ရိုဟင်ဂျာအမှု ထိုင်း စုံစမ်းဖော်ထုတ်မည်

E-mail Print
မြန်မာပြည်မှ ရိုဟင်ဂျာ များကို ထိုင်း ရေတပ်က လူမဆန်စွာ ပြုမူသည့် ကိစ္စနှင့် ပတ်သက်၍ အကြောင်း ရင်းကို စုံစမ်း ဖော်ထုတ် သွားမည် ဖြစ်ကြောင်း ယနေ့ နံနက်တွင် ထိုင်း ဝန်ကြီးချုပ် အဖီဆစ် ဝေ့ချာချီဝက လူ့အခွင့်အရေး အဖွဲ့များအား ပြောခဲ့သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် ၎င်းစည်းဝေးပွဲကို ၁ နာရီအကြာ ကျင်းပခဲ့စဉ် ဝန်ကြီးချုပ်က “ခုလိုဖြစ်ရတာ ထိုင်းရဲ့ နိုင်ငံရေး မူဝါဒနဲ့ ဘာမှ မဆိုင်ပါဘူး။ ကျနော်တို့ အစိုးရရဲ့ မူဝါဒက ရွှေ့ပြောင်း အခြေချတဲ့ သူတွေ အပေါ်မှာ လေးစား တန်ဖိုးထားရပါတယ်။ ဒါ ဘယ်သူ့ လက်ချက်လဲဆိုတာ သိရဖို့် ဖော်ထုတ် သွားမှာပါ” ဟု ရှင်းပြကြောင်း အစည်းအဝေးသို့ ကိုယ်တိုင် တက်ရောက် ခဲ့သည့် ဘန်ကောက် မဟီဒေါ တက္ကသိုလ်၊ ငြိမ်းချမ်းရေး ဗဟိုဌာန၏ ဒါရိုက်တာ မစ္စတာ ဂေါ့သမ်အာရာက ပြန်လည် ပြောပြသည်။

မြန်မာပြည်မှ လှေဖြင့် ရောက်ရှိလာသော ရိုဟင်ဂျာများကို ထိုင်းရေတပ်က နိုင်ငံတကာ ရေပိုင်နက်ထဲသို့ ပြန်လည် မောင်းထုတ်ခဲ့သည်ဟု လူ့အခွင့်အရေး အဖွဲ့အစည်းများက ထိုင်းရေတပ်ကို ဝေဖန် စွပ်စွဲသဖြင့် ယနေ့နံနက် ဝန်ကြီးချုပ်က လူ့အခွင့်အရေး အဖွဲ့များနှင့် တွေ့ဆုံ ရှင်းလင်းခြင်း ဖြစ်သည်။

ထိုင်းရေတပ်က ရိုဟင်ဂျာများကို ကမ်းစပ်တွင် မှောက်ခိုင်းကာ လက်များကို ခေါင်းပေါ် တင်ထားစေပြီး သေနတ်ဖြင့် ချိန်၍ နိုင်ငံတကာ ရေပိုင်နက် အတွင်းသို့ ပြန်လည် မောင်းထုတ်ခဲ့သဖြင့် သေဆုံးသူ အနည်းဆုံး ၄ ဦးရှိပြီး အယောက် ၃၀၀ ပျောက်ဆုံး နေကြောင်း International Refugees နှင့် Human Rights Watch အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များက ပြောဆိုနေကြသည်။

သို့ရာတွင် မြန်မာပြည်မှ လာသည့် ရိုဟင်ဂျာများကို ထိုင်း ရေတပ်က ပင်လယ်ထဲသို့ ပြန်လည် မောင်းထုတ် ခြင်းအားဖြင့် ထိုင်းနှင့် မြန်မာနိုင်ငံ ဆက်ဆံရေးကို ထိခိုက်စရာ အကြောင်းမရှိဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ကဆစ် ဖိရုမ်းက နိုင်ငံခြား မီဒီယာများကို တနင်္ဂနွေနေ့က ပြောကြား လိုက်ကြောင်း တီအန်အေ သတင်းဌာနက ရေးသား ဖော်ပြထားသည်။

မစ္စတာကဆစ်က “နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှု တွေကို အာဆီယံ အသင်းကြီးရဲ့ တွန်းအားနဲ့ ပိုမို အားကောင်းအောင် တည်ဆောက် သွားမှာပါ။ ကျနော်တို့ ၂ နိုင်ငံစလုံးက အာဆီယံ အဖွဲ့ဝင်တွေပဲ မဟုတ်လား” ဟု ဆိုသည်။

၎င်း သတင်းတွင်ပင် ထိုင်းရေတပ် ဗိုလ်ချုပ်ကြီး စုန်းကိထိ ကျပ်ကာဗာ ကလည်း ထိုင်းရေတပ်သည် လူ့အခွင့်အရေးနှင့် ဆန့်ကျင်သည့် အပြုအမူများ၊ ရိုဟင်ဂျာ များအပေါ် အနိုင်ကျင့် အဓမ္မ တိုက်ခိုက်ခြင်းများ မပြုလုပ်ခဲ့ဟု ဆိုသည်။

ဆက်လက်၍ ၎င်းက နိုင်ငံခြား မီဒီယာများ အနေနှင့် ထိုကိစ္စကို အကျယ်ချဲ့ ရေးသားသော်လည်း နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်ရန် အကြောင်းမရှိဟု ပြောကြားသည်။

ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ကဆစ်သည် ယမန်နေ့က ထိုင်းနိုင်ငံ တောင်ပိုင်းသို့ သွားရောက်ခဲ့ပြီး မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနှင့် စင်ကာပူနိုင်ငံ သံအမတ်များနှင့် တွေ့ဆုံကာ လူကုန်ကူးခြင်း ကိစ္စရပ်များ လျော့ပါးစေရန် အိမ်နီးချင်း နိုင်ငံများ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။

အိန္ဒိယ ကမ်းစောင့်တပ်မှ အရာရှိများ၏ အဆိုအရ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ၄၄၆ ဦးပါဝင်သော လှေ ၄ စီးကို ဒီဇင်ဘာ ၂၉ ရက်နေ့မှ စတင်၍ ၎င်းတို့က ကယ်တင်ခဲ့ရသည်ဟု သိရသည်။ နောက်ဆုံး ကယ်တင်ခဲ့သည့် လှေပေါ်တွင် ဒုက္ခသည် ၁၅၂ ဦးပါပြီး ထိုဒုက္ခသည်များမှာ မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် နေထိုင်သူများ ဖြစ်ကြသည်ဟု ဆိုသည်။

အစ္စလမ် ဘာသာဝင်များဖြစ်ပြီး နိုင်ငံမဲ့နေသည့် လူနည်းစု တိုင်းရင်းသား ရိုဟင်ဂျာများသည် မြန်မာ အာဏာပိုင်များ၏ ညှဉ်းပန်း နှိပ်စက်မှုကို အမြဲတစေခံစား နေကြရသူများ ဖြစ်သည်။

ရိုဟင်ဂျာများသည် စားဝတ်နေရေး မပြေလည်သည့် အတွက် မြန်မာ့ ရေပိုင်နက် အက်ဒမန် ပင်လယ်မှတဆင့် အင်ဒိုနီးရှား၊ မလေးရှားနှင့် နီကိုဒါ ကျွန်းများသို့ ပွဲစားများ၏ အကူအညီဖြင့် ပင်လယ်လှိုင်း အငြိမ်ဆုံး ကာလ ဖြစ်သည့် နိုဝင်ဘာလတွင် လှေဖြင့် ထွက်ပြေးရန် နှစ်စဉ် ကြိုးစားမြဲဖြစ်သည်။

ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် ရိုဟင်ဂျာ အရေအတွက်မှာ နှစ်စဉ် တိုးတက် များပြား လျှက်ရှိသည် ဟုဆိုသည်။ ၂၀၀၅ - ၂၀၀၆ တွင် ၁၂၂၅ ဦးသာရှိသော်လည်း ၂၀၀၇ - ၂၀၀၈ တွင်မူ ၄၈၈၆ ဦး ရှိခဲ့ကြောင်း သိရှိရသည်။

၎င်း ရိုဟင်ဂျာများသည် ပုဂ္ဂလိကပိုင် မြန်မာ ကမ်းရိုးတန်း သင်္ဘောများ၏ ရေယာဉ်မှူးများကို ငွေပေးကာ ရခိုင်ပြည်မှ ရန်ကုန်သို့ တက်ခွင့် ရရန်လည်း အစဉ်အမြဲ ကြိုးစားလေ့ ရှိကြောင်း ကမ်းရိုးတန်း သင်္ဘောသား တဦးက ပြောပြသည်။

“ရခိုင်ပြည်မှာက သူတို့တွေကို အာဏာပိုင် တွေက အရမ်း နှိပ်စက်တယ်။ သူတို့ကလည်း အရမ်း ငတ်နေတော့ အာလူးလေး တလုံးပဲရရ အနှိပ်စက်ခံပြီး နေတာပဲ” ဟု သူက ပြောပြသည်။

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက ရန်ကုန်သို့ ခိုးဝင်ကာ အလုပ်အကိုင် ရှာဖွေရန် ကြိုးစားခဲ့သည့် ရိုဟင်ဂျာ ၁၀၀ ကျော်ကို မြန်မာ အာဏာပိုင်များ ဖမ်းမိကာ ထောင်ဒဏ် ၆ လစီ ချမှတ် လိုက်ကြောင်း သတင်းများတွင် ရေးသား ဖော်ပြထားခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်