နေပြည်တော် တပ်ကုန်းတွင် ရထားဗုံးကွဲ၊ ၂ ဦးသေ

E-mail Print
ရန်ကုန်-မန္တလေး အဆန် ရထားပေါ်တွင် ယနေ့ညနေပိုင်းက နေပြည်တော် အလွန် တပ်ကုန်မြို့နယ် ဆင်သေဘူတာ အရောက်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ အမျိုးသားတဦးနှင့် အမျိုးသမီးတဦး ပွဲချင်းပြီး သေဆုံးကြောင်း သိရသည်။

tastkoneနေပြည်တော်မှ ရဲအရာရှိတဦးက “ခရီးသည် နှစ်ယောက်ကတော့ ပွဲချင်းပြီးပဲ။ ၇ ယောက် ဒဏ်ရာရတယ်။ နေပြည်တော် တပ်ကုန်းဆေးရုံကို ပို့ထားတယ်။ ရဲတွေကတော့ ဆေးရုံမှာပဲ စစ်ချက်လိုက်ယူနေတယ်။ ပြီးမှပဲ ဘယ်အဖွဲ့ရဲ့ လက်ချက်လဲ ဆိုတာကို ကောက်ချက်ဆွဲလိမ့်မယ်။ ဖြစ်စဉ်အတိအကျကိုတော့ မပြောနိုင်သေးဘူး။ စုံစမ်းနေဆဲပါ” ဟု ဧရာဝတီသို့ ပြောသည်။

ယခုအကြိမ် ဗုံးပေါက်ကွဲမှုသည် မြန်မာနိုင်ငံတွင် အရပ်သားအစိုးရ ပေါ်လာပြီးနောက်ပိုင်း ပထမဆုံး ဗုံးပေါက်ကွဲမှုဖြစ်ပြီး နေပြည်တော်တွင်မူ ဒုတိယအကြိမ် ပေါက်ကွဲမှု ဖြစ်သည်။

ယမန်နှစ် သင်္ကြန်အကြတ်နေ့က ကန်တော်ကြီးပတ်လမ်းရှိ X2O မဏ္ဍပ်တွင် ဗုံး ၃ လုံး ပေါက်ကွဲခဲ့ရာ အခင်းဖြစ်ပွားရာနှင့် ဖြစ်ပွားပြီးနောက် စုစုပေါင်း ၁၀ ဦး သေဆုံးပြီး ၁၇၀ ဒဏ်ရာ ရကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

ယခုနှစ် ဖေဖော်ဝါရီလ လကုန်ပိုင်းကလည်း အင်းစိန်မြို့နယ်၊ ကမ်းနားလမ်း၊ အောင်ဇေယျ အိမ်ရာရှေ့ရှိ ကွမ်းယာဆိုင် တဆိုင်တွင် ဖြစ်ပွားသော ဗုံးပေါက်ကွဲမှုကြောင့် လူ ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်