မစ္စတာ ဒန်ကလေအမှု မှုခင်းဆရာဝန်နှင့် အမှုစစ်ရဲအရာရှိတို့ ထွက်ဆို

E-mail Print
မြန်မာတိုင်းမ် အမှုဆောင်အရာရှိချုပ် မစ္စတာ ရော့စ် ဒန်ကလေကို ယနေ့ စတုတ္ထအကြိမ် ရုံးထုတ်ပြီး မှုခင်းဆရာဝန်ကြီးနှင့် အမှုစစ် ရဲအရာရှိတို့၏ ထွက်ဆိုချက်များကို စတင်ကြားနာသည်။

Dunkley-Mar
မှုခင်းဆရာဝန်ကြီး ဒေါက်တာ ကျော်ထွန်းအောင်က တရားလို မခိုင်ဇာလင်း (အသက် ၂၈ နှစ်) သည် ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၆ နာရီ၌ ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဌာနသို့ ရောက်ရှိလာကြောင်း၊ တာဝန်ကျ ဆရာဝန်က စစ်ဆေးရာ လူနာမှာ ကောင်းစွာ သတိရပြီး ရှေ့လည်ပင်းပေါ်တွင် ညိုမည်း သွေးခြေဥဒဏ်ရာ ၂ ခု၊ ညာနဖူးပေါ်တွင် ဖူးယောင်ဒဏ်ရာ တခုတွေ့ရကြောင်း၊ လူနာက အမည်မသိ ဆေးဝါးများ တိုက်ကျွေးခံရကြောင်း ပြောသဖြင့် ရန်ကုန် ဆေးရုံကြီး၊ အဆိပ်ဗေဒဌာနသို့ ဆက်လက် လွှဲပြောင်းပေးကြောင်း ထွက်ဆိုသည်။

မူခင်းဆရာဝန်ကြီးက လူနာသည် နောက်တရက်တွင် ဆေးရုံမှ ပြန်ဆင်းကြောင်း၊ လူနာတွင် ၁၄ ပတ်သားအရွယ် ကိုယ်ဝန်ရှိနေသည် ကိုလည်း စစ်ဆေး တွေ့ရှိရကြောင်း၊ ဆေးရုံသို့ ဇန်နဝါရီ ၂၇ ရက်နေ့တွင် ထပ်မံလာရောက် ပြသပြီး ထူးခြားမှု တစုံတရာ မရှိဟု ဆက်လက် ထွက်ဆိုသည်။

မှုခင်းဘက်ဆိုင်ရာ ထင်မြင်ချက်အနေဖြင့် လူနာသည် သာမန်ဒဏ်ရာ၊ တုံးသောလက်နက်၊ အတွင်းလူနာဟု ယူဆကြောင်း မှုခင်းဆရာဝန်ကြီးက ပြောသည်။

မစ္စတာ ဒန်ကလေ၏ ရှေ့နေ ဦးအောင်သန်းဦးက မှုခင်းဆရာဝန်ကြီးအား မေးခွန်းထုတ်ရာ အမျိုးအမည် မသိ ဆေးဝါးများ သုံးစွဲထားသည်ဟု သက်ဆိုင်ရာ ဆေးစစ်ဌာနက အကြောင်းပြန်ကြောင်း ဖြေကြားသည်။

နေ့လယ် ၂ နာရီခွဲခန့်တွင် ကမာရွတ်မြို့နယ် ရဲစခန်းမှာ အမှုစစ်အရာရှိ ဒုရဲအုပ် မောင်မောင်အေးကို ဆက်လက် ကြားနာစစ်ဆေးသည်။

ဒုရဲအုပ် မောင်မောင်အေးက တရားလို မခိုင်ဇာလင်းနှင့် ပတ်သက်သည့် စွဲဆိုချက်များအပြင် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဆိုင်ရာများကို ထွက်ဆိုသွားသည်။

မစ္စတာ ဒန်ကလေသည် ယခင်က လဝက ဆိုင်ရာ ပြစ်ဒဏ်များ တစုံတရာ ချမှတ်ခံရဖူးခြင်း မရှိဟု အမှုစစ်အရာရှိက ထွက်ဆိုသည်။

ထွက်ဆိုချက်များကို ဘာသာပြန်သူက မစ္စတာ ဒန်ကလေအား အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပေးသည်။

မှုခင်းဆရာဝန်ကြီးနှင့် အမှုစစ်အရာရှိတို့၏ ထွက်ဆိုချက်များသည် ညနေ ၃ နာရီ ၄၅ မိနစ်၌ ပြီးဆုံးကြောင်း၊ မစ္စတာ ဒန်ကလေက ပြစ်မှုကျူးလွန်သည့် အနေအထားအပေါ် မူတည်၍ အာမခံ ရရှိရေး စဉ်းစားပေးပါရန် တရားသူကြီးထံ လျှောက်ထားရာ လာမည့် မတ်လ ၂၉ ရက်နေ့တွင် ရုံးချိန်းထပ်ပေးပြီး ထိုနေ့တွင် စဉ်းစားပေးမည်ဟု တရားသူကြီးက ပြောကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်