NDF အကွဲအပြဲ ပြဿနာ ရွေးကောက်ပွဲ ကော်မရှင် ဆုံးဖြတ်မည်

E-mail Print
အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (NDF) မှ ထုတ်ပယ်ထားခြင်းခံရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်သည် ပါတီအား ကိုယ်စားပြုခြင်း ရှိမရှိကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မေလ ၉ ရက်နေ့တွင် ဆုံးဖြတ်ပေးမည်ဟု သိရသည်။

National_Democratic_Force

ဦးသိန်းညွန့်အား တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုရေးအတွက် ထိုနေ့၌ ဆုံးဖြတ်ပေးသွားမည်ဟု ဆိုသည်။

“ဦးသိန်းညွန့်ကို ထုတ်ပယ်တာ ဥပဒေနဲ့ညီမညီ ကို ရန်ကုန်တိုင်းကော်မရှင်က ပါတီကိုမေးမြန်းတာတွေရှိတယ်၊ ကျနော်တို့က သူ့ကို ပါတီစည်းကမ်း၊ ပါတီ ဥပဒေ ကို မလိုက်နာလို့ ထုတ်ပယ်လိုက်တာပါ”ဟု NDF ပါတီ၏ ခေါင်းဆောင် ဦးခင်မောင်ဆွေက ဧရာဝတီ ကို ပြောသည်။

ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်သည် ယခုရက်ပိုင်းတွင် NDF ပါတီရုံးသို့လာရောက်၍ တာဝန်ရှိသူများအား မေးမြန်း၍ သိလိုသည့်အချက်အလက်များကို စုဆောင်းနေပြီး မေလ ၉ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သို့ တင်ပြ၍ နှစ်ဦးနှစ်ဘက်စလုံးကို မေးမြန်း အဆုံးအဖြတ် ပေးသွားမည်ဟု ၎င်းက ဆက်ပြောသည်။

အကယ်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ပြန်လည်ပေါင်းစည်းရေး ဆုံးဖြတ်ပေးပါကလည်း ပါတီဝင်အဖြစ် လုံးဝ လက်ခံတော့မည်မဟုတ်ကြောင်း ဦးခင်မောင်ဆွေ က ဆိုသည်။

“ပါတီ စည်းကမ်း မလိုက်နာလို့ ထုတ်ပယ်ထားတာ ပြန်လည် လက်ခံစရာ အကြောင်းမရှိတော့ဘူးလေ”ဟု ၎င်းက ပြောသည်။

NDF ပါတီ၏ ဒုတိယခေါင်းဆောင်အဖြစ်မှ ထုတ်ပယ်ခံထားရသော ဦးသိန်းညွန့်ကမူ ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်း၊ ဦးခင်မောင်ဆွေ တို့နှင့် ၆ နှစ်တာ နိုင်ငံရေး ပူးပေါင်းလုပ်ဆောင်ခဲ့သည့်ကာလအတွက် နောင်တရမိကြောင်း တုံ့ပြန် ပြောဆိုသည်။

“ကျနော်က ကော်မရှင်ရဲ့ဆုံးဖြတ်မှုကိုပဲ အလေးထားလိုက်နာမှာပါ”ဟု ဦးသိန်းညွန့်က ဆိုသည်။

NDF ပါတီသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ ခွဲထွက်ကာ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်း၊ ဦးခင်မောင်ဆွေတို့ ဦးဆောင်သောအဖွဲ့နှင့် ဦးသိန်းညွန့် ဦးဆောင်ဆောင်သော အဖွဲ့ဟူ၍ ထပ်မံ ကွဲခဲ့ကြသည်။

NDF ပါတီ၏ ခေါင်းဆောင်များသည် ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် မဲဆွယ်စည်းရုံးစဉ်ကာလ ကတည်းက ပါတီ၏ ငွေကြေး ပြဿနာများအား ပြင်ပသို့ ပြောဆိုသည်ဟု ဆိုကာ  ဦးသိန်းညွန့်အား  နိုဝင်ဘာလ ဆန်းပိုင်းတွင် ပါတီမှ ထုတ်ပယ်ခဲ့သည်။

ဦးသိန်းညွန့်သည် ၁၉၉၀ ရွေးကောက်ပွဲ၌ သင်္ဃန်းကျွန်းမြို့နယ်မှ ရွေးကောက်ခံခဲ့ရသောကိုယ်စားလှယ်တဦးဖြစ်ပြီး၂၀၁၀ ရွေးကောက်ပွဲ၌လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် သင်္ဃန်းကျွန်းမြို့နယ်မှ ရွေးချယ်တင်မြှောက်ခြင်း ခံထားရသည်။

၎င်းတို့နှင့် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် တဦးကမူ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့်တို့သည် တန်းတူအနေအထားများဖြစ်နေခြင်း၊ ထိန်းကွပ်ပေးသူ မရှိခြင်း စသည်တို့ကြောင့် ယခုကဲ့သို့ဖြစ်နေကြကြောင်း ပြောဆိုသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်