ကုန်သွယ်မှု မူဝါဒကောင်စီ ဖျက်သိမ်း

E-mail Print
စီးပွားရေးလောကတွင် Trade Policy Council (TPC) ဟု လူသိများသည့် ကုန်သွယ်မှုဆိုင်ရာ မူဝါဒ ကောင်စီကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့က ပြုလုပ်သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အစည်းအဝေးတွင် ၀န်ကြီး ဦးဝင်းမြင့်က ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ခံ စီးပွားရေး လုပ်ငန်းရှင်တဦးက“သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်များအကြား ကုန်သွယ်ရေးဆိုင်ရာ မူဝါဒကောင်စီ မရှိ တော့ဘူးလို့ ၀န်ကြီးကပြောသွားတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ကုန်သွယ်မူ မူဝါဒကောင်စီသည် ပြည်တွင်းပြည်ပ သွင်းကုန်ထုတ်ကုန် လုပ်ငန်းလိုင်စင်များ ချထားပေးခြင်း၊ နယ်စပ်ကုန် သွယ်ရေး နှင့် နိုင်ငံခြား ကုမ္ပဏီများ လာရောက် ရင်းနှီးမြုပ်နှံမှုများနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချမှတ်ပေးခြင်းများကို လုပ်ဆောင် သည်။

ယခုအခါ သွင်းကုန်ထုတ်ကုန် လိုင်စင်ချထားပေးခြင်းနှင့် နယ်စပ်ကုန်သွယ်ရေးကိုမူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာနက တာဝန်ယူ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး၊ လုပ်ထုံးလုပ်နည်း အသေးစိတ်ကို မကြာမီ ထုတ်ပြန်မည်ဟု သိရသည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကဏ္ဍနှင့် ပတ်သက်၍ မည်သည့် ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းက ကိုင်တွယ်ဆောင်ရွက်မည်ကိုမူ ရှင်းရှင်း လင်းလင်း မသိရသေးသော်လည်း ၂၀၀၈ ခုနှစ်က ရေးဆွဲအတည်ပြုခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြုပ်နှံမှုများနှင့် ပတ်သက်၍ သမ္မတ ကသာ တာဝန်ယူဆောင်ရွက်မည်ဟု ပါရှိသည်။

နောက်ဆုံးထုတ် Weekly Eleven ဂျာနယ်တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပြုလုပ်လိုသူများအနေဖြင့် ယခင်ကအတိုင်း သက်ဆိုင်ရာ ၀န်ကြီး ဌာနများဖြင့်လည်း သဘောတူညီချက် ရယူဆောင်ရွက်ရဖွယ်ရှိကြောင်း ရေးသားထားသည်။

၂၀၀၈ ခုနှစ်က ထုတ်ပြန်သည့် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဌာန၏ မြန်မာနိုင်ငံဆိုင်ရာ ရင်းနှီးမြုပ်နှံမှု အစီရင်ခံ စာတွင် ကုန်သွယ်ရေးဆိုင်ရာ မူဝါဒတွင် ၀န်ကြီးများ ငွေကြေးဆိုင်ရာ အဂတိလိုက်စားမှုများရှိသည့်အတွက် ကုန်သွယ်မှုဆိုင်ရာ မူဝါဒ ကောင်စီကို ၁၉၉၉ ခုနှစ်တွင်  ဗိုလ်ချုပ်ကြီးမောင်အေးအား တာဝန်ယူဆောင်ရွက်စေခဲ့ကြောင်း ဖော်ပြထားသည်။

ဗိုလ်ချုပ်ကြီးမောင်အေး တာဝန်ယူပြီး နောက်ပိုင်း ၂၀၀၇ ခုနှစ်မှ စတင်၍ လက်ရှိ ဒု သမ္မတ တာဝန်ယူထားသည့် ဒု ဗိုလ်ချုပ်ကြီး ဟောင်း သီဟ သူရ ဦးတင်အောင်မြင့်ဦး က ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သီဟ သူရ ဦးတင်အောင်မြင်ဦး တာဝန်ယူကိုင်တွယ်စဉ်က ပြည်ပပို့ကုန် လိုင်စင်များ၊ ပြည်ပမှ ကားများတင်သွင်းခွင့် များ၊ နိုင်ငံခြား ကုမ္ပဏီ များနှင့် ဖက်စပ်လုပ်ပိုင်ခွင့်များကို ၎င်းနှင့် နီးစပ်သော စတီဗင်လော(ခ) ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်သည့် အေးရှားဝေါလ် ကုမ္ပဏီနှင့် ဦးဇော်ဇော် ပိုင်ဆိုင်သည့် မက်စ်မြန်မာကုမ္ပဏီတို့ကိုသာ လုပ်ငန်းများချပေးခဲ့သည်ဟု လူသိများခဲ့သည်။

အစိုးရနှင့် နီးစပ်သူများအဆိုအရ ကုန်သွယ်မှု မူဝါဒ ကောင်စီ ဥက္ကဋ္ဌသည် နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုများနှင့် ပတ်သက်၍  လာရောက် ရင်းနှီးမြုပ်နှံသည့် ငွေကြေး အပေါ်မူတည်ပြီး ကောင်စီ ဥက္ကဋ္ဌ မှာ ၅ ရာခိုင်နှုန်း အကျိုးအမြတ် ခံစားခွင့်ရှိသည်ဟု သိရ သည်။

ထိုကြောင့် အစိုးရ အဖွဲ့သစ်အတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ကိုင်တွယ်ဆောင်ရွက်မည့် ကိစ္စနှင့် ပတ်သက်၍ သမ္မတ ဦးသိန်း စိန် နှင့် ယခင် ဥက္ကဋ္ဌ တာဝန်ယူခဲ့သည့် ဒု သမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦးတို့ အကြား အငြင်းပွားနေကြောင်း အတည်မပြုနိုင်သော သတင်းများအရသိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်