Bangkok Post နှင့် The Nation မြန်မာပြည်၌ ဖြန့်မည်

E-mail Print
ထိုင်းနိုင်ငံတွင် နေ့စဉ် ထုတ်ဝေလျက်ရှိသော Bangkok Post နှင့် The Nation သတင်းစာများကို လာမည့် ဇွန်လဆန်းပိုင်းမှ စတင်၍ မြန်မာပြည်တွင် ဖြန့်ချိရန် စီစဉ်နေသည်။

IMG_400သတင်းစာများကို Success International Publisher’s Distributor ကုမ္ပဏီမှ ဦးမျိုးအောင်က ကိုယ်စားလှယ် အနေဖြင့် ဖြန့်ချိသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်း သတင်းစာများ ဖြန့်ချိရန်အတွက် အစိုးရ စာပေစိစစ်ဆေးရေးက ခွင့်ပြုမှသာလျှင် ဖြန့်ချိသွားနိုင်မည် ဖြစ်သည်ဟု ဖြန့်ချိရေး အတွက် ဆောင်ရွက်နေသည့် ဦးတင်ထွန်းအောင် က ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့လည်း အခုမှ စမှာဆိုတော့ အခြေအနေက ဒီကြားထဲမှာ ဘယ်လိုလာမလဲ ဘယ်လိုအခက် အခဲတွေနဲ့ ရင်ဆိုင်ရ မလဲ မသိသေးဘူး”ဟု ၎င်းက ဆိုသည်။

နိုင်ငံခြား သတင်းစာများကို အစိုးရက ဖြန့်ချိခွင့်ပေးခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တွင် ဖွင့်ထားသော အမည်မဖော်လိုသူ စာအုပ်ဆိုင်မှ မန်နေဂျာ တဦးကလည်း အများပြည်သူလူထု ဖတ်ခွင့်ရသည့် အတွက် ၎င်း အနေဖြင့် ကြိုဆိုကြောင်းပြော သည်။

“တရားဝင် တင်သွင်းခွင့် လိုင်စင်ရတဲ့သူတွေကို ကြိုဆိုပါတယ်၊ ကျနော်တို့လည်း တရားဝင် မဂ္ဂဇင်းတွေ တင်သွင်းနေတဲ့လူ တွေပဲ၊ အများကြီး ခွင့်ပြုချက်တွေ ရလာတယ်”ဟု ၎င်းက ပြောသည်။

မြန်မာပြည်တွင်း၌ လက်ရှိ Time နှင့် Newsweek ၊ Reader’s Digest အပါအ၀င်  နိုင်ငံတကာ မဂ္ဂဇင်း ၆ မျိုးကို ဖြန့်ချိနေကြောင်း သိရသည်။

လွန်ခဲ့သည့် မတ်လက အာဏာလွှဲပြောင်းရယူခဲ့သည့် သမ္မတ ဦးသိန်းစိန်က ဒီမိုကရေစီ အစိုးရအတွက် စတုတ္ထမဏ္ဍိုင်ဟု ခေါ် သော သတင်း မီဒီယာများ၏ ကဏ္ဍသည် အရေးကြီးကြောင်း ၎င်း၏ မိန့်ခွန်းများ၌ ထည့်သွင်းပြောဆိုခဲ့သည်။

ထိုသို့ သမ္မတက သတင်းစာများကို စတုတ္ထမဏ္ဍိုင်အဖြစ် ပြောဆိုခဲ့သော်လည်း ပြည်တွင်း စာနယ်ဇင်းလောကရှိ သတင်းသမား အများစုကမူ လက်ရှိအနေအထားအရ မြန်မာနိုင်ငံ၌ သတင်းလွတ်လပ်ခွင့်မှာ အနည်းငယ်သာရှိသေးသည်ဟု ပြောဆိုကြ သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်