မစ္စတာ ဒန်ကလေကို အာမခံ မပေး

E-mail Print
မြန်မာတိုင်းမ် အမှုဆောင် အရာရှိချုပ် မစ္စတာ ရော့စ် ဒန်ကလေအား ယနေ့ တတိယ အကြိမ်မြောက် ရုံးထုတ်ရာတွင် အာမခံ လျှောက်ထားမှုကို တရားသူကြီးက ပယ်ချ လိုက်သည်။

mmtimes-editor-01မြန်မာတိုင်းမ်မှ မန်နေဂျာ ဦးဝေလင်းက “ပြီးခဲ့တဲ့ တရားခွင်တုန်းက မစ္စတာ ဒန်ကလေရဲ့ ရှေ့နေတွေက အာမခံရဖို့ လျှောက်လဲချက် တင်ထားပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး မစ္စတာ ဒန်ကလေအပေါ် စွဲဆိုထားတဲ့ ပုဒ်မတွေဟာ အာမခံပေးလို့ မရဘူးလို့ တရားသူကြီးက အမိန့်ချမှတ်ပါတယ်” ဟု ပြောသည်။

ယနေ့တရားခွင်၌ တရားလိုဘက်မှ သက်သေအဖြစ် တင်သွင်းသည့် မစ္စတာဒန်ကလေ၏ ခြံနှင့် မျက်နှာခြင်းဆိုင်ခြံမှ ခြံစောင့်အလုပ်သမားတဦးနှင့် မူးယစ်ဆိုင်ရာ ဆရာဝန်တို့၏ ထွက်ဆိုချက်များကို တရားသူကြီးက ကြားနာခဲ့ကြောင်း သိရသည်။

အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ထုတ်ဝေနေသည့် မြန်မာတိုင်းမ်ဂျာနယ် အမှုဆောင်အရာရှိချုပ် မစ္စတာ ဒန်ကလေသည် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃ (၁)၊ ရာဇ၀တ်မှု ပုဒ်မ ၃၂၃၊ ၃၂၈၊ ၃၅၂၊ ၃၄၁ တို့ဖြင့် ငြိစွန်းသည်ဟု စွပ်စွဲခံရပြီး ကမာရွတ်တရားရုံးတွင် တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။

သြစတြေးလျနိုင်ငံသား မစ္စတာ ဒန်ကလေသည် ၂၀၀၀ ပြည့်နှစ်တွင် မြန်မာတိုင်းမ်ဂျာနယ်ကို ထိုစဉ်က တန်ခိုးထွားသည့် စစ်ထောက်လှမ်းရေး၏ ကျောထောက်နောက်ခံပြုမှုဖြင့် စတင်ထုတ်ဝေခဲ့သည်ဟု ရန်ကုန် စာနယ်ဇင်း အသိုင်းအ၀ိုင်းက ဆိုသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ စစ်ထောက်လှမ်းရေးအဖွဲ့ကို ၂၀၀၄ ခုနှစ်တွင် စစ်အစိုးရက ဖျက်သိမ်းခဲ့ပြီးနောက် မြန်မာတိုင်းမ်ဂျာနယ် ရှယ်ယာဝင် ဗိုလ်မှူးချုပ် သိန်းဆွေ၏သား ဦးဆန်နီဆွေလည်း အဖမ်းခံခဲ့ရကာ ၄င်း၏ အစုရှယ်ယာများကို ပြန်ကြားရေးဝန်ကြီးနှင့် နီးစပ်သည့် ဒေါက်တာ တင်ထွန်းဦးထံ လွှဲပြောင်းပေးခဲ့ရကြောင်း အမည်မဖော်လိုသည့် သတင်းဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

မစ္စတာ ဒန်ကလေကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီးနောက် ၃ ရက်အကြာတွင် ပြည်မြန်မာဂျာနယ်၊ သုတစွယ်စုံမဂ္ဂဇင်း အပါအဝင် အပတ်စဉ်ထုတ် ဂျာနယ်များနှင့် လစဉ်ထုတ် မဂ္ဂဇင်းများကို ထုတ်ဝေနေသူ စွယ်စုံမီဒီယာပိုင်ရှင် ဒေါက်တာတင်ထွန်းဦးက မြန်မာတိုင်းမ်ဂျာနယ် အယ်ဒီတာချုပ်အဖြစ် ပြောင်းလဲ တာဝန်ယူခဲ့သည်။

မစ္စတာ ဒန်ကလေအမှုကို မတ်လ ၂၃ ရက်နေ့တွင် ဆက်လက်ကြားနာရန် ကမာရွတ်တရားရုံးက ထပ်မံချိန်းဆိုထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်