ကြံ့ဖွံ့ပါတီကတ် ပြုလုပ်ရန် စည်းရုံး

E-mail Print
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်တချို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကတ်သည် မှတ်ပုံတင်ထက် ပိုမို အသုံးဝင်သည်ဟု ပြောဆို၍ အဆိုပါကတ် ပြုလုပ်ရန် စည်းရုံးလျက်ရှိကြောင်း သိရသည်။

members_of_USDAရန်ကုန်တိုင်း ဆိပ်ကြီး ခနောင်တိုမြို့နယ်၊ ကွမ်းခြံကုန်း၊ သုံးခွ၊ လှည်းကူး၊ တိုက်ကြီး၊ ဒေါပုံမြို့၊ ဒဂုံမြို့သစ် မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ လူငယ်များအား ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ရယက) နှင့် ကြံ့ဖွံ့ပါတီ ဝင်များက ၎င်းပါတီဝင်ကတ်သည် ခရီးသွားလာရာတွင် အဆင်ပြေပြီး နောင်တချိန် အခွင့်အရေးများစွာ ရရှိစေနိုင်သည့်အတွက် မှတ်ပုံတင်ထက် ပိုမိုအသုံးဝင်သော အဆိုပါကတ်ကို ပြုလုပ် ထားကြရန် ပြောဆို စည်းရုံးလျက်ရှိသည်။

̏တအိမ်တက် တအိမ်ဆင်းနဲ့ လူငယ်တွေကို လိုက်ပြောတယ်။ ကြံ့ဖွံ့ကတ်ရှိရင် မင်းတို့ ခရီးသွားတာကအစ မှတ်ပုံတင်တို့၊ ထောက်ခံစာတို့ ယူသွားစရာမလိုဘူး။ ဒီကတ်ပါရင် အားလုံး အဆင်ပြေတယ်။ နောက်နောင်မှာလည်း မင်းတို့လူငယ်တွေ အတွက်
အခွင့်အရေး အများကြီးရှိလာမယ်။ မင်းတို့ရဲ့ လမ်းတွေကိုလည်း အမြန်ဆုံး ခင်းပေးမယ် ဆိုပြီး လာစည်းရုံးတယ်” ဟု မြောက်ဒဂုံ ၄၉ ရပ်ကွက်အတွင်းရှိ လူငယ်တဦးက ပြောသည်။

တချို့သော ရပ်ကွက်များ အတွင်းတွင်လည်း ကြံ့ဖွံ့ပါတီများသည် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် ပေါင်းကာ လမ်းခင်းပေးမည်ဟု ဆိုပြီး တအိမ်တယောက် ကြံ့ဖွံ့ပါတီ ဝင်ခိုင်းနေကြောင်း၊ ကြံ့ဖွံ့ပါတီဝင်ထား သူများအား လမ်းမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး စသည့် ရာထူး များပေးနေကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီဝင်များသည် ရပ်ကွက်များအတွင်း လိုက်လံ စည်းရုံးရာတွင် တက္ကသိုလ် ကျောင်းသားများ၊ ဘွဲ့ရ လူငယ်များအား ရာထူး အခွင့်အာဏာများပေးမည်ဟု ဆိုကာ အဓိကထား စည်းရုံးလျက်ရှိသည်။

“အခု ကျနော်ဆိုရင် လမ်းထဲမှာ လမ်းမှူးအဆင့် ရနေပြီ။ ကျနော့် အဖေကိုတောင် သူတို့က ဥက္ကဋ္ဌ လုပ်ခိုင်းနေတာ။ ပြီးတော့ သူတို့ကပြောသေးတယ်၊ မင်းတို့တွေ အခုအချိန် ကတည်းက ကြိုးစားထား၊ နောင်တချိန်မှာ မင်းတို့ပဲ ဒီပါတီကို ဦးဆောင် ရမှာတဲ့” ဟု ကြံ့ဖွံ့ပါတီဝင်ထားသော GTC ဒုတိယနှစ် ကျောင်းသားတဦးက ပြောသည်။

တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ အထက်တန်း ကျောင်းသား ကျောင်းသူများ အကြားတွင်လည်း ကြံ့ဖွံ့ ပါတီဝင်သည့် ကိစ္စ ရေပန်းစားလျက်ရှိကြောင်း သိရသည်။

“ကျောင်းထဲမှာ ကြံ့ဖွံ့ကတ်ပြပြီး အနိုင်ကျင့်တဲ့ သူတွေတောင် ရှိတယ်။ အဲဒီကတ်က ကျောင်းတွေမှာ ခေတ်စားနေတာ။ သူငယ်ချင်း အချင်းချင်း စနောက်တာတောင် ငါက ကြံ့ဖွံ့နော် ဘာမှတ်နေလဲ ဆိုပြီးပြောကြတယ်။ တချို့လည်း အဲဒီကတ် အားကိုးနဲ့ ငါတို့ရှင်းပေးမယ် ဆိုတာမျိုးတောင် ဖြစ်နေကြတယ်” ဟု ဒဂုံတက္ကသိုလ်တွင် ဓာတုဗေဒ ဘာသာရပ် နောက်ဆုံးနှစ် တက်ရောက်နေသော ကျောင်းသား တဦးက ပြောသည်။

ကြံ့ဖွံ့ပါတီ ဝင်ရန်အတွက် စနေ၊ တနင်္ဂနွေ အစိုးရ ရုံးပိတ်ရက် များတွင် ရပ်ကွက်အတွင်း တအိမ်တက် တအိမ်ဆင်း လိုက်လံ၍
လိုင်စင် ဓာတ်ပုံများ ရိုက်ကူးပေးလျက် ရှိကြောင်း ဓာတ်ပုံဆိုင်များမှ သိရသည်။

“ဟိုတနေ့ကဆို ကြံ့ဖွံ့ကတ်မှာ ထည့်မလို့ ဆိုပြီး ဓာတ်ပုံတွေ လာကူးတယ်။ လူ ၄၀၀၀ စာလောက်ရှိမယ်။ ဒါတောင်မှ နောက်ထပ် လူတွေ ရှိသေးတယ်၊ ထပ်ကူးဦးမှာ၊ ဈေးလျှော့ပေးပါ ဆိုပြီး ပြောသွားတယ်” ဟု လှည်းတန်းဈေး အနီးရှိ ဓာတ်ပုံကူးဆိုင် တဆိုင်က ပြောသည်။

ကျော်ကျော်နှင့် ဝင့်နဒီ ပူးပေါင်း ရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်