နာရေးကူညီမှုအသင်း (ရန်ကုန်) ၁၀ နှစ်ပြည့် ကျင်းပမည်

E-mail Print
နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ရုပ်အလောင်းပေါင်း ၁ သိန်းကျော် ကူညီပေးခဲ့ပြီးချိန် ၁၀ နှစ်ပြည့်မြောက်သည့် အခမ်းအနားကို လာမည့် ဧပြီလ၂၃ ရက်နေ့၌ ရန်ကုန်မြို့ရှိ အသင်းတည်ရှိရာတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သိရှိရသည်။

FFSS-Invitation
“ကျမတို့အသင်းရဲ့အလှုရှင်အားလုံးကို လာစေချင်တယ်။ ဖိတ်စာနဲ့တော့ မဖိတ်နိုင်ဘူးပေါ့။ ဘဘဦးသုခ ရုပ်တုဖွင့်ပွဲ ကို လည်းလုပ်မယ်။ စိတ်ဝင်စားသူ ဘယ်သူမဆိုလာပါ။ သိုက်သိုက်ဝန်းဝန်း ကျင်းပသွားဖို့ရှိပါတယ်”ဟု ဦးဆောင်သူတဦးဖြစ် သည့် မရွှေဇီးကွက် က ဧရာဝတီကို ပြောသည်။

နာရေးကူညီမှုအသင်း ပေါ်ပေါက်လာစေရန် မျိုးစေ့ချပေးသူ ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာ ဦးသုခ၏ ရုပ်တု ဖွင့်ပွဲ၊ နာရေး ကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ် အဆောက်အအုံသစ်ဖွင့်လှစ်ခြင်း၊ လူမှုရေး လုပ်ငန်းများတွင် စိတ်ဝင်စားသော ဂီတအနုပညာရှင် များဖြစ်သည့် ကိုရဲလွင်၊ ဆောင်းဦးလှိုင် စသည် တို့၏ သီဆိုဖျော်ဖြေခြင်း၊ အသင်းမှ ပြုစုပျိုး ထောင်ထားသော  မျိုးဆက်သစ် ကလေးငယ်များ၏ အဆို၊ အကများဖြင့် ဖျော်ဖြေခြင်း၊ အသင်းတံဆိပ် အပါအ၀င် အမှတ်တရပစ္စည်းများ ရောင်းချခြင်း အစီအစဉ်များဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“လာတဲ့ ဧည့်သည်တိုင်းကို ကျမတို့ ၁၀ နှစ်သက်တမ်းကာလအတွင်း၊ ဘာတွေဘယ်လိုလုပ်ဆောင် ရပ်တည်ခဲ့ တယ် ဆိုတာ ကို “ရက်စွဲမှတ်တမ်း”ဆိုတဲ့ စာအုပ်ငယ်လေးတွေဝေငှမယ်။ ကိုရဲလွင်၊ ကိုဆောင်းဦးလှိုင် တို့ကိုယ်တိုင် ရေးစပ် ထားတဲ့ သီးချင်းတွေ စီဒီထုတ်ဖို့လည်း ရှိသလို ဖျော်ဖြေပွဲလည်းရှိတယ်။ အားလုံးမှတ်တမ်းရုပ်သံ ရိုက်ကူးပြီး အလှုရှင်တွေ ကို ပြန်ဝေမယ်လေ”ဟု မရွှေဇီးကွက်က ဆက်လက်ပြောကြားသည်။

ထို့အပြင် နာရေးကူညီမှု ၁ သိန်းပြည့် အမှတ်တရအဖြစ် ပြင်ပဓာတ်ပုံပညာရှင်များ၏ “ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက်” ဓာတ်ပုံ ပြိုင်ပွဲဆုပေးခြင်းကိုလည်း လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ဆိုသည်။

“သင်္ကြန်ကာလ ၄ ရက်အတွင်းမှာပဲ ပိုင်ရှင်မဲ့ အလောင်း၊ ခိုက်ရန်ဖြစ်ပွားလို့သေဆုံးမှု၊ အရက်ကြောင့်သေဆုံးသူများ အပါအ၀င် ၁၇၅ လောင်း ပို့ဆောင်ပေးခဲ့တယ်၊ အတက်နေ့တနေ့တည်း ည ၁၂ နာရီအထိ ရုပ်အလောင်း ၅၉ လောင်းကို ပို့ဆောင်ပေးခဲ့တယ်”ဟု နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူက ပြောသည်။

ဧပြီ ၂၄ ရက် နေ့တွင် မြန်မာနိုင်ငံတ၀န်းရှိ ကိုယ်ထူကိုယ်ထ နာရေးကူညီမှုအသင်းအဖွဲ့များနှင့် မိတ်ဆုံစကားဝိုင်းကို နံနက် ၉း၃၀ နာရီတွင် စတင်ရန် အစီအစဉ်ရှိကြောင်းလည်း သိရသည်။

“တနိုင်ငံလုံးမှာရှိတဲ့ တခြားနာရေးကူညီမှု အသင်းတွေကိုလည်း ဖိတ်ထားတယ်၊ ရှေ့ဆက် ဘယ်လိုလက်တွဲပြီး အပြန် အလှန် ဘယ်လိုကူညီကြမလဲ၊ ကျမတို့အသင်း ၁၀ နှစ်ကျော်အထိ ဘယ်လို ရပ်တည်ခဲ့တယ်ဆိုတဲ့ အတွေ့အကြုံတွေကို ဖလှယ်တဲ့ စကားဝိုင်းပေါ့”ဟု မရွှေဇီးကွက် က ဆက်လက်ပြောသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)အား ၂၀၀၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစတင်၍ အခမဲ့ နာရေးကူညီမှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် ၁၀ နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီး ဖြစ် သည်။

ရန်ကုန်တိုင်း တောင်ဥက္ကလာ မှ အလှုရှင်တဦးဖြစ်သူ ဒေါ်အေးစိန်က“ကျမတို့ ဆင်းရဲသားတွေအတွက် ရုပ်ရှင်မင်းသား ကိုကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်း ကတော့ တကယ့် ကျေးဇူးရှင်ပါ၊ ဒီမှာက အနေခက်၊ အသေခက် ခေတ်

ကြီး မှာ မတတ်နိုင်တဲ့သူတွေအတွက်၊ မသိနားမလည်တဲ့ သူတွေအတွက် သေသူရဲ့နောက်ဆုံးခရီးမှာ ကျန်ရစ်သူတွေဘာ စိတ်အနှောင့်အယှက်မှ မရှိအောင် အသင်းကြီးက အစအဆုံး အကုန်လုပ်ပေးနေတာ”ဟု ပြောသည်။

ယင်း နာရေးအသင်း အမြဲရှင်သန်နေရန် တတ်နိုင်သည်များကို ကူညီလျက်ရှိကြောင်း ၄င်းက ဆက်လက်ပြောသည်။

အသင်း၏ ၁၀ နှစ် တာ ကာလအတွင်း ဥက္ကဌ သုံးဦးပြောင်းလဲခဲ့ရာ ယခုလက်ရှိ ဦးကျော်သူ(ရုပ်ရှင်သရုပ်ဆောင်) ဖြစ်ပြီး အတွင်းရေးမှူးများသည်လည်း သုံးဦးပြောင်းလဲခဲ့သည်။ လက်ရှိအတွင်းရေးမှူးမှာ ဒေါ်သန်းမြင့်အောင် (စာရေးဆရာမ သန်းမြင့်အောင်)ဖြစ်သည်။

အဆိုပါ နာရေးအသင်းကို အားကျအတုယူ၍ တခြားသော ဒေသများတွင်လည်း နာရေးကူညီမှုအသင်းများ ထူထောင်ကြပြီး ဒေသခံများကို ကူညီဆောင်ရွက်ပေးလျှက်ရှိကြရာ ဆင်းရဲနွမ်းပါးသူ မိသားစုများပါမက တချို့ငွေကြေးတတ်နိုင်သူများကပင် နာရေးကူညီမှု အသင်း(ရန်ကုန်)ကို လေးစားတန်ဖိုးထားကြသည်။

Kyaw-Thu-FFSS-2011“ကျနော်တို့နယ်တွေကလည်းဗျာ ကိုကျော်သူတို့ အသင်းကို အတုယူပြီး လိုက်လုပ်ကြတာ။ အခု ကိုကျော်သူတို့အသင်းကြီး ရဲ့ သက်တမ်းတောင် ၁၀ နှစ်ရှိသွားတယ်ဆိုတာ တကယ့်သူတို့အသင်းသားတွေရဲ့စေတနာနဲ့ အနစ်နာခံတာတွေ ရဲ့ ရလဒ်ပဲဗျ”ဟု မန္တလေးတိုင်းမှ နာရေးကူညီမှု အသင်း တသင်း၏ ဦးဆောင်သူ တဦးက ပြောသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက်များ ကို လေးစား အသိအမှတ်ပြုသည့်အနေဖြင့် ကိုကျော်သူနှင့် ဇနီး မရွှေဇီးကွက်တို့ထံသို့ နေအိမ်အကျယ်ချုပ်မှ လွတ်လျှင်လွတ် ချင်းသွားရောက်တွေ့ဆုံ ဂုဏ်ပြုခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ရန်ကုန်တိုင်းအတွင်းရှိ နာရေးကူညီမှုလုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက် ကုသ ပေး သည့်ဆေးခန်းဖွင့်လှစ်ထားခြင်းနှင့် အခါအားလျော်စွာ အထူးကုဆရာဝန်များနှင့် ကျန်းမာရေးစရိတ်ထောက်ပံ့မှုများ၊ နွေရာသီ အင်္ဂလိပ်စာသင်တန်းပို့ချပေးမှုများ၊ သရုပ်ဆောင်သင်တန်းပေးမှုများ၊ သဘာဝကပ်ဘေးများကြုံလာသည့်အခါများတွင် သွားရောက်လှုဒါန်းမှုများ ယခင် စတင်တည်ထောင်စဉ်ကထက် ပိုမိုကျယ်ပြန့်စွာကူညီစောင့်ရှောက်သောလုပ်ငန်းများကို အသင်းသားများက တညီတညွတ်တည်း ကူညီပေးနေသော လူမှုရေး အသင်း တသင်း ဖြစ်သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)လိပ်စာ အပြည့်အစုံမှာ အမှတ် (၁၃/က)၊ ဗိုလ်မှူး ဗထူး လမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ် ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်