လူငယ်တဦး ထောင် ၁၀၄ နှစ် ချခံရ

E-mail Print
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) (အထက်ဗမာပြည်) အဖွဲ့ဝင်တဦး ထောင်ဒဏ် ၁၀၄ နှစ် ချမှတ် ခံခဲ့ရသည်ဟု အတိုက်အခံ သတင်း ရပ်ကွက်က ဆို သည်။

ဗိုလ်မင်းယုကို (ခေါ်) ဖြိုးကြီးသည် အသက် ၂၀ ကျော် လူငယ်တဦး ဖြစ်ပြီး မန္တလေး ထောင်အတွင်း အကျဉ်းရုံး တရားစီရင် ခံခဲ့ရသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) က ဆိုသည်။

ဗိုလ်မင်းယုကိုအား တရားစီရင်ရာတွင် ရှေ့နေနှင့် မိသားစုဝင်များ သွားရောက်ခွင့် မရခဲ့ကြောင်း AAPP အသင်း တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ဧရာဝတီသို့ ပြောပြသည်။

“စစ်အစိုးရက မူးယစ်ဆေး ကုန်ကူးတဲ့ သူတွေကိုဆိုရင် သက်သက် ညှာညှာ ထောင်ချတယ်။ နိုင်ငံရေး လုပ်တဲ့ သူတွေကို ဆိုရင်တော့ ထောင်ဒဏ် နှစ်ရှည်တွေ ချတယ်” ဟု ကိုဘိုကြည်က ဆိုသည်။

ဗကသ (အထက်ဗမာပြည်)မှ အဖွဲ့ဝင် ၃ ဦးသည်လည်း ပြီးခဲ့သည့်လက ကြီးလေးသည့် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရကြောင်း ၎င်းတို့၏ လုပ်ဖော်ကိုင်ဘက်တဦးဖြစ်သူ ကိုထွန်းထွန်းက ပြောပြသည်။

“ကိုညီက ထောင်အနှစ် ၅၀ ချခံရတယ်၊ ကိုဝေမျိုးထူး နဲ့ မကေသီအောင်က ထောင် ၂၆ နှစ်စီ ချခံရတယ်” ဟု ကိုထွန်းထွန်းကဆိုသည်။

အသက် ၂၃ နှစ်အရွယ်ရှိ မကေသီအောင်သည် ကိုထွန်းထွန်း၏ ဇနီးသည်ဖြစ်ပြီး ကိုယ်ဝန် ၆ လ ရှိသည်ဟု သိရသည်။

AAPP အသင်း၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ၃ လအတွင်း နိုင်ငံရေးသမား အနည်းဆုံး ၂၈၀ ထောင်ဒဏ်ချမှတ်ခံရကြောင်း၊ ၎င်းတို့အထဲတွင် ဗိုလ်မင်းယုကိုသည် ထောင်ဒဏ် အများဆုံး ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်