ဒေါ်အောင်ဆန်းစုကြည်နှင့် NDF ဒုတိယအကြိမ်တွေ့

E-mail Print
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ခေါင်းဆောင်များ လွန်ခဲ့သည့် အပတ်က ဒုတိယအကြိမ် တွေ့ဆုံခြင်းသည် ခိုင်မာသည့် ဆက်ဆံရေး အတွက် ပထမခြေလှမ်းဖြစ်သည်ဟု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေကပြော သည်။

party-after-meeting-with-senior-leader-of-National-Democratic-Forc“ဒီတခေါက် ဆွေးနွေးဖြစ်တာတွေက နိုင်ငံရေး ကိစ္စတွေပါတယ်၊ NDF ပါတီဖြစ်ခဲ့တာကို ရှင်းပြတယ်၊ နောက် ဒေါ်အောင်ဆန်း စုကြည်ကမေးတဲ့ လွှတ်တော်တွင်း ကျနော်တို့ပါတီရဲ့ အခြေအနေတွေ သေချာရှင်းပြတယ်၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ NDF ထဲဝင်ပြီး ဦးဆောင်မှာ မဟုတ်ပေမယ့် မြန်မာနိုင်ငံရေး ခေါင်းဆောင် တယောက်အနေနဲ့ ပါတီများ၏ ခေါင်းဆောင် အဖြစ် တက်လှမ်းလာမယ်လို့ မျှော်လင့်ထားပါတယ်။ လွှတ်တော် အတွင်းအပြင် နိုင်ငံရေး ကိစ္စတွေကို သေချာစိတ်ဝင်တစား ပွင့်ပွင့်လင်းလင်း ဆွေးနွေး ဖြစ်ခဲ့ပါတယ်”ဟု ဦးခင်မောင်ဆွေ က ဧရာဝတီ သို့ပြောသည်။

လွန်ခဲ့သည့် ကြာသပတေးနေ့က တွေ့ဆုံခြင်းသည် နိုင်ငံရေးအရ ပူးပေါင်းဆောက်ရွက်ရန် လမ်းစများပွင့်လင်း လာသည် ဟု ၄င်းက ဆက်လက် ပြောကြားသည်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ NLD(အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)ဆိုတဲ့ ပါတီတခုရဲ့ဥခွံထဲမှာပဲမနေဘဲ အမျိုးသားနိုင် ငံရေး လမ်းမပေါ်မှာ ပါတီပေါင်းစုံနဲ့ တွဲပြီး နိုင်ငံရေးခြေလှမ်းဆက်တက်လှမ်းလာရင် ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်တာ တွေ ဖြစ်လာဖို့ အကြောင်းတွေ အများကြီးရှိပါတယ်။ မြန်မာ့ ဒီမိုကရေစီ အရေးအတွက် မရှိမဖြစ်တဲ့ ခေါင်းဆောင် တယောက်လည်း ဖြစ်ပါတယ်”ဟုလည်း ဦးခင်မောင်ဆွေက ပြောသည်။

သို့သော် NDF ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်အပေါ် အကောင်းဘက်က မျှော်လင့်ထားသော်လည်း လွန်ခဲ့ သည့်ရက်အနည်းငယ်က ဥရောပ သမဂ္ဂ(EU) မှ သံတမန်များနှင့်တွေ့ဆုံစဉ်က စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုအပေါ်သဘောထား မှာလည်း ကွဲလွဲနေကြဆဲဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အနေနှင့် တရားဝင်ထုတ်ပြန်ထားသော စီးပွားရေးပိတ်ပင်မှုဆိုင်ရာ သဘောထား ကြေ ညာချက်အတိုင်းရှိနေကြောင်း၊ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများသည် မြန်မာနိုင်ငံ ဒီမိုကရေစီဖြစ်စဉ် အတွက် အထောက်အကူဖြစ်ရေးရည်ရွယ်ခြင်းဖြစ်ပြီး တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျရခြင်း၏ အကြောင်းအရင်းမှာ မှားယွင်းသော စီမံ အုပ်ချုပ်ရေးကြောင့်သာဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

“စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကို  တစိပ်တဒေသပဲဖြစ်ဖြစ်၊ အားလုံးဖြစ်ဖြစ် ရုပ်သိမ်းလိုက်တယ်ဆိုရင် ဒါဟာ လက်ရှိအစိုးရကို မှားယွင်းတဲ့ အရိပ်အယောင်ပြလိုက်တာပဲဖြစ်သွားမယ်”ဟူ၍ အဆိုပါ EU သံတမန်များနှင့် တွေ့ဆုံပွဲတွင်ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်ဟု NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ဧရာဝတီ သို့ပြောသည်။

NDF နှင့် တခြားသော နိုင်ငံရေးပါတီများသည် စစ်ဗိုလ်ချုပ်ကြီးများကို တိုက်ရိုက်ပစ်မှတ်မထားသော ပြည်သူလူထု ထိခိုက်နိုင်သည့် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများအား ရုပ်သိမ်းပေးသင့်ကြောင်း EU သံတမန်များကို ပြောဆိုခဲ့ကြောင်း  ဦးခင်မောင်ဆွေ က ပြောကြားသည်။

အာရပ်နိုင်ငံများတွင် ဖြစ်ပေါ်နေသော လူထုလှုပ်ရှားမှုများ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာနိုင်ခြေ ရှိမရှိဆိုသည့် EU သံတမန် များ၏အမေးကို ဒေါ်အောင်ဆန်းစုကြည်က“မြန်မာပြည်ရဲ့အခြေအနေဟာ ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ရဦးမယ်”ဟုပြော ကြားခဲ့သော်လည်း“လတ်တလောမှာ ဖြစ်လာနိုင်စရာ အကြောင်းမရှိ”ဟု ဦးခင်မောင်ဆွေက ဖြေကြားခဲ့သည်ဟု ဆို သည်။

ထိုသို့ EU သံတမန်များနှင့် တွေ့ဆုံပြီးနောက်တရက်တွင် NDF ပါတီခေါင်းဆောင်များဖြစ်သော ဒေါက်တာသန်းငြိမ်းနှင့် ဦးခင်မောင်ဆွေ တို့နှစ်ဦးသည် NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦး၏ နေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

NDF ပါတီခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံဆွေးနွေးမှုများနှင့် ပတ်သက်ပြီး NDF ပါတီ ရပ်တည်ရေးအတွက် စစ်အစိုးရက အပြစ်ရှာဖြိုခွဲမည်ကို စိုးရိမ်မှု မရှိကြောင်းလည်း ပြောဆိုသည်။

“လူတွေတော်တော်များများနဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့နေတာပဲဗျာ၊ ကျနော်တို့ကိုမှရွေးပြီး အပြစ်ရှာမယ်လို့ တော့ ကျနော်တော့ မထင်ဘူး”ဟု ဒေါက်တာသန်းငြိမ်းက ပြောသည်။

သို့သော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က NDF ပါတီ ဥက္ကဋ္ဌ နှင့် နိုင်ငံရေးဦးဆောင်သူများကို ရွေးကောက်ပွဲတွင် ရန်ပုံငွေသုံးစွဲမှုနှင့်ပတ်သက်ပြီး အရေးယူရန်စီစဉ်နေကြောင်း အတည်မပြုနိုင်သော သတင်းများလည်း ထွက်ပေါ်နေသည်။

ရွေးကောက်ပွဲကာလ၌ ဥပဒေနှင့်မညီသော ရန်ပုံငွေသုံးစွဲမှု အပါအ၀င် နိုင်ငံရပ်ခြားမှ ငွေကြေးရန်ပုံငွေများ လက်ခံခဲ့သည် ဟူသော NDF ပါတီအပေါ် စွပ်စွဲချက်များနှင့်ပတ်သက်ပြီး လွန်ခဲ့သော ၃ လ ကျော်ကတည်းက ရွေးကောက်ပွဲကော်မရှင်နှင့် အသေအချာအားလုံးရှင်းပြီးသားဖြစ်သည် ဟု ဒေါက်တာသန်းငြိမ်းက ပြောသည်။

“ကျနော်တို့ ပါတီကို ခင်ဗျားပြောတဲ့ အရေးယူမယ်ဆိုတာနဲ့ ပတ်သက်ပြီး ကျနော်တော့ လုံးဝ မသိဘူး”ဟုလည်း ၎င်းက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်