သမ္မတသစ် သတင်းစာရှင်းလင်းပွဲ လုပ်မည်

E-mail Print
သမ္မတသစ် ဦးသိန်းစိန်က မကြာမီကာလတွင် ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်မည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန အသိုင်းအ၀ိုင်းက ပြောသည်။

MM-President-Thein-Sein-Delivers-a-Speech“မကြာခင်လုပ်မယ်လို့ ပြောတယ်။ ဘယ်နေ့ဆိုတာတော့ အတိအကျမသိသေးဘူး”ဟု ပြန်ကြားရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးတဦးက ဆိုသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို နေပြည်တော်ရှိ သမ္မတ အိမ်တော်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ပြည်တွင်း ပြည်ပ သတင်း သမား များကိုလည်း ဖိတ်ကြားသွားမည်ဟု ၎င်းက ပြောပြသည်။

ယင်းသတင်းစာရှင်းလင်းပွဲသို့ သမ္မတ အပါအ၀င် တက်ရောက်မည့်သူများကိုမူ မသိရှိရသေးကြောင်းလည်း ပြန်ကြားရေး ၀န်ကြီး ဌာနမှ ညွှန်ကြားရေးမှူး က ပြောသည်။

မြန်မာ့နိုင်ငံရေး လေ့လာသူ တဦးက“အရင် ဗိုလ်ချုပ်ကြီး ခင်ညွှန့် လက်ထက်ကတော့ သူအပါအ၀င် မဟာဗျူဟာ လေ့လာရေး ဌာန က သတင်းစာရှင်းလင်းပွဲကို ဦးဆောင်တယ်။ နောက် ပြန်ကြားရေးဝန်ကြီးနဲ့ ရဲချုပ်က ဦးဆောင်တယ်။ အခုလို နိုင်ငံတော် သမ္မတ က သတင်းစာရှင်းလင်းပွဲလုပ်မယ် ဆိုတော့ မီဒီယာသမားတွေ အတွက်ကော ပြည်သူတွေအတွက်ပါ ကောင်းမယ်လို့ထင် ပါတယ်”ဟု ဆိုသည်။

ပြည်တွင်း ဂျာနယ် အယ်ဒီတာ တဦးကမူ အစိုးရသစ်၏ ပွင့်လင်းမြင်သာမှုကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ပြောသည်။

“နိုင်ငံတော် သမ္မတ ကိုယ်တိုင် ဒီလိုသတင်းစာရှင်းလင်းပွဲ လုပ်မယ်ဆိုတာ ကောင်းပါတယ်။ သမ္မတကိုယ်တိုင် ကျမ်းသစ္စာကျိန် တဲ့နေ့ က မီဒီယာကို စတုတ္ထမဏ္ဍိုင်ဖြစ်တယ်လို့ ပြောသွားခဲ့သေးတာပဲ။ အစိုးရအသစ် ရဲ့ ပွင့်လင်းမြင်သာမှုကို စောင့်ကြည့်ရပါမယ်”ဟု ၎င်းက ဆိုသည်။

၎င်းက ဆက်လက်ပြီး“သတင်းစာရှင်းလင်းပွဲက အရင်ကလိုမဟုတ်ဘဲ တကယ်ပွင့်လင်းတဲ့ရှင်းလင်းပွဲဖြစ်ရင် အကောင်းဆုံးပေါ့။ သတင်းစာရှင်းလင်းပွဲ တခုလုပ်တာနဲ့တော့ ဒီမိုကရေစီအစိုးရဖြစ်ပြီလို့ မပြောနိုင်သေးပါဘူး”ဟုလည်း ပြောဆိုသည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက် သမ္မသစ် ကျမ်းသစ္စာကျိန်ဆိုပွဲတွင် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် စာနယ်ဇင်းများ၏ အခန်းကဏ္ဍကို အလေးထားရန် လိုအပ်ကြောင်း၊ စာနယ်ဇင်းများမှတဆင့် ပြည်သူများသိသင့်သည့် အချက်များကို အသိပေးရန် လိုသကဲ့သို့ စာနယ်ဇင်းများကလည်း အပြုသဘောဆောင်သည့် အကြံပြုချက်များကို အလေးထားရန်လိုအပ်ကြောင်း သမ္မတသစ် ဦးသိန်းစိန် က ပြောကြားခဲ့သည်။

“စာနယ်ဇင်းဆိုတာ တိုင်းပြည်အတွက် ကောင်းမွန်မှန်ကန်တဲ့ အရာတွေကို လမ်းပြနိုင်ရမယ်။ အဲဒီလို လမ်းပြဖို့ဆိုတာ စာနယ်ဇင်း လွတ်လပ်ခွင့်မရှိဘဲ မဖြစ်နိုင်ဘူး။ အစိုးရသစ်လက်ထက်မှာ တကယ်စာပေလွတ်လပ်ခွင့်ရမယ်ဆို ကောင်းတာပေါ့”ဟု ၀ါရင့် သတင်းစာဆရာ တဦးက ပြောသည်။

မကြာသေးမီကလည်း စာပေအမျိုးအစား ၆ မျိုးကို လွတ်လပ်စွာထုတ်ဝေနိုင်ခွင့်အား အစိုးရသစ်က ခွင့်ပြုလျှင် ထုတ်ဝေနိုင်တော့ မည်ဖြစ်ကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြည်တွင်းဂျာနယ်များကို ပြောကြားခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်