖုန်းခေါ်ဆိုခတွေအမျိုးမျိုး ပြောင်းပြီး လှည့်ယူတာ တမျိုးလုပ်တာက ဘယ်နိုင်ငံမှာမှ မကြုံဖူး ဘူး”ဟု မဂ္ဂဇင်း အယ်ဒီတာ တဦးက ဆိုသည်။

ဦးတေဇပိုင် ထူး ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီတခုဖြစ်သော E – Lite ကုမ္ပဏီသည် ဖိုက်ဘာဆက်ကြောင်း အွန် လိုင်း ၀န်ဆောင်မှုအပြင် အိုင်တီ နည်းပညာ ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ဖုန်းဟန်းဆက်များ ထုတ်လုပ်တင်သွင်း ရောင်းချခြင်း၊ ကျပ် ၅ သိန်းတန် CDMA ဖုန်းလိုင်းများရောင်းချခြင်း၊ ၅ သိန်းတန်ဖုန်း ငွေဖြည့်သွင်းကတ်များ ဖြန့်ချိ ရောင်း ချခြင်း လုပ်ငန်းများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ယခုလက်ရှိတွင် GSM ရေဒီယို စခန်းပေါင်း ၃၀၊ CDMA 450 MHz ရေဒီယိုစခန်း ၁၅၁ ခု၊ CDMA 800 MHz ရေဒီယိုစခန်း ၄၂ ခု တို့ကို ဆောက်လုပ်လျက်ရှိပြီး ပြီးစီးသွားပါက မြန်မာတနိုင်ငံလုံးတွင် မိုဘိုင်းဖုန်း အရေအတွက် ၆၁၀၀၆၁ လုံး ရှိလာမည်ဟု မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လအထိ GSM ဖုန်း ၄၉၄၃၀၀၊ CDMA450MHzဖုန်း ၅၄၅၆၅၀၊ CDMA 800MHz ဖုန်း ၁၅၀၀၀၀၊ CDMA (Fixed) တယ်လီဖုန်း ၂၀၀၃၈ လုံး၊ WCDMAတယ်လီဖုန်း အလုံးရေ ၂၈၀၀၀ တို့ ချထားပေးပြီးဖြစ်ကြောင်း သိရှိရသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ GSM ဖုန်း အလုံးရေ ၅ သိန်းဝန်းကျင်ကို ချထားပေးပြီး ဖြစ်သည်။ GSM ဖုန်းများကို ၂၀၀၀ ပြည့်နှစ် ၀န်းကျင်မှ စတင် ချထားပေးခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်