ထိုင်းနယ်စပ်မှ မြန်မာသို့ တရားမဝင် သကြားတင်သွင်းမှု ပိတ်ပင်

E-mail Print
ထိုင်းနိုင်ငံအတွင်း ဈေးနှုန်းသက်သာစွာဖြင့် သုံးစွဲနိုင်ရန် ထုတ်လုပ်သည့် အဆင့်မြင့် သကြားများကို ထိုင်းကုန်သည်တချို့က လစဉ် တန်ချိန် ရာနှင့်ချီ၍ မြန်မာနိုင်ငံဘက်သို့ တရားမ၀င် တင်ပို့နေမှုများကို ဖမ်းဆီးအရေးယူတော့မည် ဖြစ်သည်။

IMG400ယမန်နေ့က ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့သို့ ရောက်ရှိလာသော ထိုင်းစက်မှုဝန်ကြီး မစ္စတာ နိုင်ချိုင်းဝတ် ဗန်နာဝပ်က “ပြည်တွင်းစားသုံးမှု ဖူလုံအောင် သကြားတွေ ထုတ်ပေးထားတယ်။ အဲဒီလို နယ်စပ်တွေကနေ ခိုးထုတ်နေရင် လောက်ငှမှုမရှိဘဲ သကြားဈေးတွေ ထိုးတက်သွားမယ်။ အဲဒီလို မဖြစ်ရအောင် နယ်စပ်တလျှောက်မှာ တားဆီးသွားမယ်။ သကြား ခိုးထုတ်တဲ့သူတွေကိုလည်း ဖမ်းဆီးအရေးယူသွားမယ်”  ဟု ဒေသခံ သတင်းထောက်များကို ပြောသည်။

ထိုင်းနိုင်ငံသည် နယ်စပ်ဒေသမှတဆင့် အိမ်နီးချင်းနိုင်ငံများသို့ သကြားတင်ပို့မှုများကို တရားဝင် ပိတ်ပင်ထားသော်လည်း မြန်မာ၊ ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံများတွင် သကြားဈေး မြင့်တက်နေသည့်အတွက် အကျိုးအမြတ် ပိုမိုရရှိသောကြောင့် ကုန်သည်များက တရားမ၀င် တင်ပို့နေကြခြင်းဖြစ်ကြောင်း ထိုင်းစက်မှုဝန်ကြီးက ပြောသည်။

ယမန်နှစ်က တရားမ၀င် သကြားတင်ပို့မှုများကို ထိန်းချုပ်မှု မပြုလုပ်ခဲ့သဖြင့် ထိုင်းပြည်တွင်းတွင် သကြားပြတ်လပ်မှုဖြစ်ကာ ဈေးနှုန်းအဆမတန် ထိုးတက်သွားခဲ့ကြောင်း၊ ထိုင်းနိုင်ငံသားတဦး၏ သကြားစားသုံးမှုမှာ တနှစ်လျှင် ၃၈ ကီလိုနှုန်းရှိကြောင်း သိရသည်။

ထိုင်းပြည်တွင်းမှ နယ်စပ် မဲဆောက်မြို့အရောက် အဆင့်မြင့်သကြား ၁ ကီလို ဈေးမှာ ဘတ်ငွေ ၂၂ ဘတ် (ကျပ် ၆၂၀ ကျော်) ထက် မပိုသော်လည်း မြန်မာနယ်စပ်မြို့ မြ၀တီတွင်ဘတ် ၃၀ (ကျပ် ၈၅၀ ခန့်) ရှိပြီး ရန်ကုန်ဈေးကွက်တွင် ၄၆ ဘတ် (ကျပ် ၁၃၀၀ ကျော်) အထိ ရှိသဖြင့် အဆမတန် အကျိုးအမြတ်ရရှိသော ထိုင်းသကြားများကို တရားမ၀င်နည်းဖြင့် တင်သွင်းကြခြင်းဖြစ်သည်ဟု ထိုင်းနှင့် မြန်မာကုန်သည်များက ပြောသည်။

မြန်မာကုန်သည်တဦးက “သကြားကို မြ၀တီဘက် ခိုးသယ်ရပေမယ့် ထိုင်းအကောက်ခွန်က လူတွေကို ပေးကမ်းမှ သယ်လို့ရတဲ့ကိစ္စပါ။ သူတို့ကို မပေးကမ်းဘဲနဲ့တော့ ဘယ်လိုမှ သယ်လို့မရဘူး။ မြ၀တီဘက်ရောက်ရင်လည်း ပေးရကမ်းရတာတွေရှိတယ်။ ထိုင်းသကြားက နေ့တိုင်းနီးပါး သွားနေတာပဲ။ အခု အဖမ်းအဆီးရှိတော့ ခဏတော့ရပ်ထားရမယ်။ တနေ့ကဆို အသိကုန်သည်ရဲ့ သကြား ၁၅ တန်ကို ထိုင်းအကောက်ခွန်က သိမ်းလိုက်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် သကြားရှားပါးကာ အဆမတန် ဈေးမြှင့်တက်နေကြောင်း၊ ထို့ကြောင့် အိမ်နီးချင်းနိုင်ငံတချို့မှ ထုတ်လုပ်သည့် သကြားများထက် အရည်အသွေး ပိုမိုကောင်းမွန်ပြီး လူသုံးများသည့် ထိုင်းသကြားများကို တင်သွင်းရခြင်းဖြစ်ကြောင်း အဆိုပါကုန်သည်က ပြောသည်။

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောဖြစ်သော မဲဆောက်-မြ၀တီမှတဆင့် မြန်မာပြည်တွင်းသို့ သကြားများ တင်ပို့ရာတွင် အသုံးပြုသည့် ချစ်ကြည်ရေးတံတား၏ ဘေးဝဲယာရှိ ထိုင်းဘက်ခြမ်း လှေဂိတ် ၂၃ ခုကိုလည်း စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။

ယခုရက်ပိုင်းအတွင်း မြ၀တီဘက်သို့ တရားမ၀င် တင်ပို့မည့် သကြားတန်ချိန် ၁၀၀ ကျော်ကို ထိုင်းဘက်မှ ဖမ်းဆီးခဲ့ကြောင်း၊ အလားတူ အဖမ်းအဆီးများ ဆက်တိုက်လုပ်ဆောင်ပါက သကြားတင်သွင်းမှု ရပ်တံ့ပြီး ပြည်တွင်းဈေးကွက်၌ သင်္ကြန်ကာလမတိုင်မီ သကြားဈေးများ အဆမတန် ထိုးတက်သွားနိုင်သည်ဟု မြန်မာကုန်သည်များက ပြောသည်။

သကြားများ မတင်ပို့နိုင်ရန် မြန်မာနိုင်ငံဘက်နှင့် ထိစပ်နေသည့် ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်၊ မဲလမတ်၊ ထာ့ဆောင်ရမ်း၊ ဖုပ္ဖရ၊ အုန်းဖန် စသည့်မြို့နယ် ၅ ခုကိုလည်း ထိန်းချုပ်မှုများ ပြုလုပ်သွားမည်ဟု သိရသည်။

မဲဆောက်-မြ၀တီ ကုန်သွယ်ရေးလမ်းကြောကို မြန်မာအာဏာပိုင်များဘက်က လုံခြုံရေးအကြောင်းပြချက်ဖြင့် ယမန်နှစ် ဇူလိုင်လမှစတင်ကာ နှစ်နိုင်ငံချစ်ကြည်ရေးတံတား အပါအ၀င် တရားမ၀င်ဂိတ် ၃၀ ခန့်ကို ပိတ်ခဲ့သည်မှာ ယနေ့အထိဖြစ်သည်။

ထိုသို့ မြန်မာဘက်မှ နယ်စပ်ကုန်သွယ်ရေးကို ပိတ်ပင်ထားသော်လည်း ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံ ထုတ်ကုန်များကို နှစ်ဖက်နယ်စပ် အာဏာပိုင်များနှင့် ကုန်သည်များ နားလည်မှုယူကာ နေ့စဉ် အပြန်အလှန် တင်သွင်းလျက်ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်