ရှမ်းတောင်ပိုင်း မြေယာသိမ်းမှု များစွာဖြစ်နေ

E-mail Print
သမ္မတ ဦးသိန်းစိန်က တောင်သူလယ်သမား အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေများ အစဉ်ခေတ်မီပြည့်စုံရန် ပြဌာန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း မြန်မာနိုင်ငံတ၀န်း၌ အဓမ္မ မြေယာသိမ်းမှုများ ကျယ် ကျယ် ပြန့်ပြန့်ဖြစ်ပွားနေဆဲ ဖြစ်သည်။

ရှမ်းပြည်နယ် တောင်ပိုင်း ခိုလန်မြို့နယ်တွင် မြေစာရင်းဦးစီးဌာနနှင့် အုပ်ချုပ်ရေးဌာန အရာရှိများက တောင်သူလယ်သမားများ၏ မြေဧက ၁၀၀ ခန့်ကို သိမ်းယူ၍ မြေကွက်များ ရိုက်ကာ ပြန်လည်ရောင်းချနေကြောင်း ဒေသခံများက ဆိုသည်။

“အာဏာပိုင်တွေက နေရာကောင်းတွေကို ယူထားပြီးတော့ မကောင်းတဲ့ နေရာတွေကို တောင်သူ လယ်သမားတွေကို ပြန်ပေး တယ်”ဟု ခိုလန်ဒေသခံ တဦးက ဧရာဝတီသို့ ပြောသည်။

ယခု မြေသိမ်းမှုများသည် တောင်သူလယ်သမားများ၊ အလုပ်သမားများ၏ လူမှု စီးပွားဘ၀ဖွံ့ဖြိုး တိုးတက်လာရန် အားပေး ပံ့ပိုး ဆောင်ရွက်သွားမည်ဟူသော မတ်လ ၃၀ ရက်နေ့က သမ္မတအသစ် ဦးသိန်းစိန်၏ ပထမဆုံး ပြောကြားခဲ့သည့် မိန့်ခွန်းနှင့် ဆန့်ကျင်ဘက် ဖြစ်နေကြောင်း လေ့လာသူများက ဆိုသည်။

နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင် ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်း များနှင့် စပ်လျဉ်း၍ ဥပဒေအရ အကာအကွယ်ပေးရမည်ဟု ၂၀၀၈ အခြေခံ ဥပဒေ ပုဒ်မ ၃၅၆ တွင် ပြဌာန်း ထားသည်။

ဒေသခံ ဦးအောင်ကျော် အပါအ၀င် ခြံပိုင်ရှင် ၆ ဦး၏ မြေဧက ၅၀ ခန့်ကို စစ်ဖက်ဆိုင်ရာ လုံခြုံရေး အဖွဲ့ (စရဖ) ရုံးဆောက် လုပ်ရန် အတွက် အာဏာပိုင်များက မတ်လကုန်ပိုင်းက သိမ်းဆည်းခဲ့သည်။   

“သိမ်းပြီးတော့ တဧကကို ကျပ် တသိန်းခွဲ ပေးတယ်၊ ဦးအောင်ကျော်တို့က လက်မှတ် မထိုးဘူး၊ အတင်း လိုက်ထိုးခိုင်းတယ်၊ နောက်ဆုံးမရတော့ အာဏာပိုင်တွေက သိမ်းလိုက်တယ်”ဟု ခိုလန်မြို့ ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

အသိမ်းခံရသည့် မြေပိုင်ရှင်တချို့ကို တဧက ကျပ် ၁ သိန်းခွဲ နှုန်းဖြင့် ပြန်ပေးသော်လည်း အများစုမှာ မရရှိကြကြောင်း ၎င်းက ဆိုသည်။

အလားတူပင် ပန်းခြံဆောက်လုပ်ရန် အတွက် ပေ ၃၀၀ ခန့် ရှိသော ဒေါ်နန်းညွန့်နှင့် မောင်နှမ ပိုင်ဆိုင်သည့် ခြံနှင့် မြေတို့ကို လည်း ပုဂ္ဂလိက ကုမ္ပဏီများက သိမ်းယူခဲ့ကြောင်း၊ ယခု မြေသိမ်းမှုများကို ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးအောင်မြတ် ထံသို့ တိုင်ကြားထားသော်လည်း တစုံတရာ အရေးယူခြင်း မရှိကြောင်း သိရသည်။

ဧရာဝတီက ကောက်ယူထားသည့် စာရင်းများအရ ရန်ကုန်တိုင်း၌ ၈၅၀၀ ဧက ၊ ဧရာဝတီတိုင်း ၅၀၀၀ ဧက ၊ ကချင်ပြည်နယ်  ၁၁၃၈ ဧက၊ မွန်ပြည်နယ် ၆၀၀ ဧက ရှိမြေယာများကို ပုဂ္ဂလိက ကုမ္ပဏီများနှင့် အာဏာပိုင်များ ပူးပေါင်း၍ သိမ်းဆည်းခဲ့
ကြောင်း သိရသည်။

ယင်း မြေသိမ်းမှု ကိစ္စနှင့် ပတ်သက်၍ တရားရုံးသို့ လယ်သမားများက တိုင်ကြားခဲ့သော်လည်း တစုံတရာ အရေးယူ ဆောင် ရွက်ခဲ့ခြင်း မရှိခဲ့ပေ။

ကာလိမြို့နယ်တွင် ယခုနှစ်အစောပိုင်းက စစ်တပ်အသစ် ဆောက်လုပ်ရန် အတွက် မြေဧက ၃၀၀ ခန့်ကို သိမ်းယူခဲ့ကြောင်း ရှမ်းသံတော်ဆင့် သတင်းတွင် ရေးသားထားသည်။ ထို့အပြင် တာချီလိတ် ကျိုင်းတုံမြို့နယ်များတွင် မြေဧက ၁၀၀ ကျော်ကို တရုတ်လုပ်ငန်းရှင်များသို့ အာဏာပိုင်များက လွှဲပြောင်းပေးအပ်ခဲ့သည့် အတွက် တောင်သူလယ်သမား ၅ ဦးက တရားစွဲဆို ရန် ပြင်ဆင်နေကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်