ရန်ကုန်သင်္ကြန် ယာဉ်တိုက်မှု ယမန်နှစ်ကထက် များပြား

E-mail Print
သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့၌ ဖြစ်ပွားသော ယာဉ်တိုက်မှုများသည် ယခင်နှစ်ကထက် များပြားပြီး သေဆုံးသူ ၅ ဦး ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူတဦးက သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှု ၃၂ မှု ဖြစ်ပွားခဲ့ကာ ၅ ဦးသေဆုံးပြီး ၆၅ ဦး ထိခိုက်ဒဏ်ရာရသည်ဟု ပြောသည်။

YGN-TG-11ယာဉ်ထိန်းရဲဌာနမှ ယာဉ်အမှုစစ်တဦးက “ဖြစ်တဲ့အမှုတိုင်းမှာ ယာဉ်မောင်းတွေ မူးနေတာများတယ်။ ကားတွေ မဏ္ဍပ်ရှေ့ တန်းစီရင်းဖြစ်တာတွေ လည်းရှိတယ်။ သင်္ကြန်ကာလ မူးနေတဲ့သူတွေများတော့ ယာဉ်ထိန်းတွေကလည်း နည်းနည်းလန့်တယ်လေ” ဟု ပြောသည်။

ယခုနှစ် ရန်ကုန်မြို့တွင် သင်္ကြန် ရေကစားမဏ္ဍပ်များ ဆောက်လုပ်မှု လျှော့ချခဲ့ခြင်းကြောင့် သင်္ကြန်ရေကစားသူများနှင့် လည်ပတ်သူများသည် အထင်ကရ မဏ္ဍပ်များတွင်သာ သွားရောက် စုရုံးနေကြကြောင်း သင်္ကြန်လည်ပတ်သူ ကိုဇော်အောင်က ဆိုသည်။

“မဏ္ဍပ်ကနည်းတော့ အဆိုတော်တွေ ကောင်းတဲ့ဆီမှာ လူတွေ၊ ကားတွေစုနေကြတယ်။ ထူးကုမ္ပဏီ မဏ္ဍပ်ရှေ့မှာဆို ကားတွေအပြည့်ပဲ။ မဏ္ဍပ်ရှေ့မှာတော့ လုံခြုံရေးတွေ၊ ယာဉ်ထိန်းတွေအများကြီးပဲ။ ဒါပေမယ့် လမ်းမရှင်းကြဘူး” ဟု ၎င်းကပြောသည်။

ယခုနှစ် ယာဉ်တိုက်မှု ၃၂ မှုတွင် အကြိုနေ့က ၆ မှု၊ အကျနေ့က ၁၀ မှု၊ အကြတ်နေ့က ၄ မှုနှင့်  အတက်နေ့က ၁၂ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နှစ်များက သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှုများမှာ ၂၀၀၉ ခုနှစ်တွင် ၂၂ မှုနှင့် ဒဏ်ရာရရှိသူ ၄၅ ဦး၊ ၂၀၁၀ ခုနှစ်တွင် ၂၁ မှုနှင့် ဒဏ်ရာရရှိသူ ၃၃ ဦးသာရှိခဲ့ပြီး နှိုင်းယှဉ်ပါက ယခုနှစ်တွင် ပိုမိုများပြားလာကြောင်း စာရင်းဇယားများကို ကိုးကား၍ ရန်ကုန်တိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးမှ တာဝန်ရှိသူတဦးက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်