လေယာဉ်ပျက်ကျ သေဆုံးသူများ ရုပ်အလောင်း ပြန်သယ်မည်

E-mail Print
ရုရှားနိုင်ငံ၌ ပြီးခဲ့သည့် စနေနေ့က လေယာဉ်ပျက်ကျ၍ သေဆုံးသွားသော မြန်မာ လေတပ်အရာရှိ၂ ဦး၏ ရုပ်အလောင်း များကို ယခုရက်ပိုင်းအတွင်း မိသားစုများထံသို့ ပြန်လည် သယ်ယူလာမည်ဖြစ်ကြောင်း သိရသည်။

ထိုအရာရှိ ၂ ဦးမှာ ဒုတိယ ဗိုလ်မှူးကြီး ထိန်လင်းအောင် နှင့် ဗိုလ်မှူး ဇော်ထွန်းအောင်တို့ ဖြစ်သည်ဟု မိသားစုဝင်များက ပြောဆိုသည်။

Russia400မြန်မာပြည်အတွက်ဝယ်ယူထားသည့် Antonov-An148 အမျိုးအစား ရုရှားလုပ် အဆိုပါလေယာဉ်သည် ရုရှားနိုင်ငံ အနောက်ဘက် မော်စကိုမြို့တောင်ဘက် မိုင် ၃၇၀ ခန့်ရှိ Belgorod ဒေသ၌ အမောင်းသင်ရင်း ပျက်ကျသွားရာမှ ရုရှား နိုင်ငံသား လေယာဉ်ဝန်ထမ်း ၄ ဦးနှင့်အတူ မြန်မာလေတပ်အရာရှိ၂ ဦးလည်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံ အရေးပေါ် အခြေအနေများ ကိုင်တွယ်ဖြေရှင်းရေး ၀န်ကြီဌာနအား ကိုးကား၍ Itar-Tass သတင်း၌ ဖော်ပြထားသည်။

ကွယ်လွန်သူ ဒုတိယ ဗိုလ်မှူးကြီး ထိန်လင်းအောင်၏ မိသားစုဝင်တဦးက“တရားဝင်လာပြောတာက နောက်ကျတယ်၊ ဖုန်းတွေနဲ့ အရင်ဝင်လာတာပေါ့၊ ဒီမှာ ကြားတာနဲ့ သူ့အမေက ဆေးရုံတင်ထားလိုက်ရတယ်၊ ရုပ်အလောင်းတွေ ဒီရက် ပိုင်းတော့ ရောက်မယ်၊ ရက်တော့ အတိအကျမသိရသေးဘူး”ဟု ပြောသည်။

အငြိမ်းစား လေတပ် အရာရှိကြီးတဦးက မြန်မာ့လေတပ် အတွက် တရုတ်နှင့် ရုရှားတို့မှ ၀ယ်ယူခဲ့သည့် လေယာဉ်များ မကြာခဏ ပျက်ကျမှုများရှိသောကြောင့် ထူးချွန်သော လေသူရဲများ အသက်ပေး ဆပ်နေကြရသည်ဟု ဆိုသည်။

“တို့လေတပ်မှာက တပတ်ရစ် နှစ်ပတ်ရစ်တွေကို ပြန်မွမ်းမံပြီး အရောင်းခံရတဲ့ လေယာဉ်တွေနဲ့ လေသူရဲကောင်းတွေဆုံးရှုံး နေတာဆက်တိုက်ပဲ၊ အခု ဗိုလ်ထိန်လင်းအောင်က ထူးချွန်ပြောင်မြောက်တဲ့ လေသူရဲ တဦးပဲ၊ သူက စခန်းမှူးဖြစ်ဖို့အထိ ရည်မှန်းထားတာ”ဟု အဆိုပါ အရာရှိကြီးက ဧရာဝတီသို့ ပြောသည်။

ယခု ပျက်ကျသည့် လေယာဉ်ကို အကြိမ် ၃၀ ကျော် စမ်းသပ်ပျံသန်းစစ်ဆေးခဲ့ပြီးဖြစ်ကြောင်းလဲ သတင်းများတွင် ဖေါ်ပြ ထားသည်။ မြန်မာနိုင်ငံသို့ မောင်းနှင် သယ်ဆောင်လာရမည့် အစီအစဉ်အတွက် နောက်ဆုံးစမ်းသပ် ပျံသန်းမှုဟုလည်း သိရှိရသည်။ Antonov လေယာဉ်စက်ရုံ ကလည်း ပျက်ကျ သွားသည့် Antonov-An148 အမျိုးအစား လေယာဉ်များကို မြန်မာနိုင်ငံ တင်ပို့ရန်ရှိကြောင်း သတင်းများ၌ ဖော်ပြထားသည်။

အဆိုပါလေယာဉ်အမျိုးအစားသည် လွန်ခဲ့သည့် ၂ နှစ်ခန့်က ဈေးကွက်သို့ ၀င်ရောက်လာပြီး လူရော၊ ကုန်ပါ တင်နိုင် သည့် အတွက် ရေပန်းစားလာသည့် အမျိုးအစားဖြစ်ကြောင်း၊ သို့သော် လေယာဉ် အင်ဂျင်နီယာ ပညာရှင်များကမူ စက်ပိုင်းဆိုင်ရာတွင် အားနည်းချက် ရှိကြောင်း ထောက်ပြထားသည်ဟု သိရသည်။

မြန်မာနိုင်ငံက ယင်း Antonov-An148 အပါအ၀င် တိုက်လေယာဉ်များ၊ စစ်လက်နက် ပစ္စည်းများ၊ ခဲယမ်းများနှင့် တခြား စစ်သုံးပစ္စည်းများကို မကြာခဏ ၀ယ်ယူခဲ့သည်။ မြန်မာအစိုးရ အနေဖြင့် စစ်လက်နက်ပစ္စည်းများကို အမေရိကန်နှင့် ဥရောပ နိုင်ငံများမှ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်ထားသော(Sanctions)ဥပဒေများကြောင့် ရုရှား၊ တရုတ်၊ မြောက်ကိုးရီးယား တို့မှ အဓိက ၀ယ်ယူနေခြင်းဖြစ်သည်။

မြန်မာ့တပ်မတော်(လေ) အဆင့်မြှင့် တိုးချဲ့ရေးအတွက် ၁၉၉၅ ခုနှစ်ခန့်က စတင် စီစဉ် လာခဲ့သော်လည်း ကုန်ကျ စရိတ်မြင့်မားသောကြောင့်သော်လည်းကောင်း၊ ပညာတတ်များသောလေတပ်အတွက် ကျည်းတပ်အင်အားစုထက် အရေး ပေး မှု အားနည်းခဲ့သည်ဟုလည်း တပ်မတော်(လေ) အသိုင်းအ၀ိုင်းက ပြောသည်။

ထို့အပြင် ရုရှားနိုင်ငံ တက္ကသိုလ် ၁၁ ခုတွင် မြန်မာနိင်ငံမှ ကျောင်းသား ၂၈၀၀ ကျော် ပညာသင်ကြားလျက်ရှိပြီး အထူး သဖြင့် အဏုမြူ စီမံကိန်းနှင့် တာဝေးပစ် ဒုံးကျည်ဆိုင်ရာ သင်ခန်းစာများကို သင်ယူနေကြကြောင်း၊ လွန်ခဲ့သည့်နှစ် အနည်းငယ် ကတည်းက စတင်ပြီး ရုရှားနိုင်ငံသို့ မြန်မာ့တပ်မတော် အရာရှိငယ်များကို စေလွှတ်ပညာသင်စေခဲ့ရာ အဆို ပါ အစီအစဉ်များကို ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ယခင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဟောင်းဦးသောင်း တို့က တာဝန် ယူထားကြောင်း သိရသည်။

ရုရှား နှင့် တရုတ် နိုင်ငံများမှ စစ်လက်နက်၊ ခဲယမ်း၊ လေယာဉ် အစရှိသည် ၀ယ်ယူရေးတွင် ယခု နောက်ပိုင်း၌ စစ် အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇက အဓိက ဆောင်ရွက်ပေးနေကြောင်း နီးစပ်သူတဦးက ပြော သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်