စီးပွားကျ မြန်မာ အလုပ်သမားတို့ ပြည်တော် မပြန်နိုင်

E-mail Print
ထိုင်း စီးပွားရေး ကျဆင်း မှုကြောင့် ထိုင်း နိုင်ငံရောက် မြန်မာ အလုပ်သမား အများအပြား ဝင်ငွေ နည်းပါး လာပြီး ယခု နှစ်တွင် မိသားစုထံသို့ ပြန်နိုင်ကြမည် မဟုတ် ဟု အလုပ် သမားများက ပြောပြသည်။

ယခုလအတွင်း ထိုင်းမြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ဘက်သို့ တရားဝင် ကူးသန်းသွားရောက်သော မြန်မာ အလုပ်သမားပေါင်း ၅ဝဝဝ ဝန်းကျင် ရှိသည်ဟု ထိုင်း လူဝင်မှု ကြီးကြပ်ရေးဌာနနှင့် နီးစပ်သူတဦးထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်က ယခုအချိန်တွင် ထိုသို့  သွားရောက်သူ ၂ဝဝဝဝ ခန့်ရှိသည်ဟု ၎င်းက ဆိုသည်။

“ပုံမှန်အားဖြင့်ဆိုရင် ဒီလမှာ မြန်မာပြည် ပြန်ကြတာပဲ။ ဒီနှစ်တော့ ပြန်တဲ့ အလုပ်သမား တော်တော်လေးကို နည်းတယ်” ဟု ၎င်းက ဆက်လက် ပြောပြသည်။

မြန်မာပြည်သား အလုပ်သမားများမှာ မိသားစုထံသို့ တနှစ်လျှင်တကြိမ် ပြန်လေ့ရှိသည်။

ထိုင်းနိုင်ငံ တောင်ပိုင်း၊ ရာဘာခြံတခုတွင် လုပ်ကိုင်သည့် မရီက သားဖြစ်သူအား ရှင်ပြုပေးရန်အတွက် စီစဉ်ထားသော်လည်း “ဒီနှစ်တော့ လုပ်ဖြစ်မှာ မဟုတ်တော့ဘူး။ ဒီနှစ် ငွေမစုမိဘူး”ဟု ဧရာဝတီသို့ ရှင်းပြသည်။

ရာဘာခြံ အလုပ်သမားတဦးဖြစ်သူ ကိုနေမျိုးကလည်း ၎င်း၏ လုပ်ခငွေများ  လျော့နည်းလာသည်ဟု ဆိုသည်။ “ယိုးဒယားကို မလာခင် ပိုက်ဆံ ၃ သိန်း အကြွေးတင်ခဲ့တယ်။ ဒီကိုရောက်တာ ၁ နှစ်လောက် ရှိတော့မယ်။ အကြွေးလည်း ပြန်မပေးနိုင်သေးဘူး။ ရာဘာဈေးတွေ ကျနေတယ်”ဟု ပြောပြသည်။ ရာဘာဈေး ကျဆင်းခြင်းကြောင့် ၎င်း၏ ဝင်ငွေ ထိခိုက်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

လက်တလောကာလတွင် ကမ္ဘာ့ စီးပွားရေး အကြပ် အတည်းကြောင့် မြန်မာပြည်တွင်းမှ ထွက်ခွာပြီး အလုပ်အကိုင် ရှာဖွေသူ အရေအတွက် တိုးပွားလျက်ရှိကြောင်း ထိုင်းမြန်မာ နယ်စပ် သတင်းရပ်ကွက်တခုက ဆိုသည်။

မြန်မာပြည်မှ အလုပ်သမားများကို ထိုင်းနိုင်ငံအတွင်းသို့ ပို့ဆောင်ပေးသူတဦး၏ ခန့်မှန်းချက်အရ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် ရည်ရွယ်ချက်ဖြင့် ဘုရားသုံးဆူမြို့သို့ မြန်မာပြည်အရပ်ရပ်မှ ရောက်လာသူ အရေအတွက်မှာ နေ့စဉ် ၂ဝဝ ခန့် ရှိသည်ဟု ဆိုသည်။

ကမ္ဘာလုံးဆိုင်ရာ အကြပ်အတည်းက မွန်ပြည်နယ်၊ မုဒုံမြို့မှ လက်သမားဆရာ ကိုဝင်းကျော်သို့လည်း သွားရောက် ရိုက်ခတ်သည်။ ပုံမှန်အားဖြင့် ကိုဝင်းကျော်တွင် အိမ်ဆောက်သည့်အလုပ်များ တနှစ်စာ ပြည့်နေတတ်သည်။ “အခုတော့ အလုပ်က ပုံမှန် မရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယိုးဒယားကို သွားအလုပ်လုပ်တဲ့သူတွေက အိမ်ကို ငွေပြန်ပို့တာ နည်းလာတယ်။ ဒါကြောင့် ဒီက လူတွေလည်း အိမ်တွေဘာတွေ သိပ်မဆောက်နိုင်တော့ဘူး” ဟု ကိုဝင်းကျော်က ရှင်းပြသည်။

ကရင်ပြည်နယ် မြဝတီမြို့မှတဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ပြီး အလုပ် ရှာဖွေသူ နေ့စဉ် ၁ဝဝ ခန့် ရှိသည်ဟု မြဝတီမြို့မှ ကရင် တိုင်းရင်းသား လုပ်ငန်းရှင် တယောက်၏ အဆိုအရ သိရသည်။ ၎င်းတို့သည် စိုက်ပျိုးရေး လုပ်ငန်းများတွင် လုပ်ကိုင်ကြပြီး အချို့မှာ ဘန်ကောက်၊ ချင်းမိုင် စသည့် မြို့ကြီးများသို့ နည်း အမျိုးမျိုးဖြင့် သွားရောက်ကြသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ အနှံ့တွင် ရောက်ရှိနေသော မြန်မာပြည်သား အလုပ်သမားများမှာ ၄ သန်းခန့် ရှိမည်ဟု ခန့်မှန်းကြသည်။ ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနတွင် တရားဝင် မှတ်ပုံတင်ထားသူ အရေအတွက်မှာ ၅ သိန်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဧပြီလက အအေးခန်း ကုန်တင်ကားအတွင်း လိုက်ပါသွားသော မြန်မာပြည်သား ၅၄ ဦး ထိုင်းနိုင်ငံ တောင်ပိုင်းတွင် သေဆုံးမှု ဖြစ်ပွားပြီးနောက် ထိုင်းအာဏာပိုင်တို့က မြန်မာပြည်သားများ အလုံးအရင်းဖြင့် တရားမဝင် ဝင်ရောက်မှု တားဆီးရေးကို အရှိန်အဟုန်ဖြင့် လုပ်ကိုင်ခဲ့သည်။ သို့သော်လည်း မိသားစု စားဝတ်နေရေးကြပ်တည်းမှုကို ဖြေရှင်းရန် မြန်မာ အလုပ်သမား အများအပြား ထိုင်းနိုင်ငံအတွင်းသို့ ဆက်လက် ဝင်ရောက်နေကြဆဲဖြစ်သည်။

ယခုအခါ မဲဆောက်ဒေသမှ မြန်မာအလုပ်သမားတဦး ဘန်ကောက်သို့ သွားရောက်လိုပါက ပွဲစားခ ဘတ် ၁၇ဝဝဝ (ဒေါ်လာ ၆၅ဝ) ခန့် ကုန်ကျမည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်