ရော့စ် ဒန်ကလေ သိန်း ၁၀၀ ဖြင့် အာမခံရ

E-mail Print
မြန်မာတိုင်းမ် ဂျာနယ်ကို ပူးတွဲတည်ထောင်သူ မစ္စတာ ရော့စ် ဒန်ကလေ၏ ရှေ့နေများ အာမခံ လျှောက်ထားမှုကို ယနေ့ နေ့လယ် ၃ နာရီ ၁၅ မိနစ်တွင် ကမာရွတ်မြို့နယ် တရားရုံးမှ ခွင့်ပြုလိုက်ပြီး အာမခံပေးလိုက်ပြီ ဖြစ်သည်။

Dunkley-and-Tin-Tun-Ooနှစ်ဖက် လျှောက်လဲချက်များကို ရုံးတော်မှ အပြန်ပြန်အလှန်လှန် သုံးသပ်ခဲ့ပြီး မစ္စတာ ဒန်ကလေသည် နှလုံးရောဂါကြောင့် ဆေးဝါးကုသ ခံနေရသူဖြစ်ကြောင်း ဒေါက်တာ စောဝင်း၏ ထွက်ဆိုချက်နှင့် မြန်မာတိုင်းမ် ဂျာနယ်၏ အမှုဆောင် အရာရှိချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူဟူသော ဂုဏ်သိက္ခာများအရ ယခုကဲ့သို့ အာမခံပေးလိုက်ခြင်းဖြစ်ကြောင်း ကမာရွတ်မြို့နယ် တရားသူကြီးမှ ဖတ်ကြားသွားသည်။

ယခုလက်ရှိ မြန်မာတိုင်းမ် ဂျာနယ်၏ အမှုဆောင်အရာရှိချုပ်အဖြစ် လွှဲပြောင်း တာဝန်ယူလိုက်သူ ဒေါက်တာ တင်ထွန်းဦးနှင့် မြန်မာတိုင်းမ် ဂျာနယ် မန်နေဂျာ ဦးဝေလင်းတို့က ကျပ်ငွေ သိန်း ၅၀ စီဖြင့် စုစုပေါင်း သိန်း ၁၀၀ ကို အာမခံတင်ပေးကြသည်။

ယနေ့ တရားခွင် ကြားနာမှုကို နေ့လယ် ၁ နာရီခွဲတွင် စတင်ရာ မစ္စတာ ဒန်ကလေ၏ ရှေ့နေများ ဖြစ်ကြသော ဦးအောင်သန်းစိုးနှင့် ဦးအောင်ဝင်းနိုင်တို့က လျှောက်လဲချက်များ တင်ပြခဲ့ကြသည်။

ရှေ့နေကြီး ဦးအောင်သန်းစိုးက လျှောက်လဲရာတွင် တရားလို မခိုင်ဇာလင်းသည် ၁၆-၁-၂၀၁၁ တွင် မစ္စတာ ရော့စ် ဒန်ကလေမှ ခေါ်ဆောင်သွားခဲ့သည်ဟု တရားရုံးတော်တွင် ထွက်ဆိုခဲ့သော်လည်း ကမာရွတ် ရဲစခန်း၏ ပထမ သတင်းပေး တိုင်ကြားချက် (FIR)  တွင် ၁၇-၁-၂၀၁၁ နံနက် ၁ နာရီတွင် အခင်းဖြစ်ပွားခဲ့သည်ဟု ဖော်ပြပါရှိခြင်း၊ သူမအား ဆေးဝါးများ တိုက်ကျွေးခဲ့ပါသည်ဟု ထွက်ဆိုသွားသော်လည်း တိကျခိုင်လုံသော အထောက်အထားများ မတွေ့ရခြင်း၊ ထို့အပြင် ဆေးစာများအရ တရားလိုသည် အရက်စွဲနေသူတဦးဟု ဖော်ပြထားခြင်း၊ ထိုသို့ အရက်စွဲနေသူ၊ နိုက်ကလပ်၌ ညစဉ် ကျင်လည်ခဲ့သူ၊ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်၏ အပြင်ရောက်ရှိနေသူ အမျိုးသမီးတဦး၏ ထွက်ဆိုချက်များအပေါ် အမှန်ဟု ရုံးတော်မှ မယူဆသင့်ကြောင်း ပြောသွားသည်။

ထို့အပြင် အမှုဖြစ်စဉ်များကို သေချာစွာထောက်ရှု၍ တရားလို မခိုင်ဇာလင်းသည် မစ္စတာ ဒန်ကလေ၏ နေအိမ်အတွင်း ရောက်ရှိနေသည်ဟု စွပ်စွဲချက်မှာ ခိုင်မာမှု မရှိကြောင်း၊ တရားလို မခိုင်ဇာလင်းအား အထောက်အပံ့ ဖြစ်စေမည့် လူသက်သေ၊ ပစ္စည်းသက်သေ ခိုင်မာစွာ မတွေ့ရှိရကြောင်း၊ မစ္စတာ ဒန်ကလေက သူမအား နှုတ်ခမ်းနီ ဆိုးခိုင်းခြင်း၊ ဆေးကျွေး၊ အရက်တိုက်ခြင်းဟုဆိုရာတွင် တရားလို၏ လီဆယ် ထွက်ဆိုချက်များသာ ဖြစ်ကြောင်းနှင့် ထို့ကြောင့် ဤအမှုနှင့် ပတ်သက်၍ တရားခံအားစွဲချက် တင်သင့် မတင်သင့် ရှေ့နေကြီး ဦးအောင်သန်းစိုးက လျှောက်လဲချက်ပေးသည်။

ထို့နောက် မစ္စတာ ဒန်ကလေ၏ ရှေ့နေကြီး ဦးအောင်ဝင်းနိုင်ကလည်း ကမာရွတ် လ၀က ဦးစီးမှူး တရားလို ဒေါ်စ၀်လွင်လွင်မြင့်၏ လ၀က အက်ဥပဒေ ၁၃ (၁) ကို မစ္စတာ ရော့စ်ဒန်ကလေသည် ကျူးလွန်မှု မရှိကြောင်း တင်ပြ၍ ထပ်မံ လျှောက်လဲချက်ပေးသည်။ တရားခွင်အား နေ့လယ် ၂ နာရီ ၁၅ တွင် ခေတ္တရပ်နားပြီး ညနေ ၃ နာရီတွင် တရားခံအား အာမခံ ပေး၊ မပေး ဆုံးဖြတ်မည်ဟု ရုံးတော်က ကြေညာသည်။ ထို့နောက် တရားခံ၏ ကျန်းမာရေးနှင့် ဂုဏ်သိက္ခာကို စာနာ နားလည်စွာဖြင့် ပုဒ်မ ၄၉၇ (၁) ခြွင်းချက်အရ အာမခံ ပေးလိုက်ကြောင်း ကမာရွတ်မြို့နယ် တရားသူကြီးက ဖတ်ကြားသည်။

မြန်မာတိုင်းမ်ဂျာနယ် ၀န်ထမ်းများ၊ ဒေါက်တာ တင်ထွန်းဦး၊ တာဝန်ခံ အယ်ဒီတာ ဦးဇော်မြင့်၊ မြန်မာတိုင်းမ် (အင်္ဂလိပ်ပိုင်း) အမှုဆောင်အရာရှိချုပ် မစ္စတာ ဘီကလောက်တို့လည်း တရားခွင်သို့ တက်ရောက်သည်။ ဆဋ္ဌမအကြိမ် ရုံးချိန်းကို ဧပြီလ ၄ ရက်နေ့သို့ ထပ်မံ ချိန်းဆိုထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်