ဦးဝင်းတင် ကျန်းမာရေး ချို့ယွင်း

E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦးဖြစ်သူ အသက် ၈၁ အရွယ်ရှိ ဦးဝင်းတင်သည် အရေပြား ရောဂါ တမျိုးကြောင့် ရန်ကုန်မြို့ အာရှတော်ဝင် အထူးကုဆေးခန်း၌ ယမန်နေ့ ညနေ ၅ နာရီခန့်က ဆေးကုသမှုခံယူနေကြောင်း NLD ပြော သည်။

WinTin400ဦးဝင်းတင်သည် လွန်ခဲ့သော မေလဆန်းပိုင်းက ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်းမြို့နယ်၌ ကျင်းပပြုလုပ်ခဲ့သော စာရေး ဆရာကြီး ဒဂုန်တာရာ၏ မွေးနေ့ပွဲသို့ သွားရောက်ခဲ့ပြီး နောက်ပိုင်း ဘယ်ဘက်ပေါင်တွင် အရေးပြားရောဂါ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ဧရာဝတီကို ပြောပြသည်။

“အရေပြား လောင်တာ လိုလို ရေယုန် လိုလို အဲဒီလို စဖြစ်တယ်၊ ဘယ်ဘက် ပေါင်ပေါ်မှာ၊ အဲဒါကို ဆေးတွေ ကုရင်း ကုရင်းနဲ့ အဲဒီ အနာက စပြီး ရင့်ရင့်လာတယ်၊ နောက်တဖြည်းဖြည်းနဲ့ အားနည်းလာပြီးတော့ အခုတော့ အသည်းရော၊ နှလုံးရော အကုန်လုံး ပြန်စစ်ဆေးရမယ် ဆိုပြီး အာရှတော်ဝင် ဆေးရုံကို တင်လိုက်တာပဲ”ဟု ဦးအုန်းကြိုင်က ဆက်ပြောသည်။

ဆရာဦးဝင်တင်း၏ တူမဖြစ်သူကလည်း“ရေယုန် ပေါက်ပါတယ်၊ အရမ်းကိုက်တဲ့ အခါကျတော့ ဆရာနဲ့ပြတော့ ဆရာက ဆေး ကု ပေးတယ်၊ အရမ်းနာတော့ သူက မခံနိုင်ဘူး၊ ဆရာက စမ်းသပ်ကြည့်တဲ့ အခါကျတော့ အသည်းလည်း သိပ်အလုပ် မလုပ် ဘူး ထင်တယ်တဲ့၊ အနာတွေလည်း များတဲ့အခါကျတော့ အနာသက်သာအောင်လို့ ဆေးရုံတက်လိုက်တာ ဖြစ်တယ်”ဟု ပြော သည်။

စစ်ဆေးထားသည့် ရောဂါအခြေအနေကို မသိရှိရသေးသော်လည်း ဆေးရုံ၌ အနည်းဆုံး ၅ ရက်ခန့် ကုသ အနားယူရမည် ဖြစ် ကြောင်း သိရသည်။

“အခု ကျနော်တွေ့ရတဲ့ အခြေအနေကတော့ စိုးရိမ်စရာ မရှိပါဘူး၊ အသက်ကလည်း ကြီးပြီဆိုတော့ အားနည်းတာလည်း ပါတာပေါ့”ဟု ဦးအုန်းကြိုင်က ဆိုသည်။ 

ဦးဝင်းတင်သည် ချောင်းဆိုး၊ ရင်ကျပ် ရောဂါအခံ ရှိပြီး ၂၀၀၉ ခုနှစ် သြဂုတ်တွင်လည်း နှလုံးနှင့်ပတ်သက်၍ အာရှတော်ဝင်
ဆေးခန်းသို့ တက်ရောက်ခဲ့ရပြီး ခွဲစိတ်ကုသ၍ နှလုံးအတွင်းသို့ စက်ထည့်သွင်းခဲ့ရဖူးသည်။

သတင်းစာဆရာတဦးလည်း ဖြစ်သော ဦးဝင်းတင်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ရာ ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် စစ်အစိုးရက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခြင်း ခံခဲ့ရပြီး ထောင်တွင်း၌ ၁၉ နှစ် ကျော်နေခဲ့ရသည်။ ၂၀၀၈ ခုနှစ် စက်တင် ဘာလ ၂၃ ရက်တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။

ဦးဝင်းတင်သည် ဂုဏ်သိက္ခာရှိပြီး ရဲရင့်သူတဦးဖြစ်ကြောင်း နိုင်ငံတ၀န်း ဒီမိုကရေစီရေး လှုပ်ရှားမှုများအတွင်း ဒေါ်အောင်ဆန်း စုကြည်က မှတ်ချက်ပေးခဲ့ဖူးသည်။

ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ်တွင် ယူနက်စ်ကို ဂွီလာရ်မို ကာနို ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့် ဆုနှင့်ကမ္ဘာ့သတင်းစာများအသင်း ကြီးက လွတ်လပ်မှု ရွှေကလောင်ဆု၊ နယ်စည်းမခြား သတင်းထောက်များအဖွဲ့နှင့် ပြင်သစ် ဖောင်ဒေးရှင်းများက ပူးတွဲ၍
လွတ်လပ်မှု ရွှေကလောင်ဆုများ ချီးမြှင့်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်