မြန်မာဘီယာ ဥပဒေကို လက်တလုံးခြား ကြော်ငြာလုပ်

E-mail Print
မြန်မာရိုးရာ အတာသင်္ကြန်တွင် အရက်၊ ဘီယာ၊ ဆေးလိပ်၊ စီးကရက်များ ကြော်ငြာခွင့်မရှိဟု အာဏာပိုင်များက ပြဌာန်းထားသော်လည်း မန္တလေးသင်္ကြန်၌  မြန်မာဘီယာက ၎င်း၏ ကြော်ငြာ အမှတ်တံဆိပ် ကရ၀ိတ်ဖောင်ပုံဖြင့် မဏ္ဍပ်ဆောက်လုပ်ကာ ကြော်ငြာနေသည်။

Myanmar-Beer
မန္တလေးကျုံးမြောက်ဘက်တွင် မြန်မာဘီယာက ကမကထပြုလုပ်၍ ၎င်း၏ အမှတ်တံဆိပ်ဖြစ်သည့် ကရ၀ိတ်ဖောင်ပုံကို ရိုးရာစပ်ပန်းချီဖြင့် ရေးဆွဲဆောက်လုပ်ပြီး “ မြန်မာတို့ရဲ့ မြန်မာဘီယာ” ဆိုသော မူရင်းစာသားနေရာတွင် “မြန်မာတို့ရဲ့ မြန်မာ” ဟု ရေးထိုးထားကြောင်း၊ ယင်းမဏ္ဍပ်တွင် နာမည်ကြီး Iron Cross (IC) တေးဂီတအဖွဲ့ဖြင့် ဖျော်ဖြေမည်ဖြစ်ကြောင်း မန္တလေးမြို့ခံ တဦးက ပြောသည်။

“ဘီယာဆိုတဲ့ စကားတလုံး မပါတာကလွဲရင် အရောင်အသွေး စာသားကအစ မြန်မာဘီယာပုလင်းမှာပါတဲ့ အတိုင်းပဲ။ လက်တလုံးခြား မလိမ့်တပတ် ဘီယာကြော်ငြာထားမှန်း အသိသာကြီး ”ဟု ၎င်းမြို့ခံကဆိုသည်။

ကြော်ငြာမဏ္ဍပ် ဆောက်လုပ်ခြင်းနှင့် IC တေးဂီတအဖွဲ့ ငှားရမ်းခြင်းကို မြန်မာဘီယာထုတ်လုပ်သည့် Myanmar Brewery လီမိတက်က ငွေကြေး စိုက်ထုတ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ အစိုးရထုတ်ပြန်ထားသည့် ဥပဒေကို လက်တလုံးခြား ချိုးဖောက်ကာ ကြော်ငြာခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။

အဆိုပါ မဏ္ဍပ်၏ ကြော်ငြာစာသားမှာ “မြန်မာတို့၏ အကြီးကျယ်ဆုံးပွဲတော်၊ အကျော်ကြားဆုံး တီးဝိုင်း၊ ဤတီးဝိုင်းနဲ့ ဒီနှစ်နွှဲပျော်မည့် မြန်မာ” ဟု ရေးသားထားပြီး မြန်မာဘီယာ တံဆိပ်ပုံပါ တီရှပ်အင်္ကျီများကိုလည်း ဝေငှကြောင်း သိရသည်။

Myanmar Brewery လီမိတက်ကို စင်ကာပူ အခြေစိုက် Fraser and Neave ကုမ္ပဏီနှင့် စစ်တပ်၏ စီးပွားရေး လုပ်ငန်းဖြစ်သည့် မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်တို့က ပူးတွဲပိုင်ဆိုင်သည်။

သင်္ကြန်ကာလအတွင်း  မဏ္ဍပ်များတွင် ကြော်ငြာများ ထည့်သွင်းပါက အရက်၊ ဘီယာ၊ ဆေးလိပ်၊ စီးကရက်နှင့် ပတ်သက်သော ကြော်ငြာများ ထည့်သွင်းခြင်းမပြုရဟု ယခင်စစ်အစိုးရ လက်ထက်ကတည်းက ဥပဒေ ထုတ်ပြန်ထားခြင်းဖြစ်ပြီး မကြာမီက ဖွဲ့စည်းခဲ့သည့် အစိုးရသစ်ကလည်း လိုက်နာကျင့်သုံးရန် သတ်မှတ်ထားပြီး ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရေကစားမဏ္ဍပ်များတွင် အရက်၊ ဘီယာ၊ စီးကရက်၊ ဆေးလိပ်တို့ကို ဆိုင်းဘုတ်ထောင်ကာ ကြော်ငြာခွင့်မရှိဟု တားမြစ်ထားသော်လည်း ပြီးခဲ့သည်နှစ်က ရေကစားမဏ္ဍပ်များ အနီးတ၀ိုက်တွင်မူ အဆိုပါကြော်ငြာများကို အပြိုင်အဆိုင် ဝေငှမှုများလည်း ရှိကြောင်း မန္တလေးမြို့ခံ စာရေးဆရာတဦးကလည်း ဆိုသည်။

မန္တလေးမြို့၌ ရေကစားမဏ္ဍပ်ပေါင်း ၃၀ ကျော်ရှိပြီး ယခင်နှစ်ထက် နည်းသွားသည်ဟု ဆိုနိုင်သော်လည်း IC တေးဂီ တအပါအ၀င် နာမည်ကြီး တေးဂီတ၀ိုင်းများဖြစ်သည့် Metal Zone နှင့် Tree Band စသည်တို့ လာရောက် ဖျော်ဖြေမည်ဟု သိရသည့်အတွက် ပိုမိုစည်ကားမည်ဟု ခန့်မှန်းကြောင်း အဆိုပါ စာရေးဆရာက ဆက်လက်ပြောသည်။

ယခုနှစ် မန္တလေး ကျုံးပတ်လည်တွင်  အသေးစား ရေစုပ်စက်များဖြင့် မိသားစုအလိုက်လည်းကောင်း၊ အဖွဲ့လိုက်လည်းကောင်း  ရေပက်သူမှာ ပိုမိုများပြားလာနိုင်ကြောင်း၊ ထိုကြောင့် ပြီးခဲ့သည့်နှစ်က ရေသုံးစွဲခွင့်အတွက် ၁ သောင်း ၅ ထောင်ကျပ်သာ မန္တလေး စည်ပင်သာယာရေး ကော်မတီသို့ ပေးသွင်းရသော်လည်း ယခုနှစ်တွင် ကျပ် ၅ သောင်း သတ်မှတ်ထားသည်ဟု စည်ပင်သာယာရေး ကော်မတီဝင်တဦးက ဆိုသည်။

ပြီးခဲ့သည်နှစ် ရန်ကုန်မြို့ ကန်တော်ကြီး ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည့်အတွက် လုံခြုံရေးအရ ရေကစား မဏ္ဍပ်များတွင် CCTV ကင်မရာများကို တပ်ဆင်ရန်နှင့် လုံခြုံရေးကို ပိုမိုတာဝန်ယူရန်  ယခုနှစ်တွင် အစိုးရက အမိန့်ထုတ်ပြန်ထားသည်။

ယခုနှစ် ရန်ကုန်သင်္ကြန်မှာမူ ကြီးမြင့်လာသည့် ကုန်ဈေးနှုန်းများကြောင့် ကုန်ကျစရိတ် မြင့်တက်လာခြင်းနှင့် ဗုံးအန္တရယ်ကြောင့်လည်း မိသားစုလိုက် ခရီးထွက်ခြင်း၊ တရားစခန်းနှင့် ရိပ်သာဝင်မည့်သူ များပြားသည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်