အင်တာနက် လိုင်းကျမှု စီးပွားရေးလုပ်ငန်းများ ထိခိုက်

E-mail Print

မြန်မာနိုင်ငံအတွင်း အင်တာနက်လိုင်းများ နှေးကွေးနေခြင်း၊ လိုင်းများ ယခုနှစ်ဦးမှစ၍ ယခုအထိ မကြာခဏ ပြတ်တောက်နေခြင်းတို့ကြောင့် အင်တာနက်ကို ဆက်သွယ်ရေးလမ်းကြောင်းအဖြစ် မှီခိုလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများတွင် ထိခိုက်မှုများ ဖြစ်ပေါ်လျက်ကြောင်း သိရသည်။

burma_internet_shopယင်းသို့ နှေးကွေး၊ ပြတ်တောက်ခြင်းများကြောင့် နိုင်ငံခြားမှ ပစ္စည်းများ ဆက်သွယ်ဝယ်ယူရာတွင် အခက်အခဲများဖြစ်ပေါ်ပြီး နစ်နာမှုများ ရှိနေကြောင်း ဆေးဝါးဖြန့်ချိရေး ကုမ္ပဏီတခုက ပြောသည်။

အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူတဦးက “အီးမေးလ်သုံးလို့ မရတဲ့အတွက် အချိန်မီ ဆေးပစ္စည်းမှာလို့ မရတဲ့ပြဿနာတွေ ဖြစ်ခဲ့တယ်။ အင်တာနက်လိုင်းတွေ မကောင်းတာ လနဲ့ချီနေတာဆိုတော့ ကျနော်တို့ လုပ်ငန်းတွေတင်မကဘူး၊ နိုင်ငံတကာနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေ အားလုံးနီးပါး ပြဿနာရှိနေတာပဲ။ ရေရှည်ဖြစ်နေမယ်ဆိုရင်တော့ လုပ်ငန်းထဲမှာ အခုထက်ပိုပြီး ထိခိုက်နစ်နာမှုတွေ ဖြစ်နေဦးမှာပဲ” ဟု ပြောသည်။

အင်တာနက် ပြဿနာကြောင့် အခက်အခဲဖြစ်သော လုပ်ငန်းများတွင် သွင်းကုန်၊ ထုတ်လုပ်လုပ်ငန်းများ၊ လေယာဉ်လက်မှတ် အရောင်းဌာနများနှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများ ပါဝင်ကြောင်း၊ အစိုးရ၀န်ကြီးဌာနများတွင်လည်း အခက်အများရှိကြောင်း ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ကုန်သည်ကြီးများအသင်းမှ အသင်းဝင်တဦးက “ကျနော်တို့လည်း ပုံမှန် အင်တာနက်သုံးနေရတာပဲ။ ဒေါ်လာဈေး၊ ကမ္ဘာ့ရေနံဈေး၊ ရွှေဈေး အတက်အကျတွေပေါ်မှာ မူတည်ပြီး အလုပ်လုပ်ကြရတာ၊ လုပ်ငန်းလည်ပတ်ကြတာဆိုတော့ ဒီနေ့ခေတ်မှာ အင်တာနက် စနစ်ပေါ်မှာ အများကြီးမူတည်နေတယ်။ လုပ်ငန်းပိုင်းတွေမှာပါ အများကြီး ထိခိုက်လာတယ်” ဟု ပြောသည်။

ဆက်သွယ်ရေး ဝန်ကြီးဌာနကမူ ပြည်တွင်းအင်တာနက် မြန်နှုန်းများ တိုးမြှင့်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ဖိုက်ဘာဆက်ကြောင်းများအပြင် ပြည်တွင်းဆက်ကြောင်းများတွင်လည်း Bandwdth များတိုးချဲ့ရန် စီစဉ်နေသည်ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အင်တာနက်ကို အဓိက သုံးစွဲနေကြသူများမှာ ပြည်ပနှင့်ချိတ်ဆက်ပြီး လုပ်ကိုင်နေကြသော စီးပွားရေးလုပ်ငန်းရှင်များ၊ သတင်းမီဒီယာသမားများ၊ နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်လေ့လာနေကြသော ကျောင်းသူ ကျောင်းသားများ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များလည်း ပါဝင်သည်။

ခရီးသွား အေးဂျင့်တခုမှ ဝန်ထမ်းတဦးက “ဆက်သွယ်ရေးကတော့ ပြည်ပက တိုက်ခိုက်လို့လို ပြောတာပဲ။ တချို့ကလည်း ဒေါ်အောင်ဆန်းစုကြည် အင်တာနက်သုံးနေလို့လို့ ပြောကြတယ်။ ဘယ်ဟာ အမှန်လဲတော့ မပြောတတ်ဘူး။ အင်တာနက် သုံးလို့မကောင်းတာကတော့ အမှန်ပဲ” ဟု ပြောသည်။

ယခုကဲ့သို့ အင်တာနက်လိုင်းများ နှေးလာခြင်းနှင့် ပြတ်တောက်ခြင်းတို့မှာ ပြည်တွင်း အင်တာနက်ဆက်သွယ်မှု စနစ်များအား DDos Attack စနစ်ဖြင့် ပြည်ပနိုင်ငံများမှ တိုက်ခိုက်မှုများကြောင့် ဖြစ်ကြောင်း ယခုနှစ် အစောပိုင်းတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သတင်းထုတ်ပြန်ခဲ့သည်။

ဆိုက်ဘာတိုက်ခိုက်မှုများကို ၂၀၁၀ ခုနှစ်မှ စတင်ပြီး မကြာခဏ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း မြန်မာတယ်လီပို့မှ ဝန်ထမ်းတဦးက ပြောသည်။

“ပြည်ပ မီဒီယာဝက်ဘ်ဆိုက်တွေကို proxy တွေနဲ့လည်း ဖွင့်လို့မရအောင် ပိတ်တယ်။ ဂျီမေးလ်အကောင့်တွေကိုလည်း ခိုးကြည့်နေတော့ လိုင်းတွေကို တက်လိုက်ကျလိုက်ဖြစ်အောင် ထိန်းထားနေတဲ့အတွက် လိုင်းကျနေတယ်” ဟု မြန်မာတယ်လီပို့မှ အိုင်တီကျွမ်းကျင် ပညာရှင်တဦးကလည်း ပြောသည်။

ပြည်တွင်း အင်တာနက်လိုင်းများအား ရတနာပုံတယ်လီပို့မှ လိုသလို ထိန်းချုပ်၍ရကြောင်း အဆိုပါ အိုင်တီပညာရှင်က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ထူးကုမ္ပဏီခွဲတခုဖြစ်သော Elite ကုမ္ပဏီမှ ၀န်ဆောင်မှုပေးနေသော အင်တာနက်စနစ်ပါ CDMA 800 MHZ ဖုန်းများတွင်ပါ အင်တာနက်လိုင်းများ ကျဆင်းခြင်း၊ ပြတ်တောက်ခြင်းများ ဖြစ်ပေါ်နေသောကြောင့် အဆိုပါဖုန်း အပါအ၀င်၊ EVDO မိုဒန်းများပါ ရောင်းအား ကျဆင်းလျက်ရှိကြောင်း  သိရသည်။

မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲသူမှာ ၂၀၀၈ ခုနှစ်တွင် အင်တာနက် သုံးစွဲသူ ၇၈၀၀၀၊ ၂၀၀၉ ခုနှစ်တွင် ၉၃၀၀၀၊၂၀၁၀ ခုနှစ်တွင် ၃ သိန်းကျော်မှ ယခု ၂၀၁၁ တွင် ၃ သိန်း ၅ သောင်းကျော်အထိ တက်လာခဲ့ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းဇော်က ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ဆဋ္ဌမနေ့တွင် ပြောကြားသွားခဲ့သည်။

မြန်မာနိုင်ငံတွင် အင်တာနက် တပ်ဆင်ထားသော လိုင်းအရေအတွက် ၄ သောင်းကျော်ရှိပြီး အများစုမှာ ADSL အင်တာနက် လိုင်းဖြင့် ချိတ်ဆက်ထားခြင်းဖြစ်ကြောင်း၊ ADSL လိုင်းဖြင့် သုံးစွဲသူမှာ ရန်ကုန်မြို့တွင် အများဆုံးဖြစ်ပြီး ၅ ထောင်ဝန်းကျင် ရှိကြောင်းသိရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်