အိန္ဒိယမှ လွတ်မြောက်ကရင်များ တတိယနိုင်ငံထွက်ရေး KNU တာဝန်ယူမည်

E-mail Print
အိန္ဒိယနိုင်ငံတွင် ၁၃ နှစ်ကျော် အကျဉ်းကျ ခံခဲ့ရသည့် KNU အဖွဲ့ဝင် ၁၀ ဦး တတိယနိုင်ငံသို့ အမြန်ဆုံး ထွက်ခွာနိုင်ရေး အတွက် စီစဉ် ဆောင်ရွက်နေသည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) က ပြောသည်။

KNU-News-11-6-11
KNU အဆင့်မြင့်ခေါင်းဆောင် တဦးဖြစ်သည့် ပဒိုအားတိုးက“အိန္ဒိယထောင်ကနေပြန်လွတ်လာတဲ့ ကရင်နဲ့ရခိုင် တော်လှန်ရေး သမားတွေကို ကျနော်တို့သွားရောက်တွေ့ဆုံခဲ့တယ်၊ သူတို့အားလုံး အိန္ဒိယမှာ တနှစ်ပဲ နေထိုင်ခွင့်ရမှာဖြစ်တယ်၊ အဲဒါ ကြောင့် သူတို့အားလုံး တတိယနိုင်ငံ တခုခုကိုအမြန်ဆုံးထွက်ခွာနိုင်ဖို့အတွက် စီစဉ်နေပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

နိုင်ငံတကာရှိ ကရင်အဖွဲ့အစည်းများကလည်း ယခုလွတ်မြောက်လာသူများကို ခေါ်ယူနိုင်ရေးအတွက် KNU နှင့် ဆက်သွယ် စီစဉ်မှုများ ပြုလုပ်လျက်ရှိသည်ဟုလည်း ပဒိုအားတိုးက ဆက်ပြောသည်။

အိန္ဒိယအစိုးရက ၎င်းတို့အား ၁ နှစ်နေထိုင်ခွင့်ပေးထားပြီး သတ်မှတ်ရက်ပြည့်ပါက တိုင်းပြည်မှ ထွက်ခွာရမည်ဟု လွတ်မြောက်လာသူများကလည်း ပြောသည်။

လွတ်မြောက်လာသူတဦးက အိန္ဒိယတွင် နေထိုင်ရသည့်အခြေအနေမှာ လုံခြုံစိတ်ချရမှုမရှိသကဲ့သို့ ခံစားနေရသည့်အတွက် ၎င်းတို့ကို အမြန်ဆုံး အကူအညီများပေးရန် အိန္ဒိယသို့ ရောက်ရှိခဲ့သည့် KNU ခေါင်းဆောင်မှတဆင့် ပြောကြား လိုက်သည် ဟု ဆိုသည်။

ပြန်လည်လွတ်မြောက်လာသူများထဲမှ KNU တပ်ဖွဲ့ဝင် စောယွာဟေသား က“အခြေအနေအရ တတိယနိုင်ငံ တခုခုကို ထွက် ရတော့မယ့် အနေအထားဖြစ်နေပြီ၊ ယူအန်(ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR)ကလည်း အားလုံး ကို အသိအမှတ်ပြုပြီးဖြစ်တယ်၊ ကျနော်တို့ ၁၀ ယောက်ရဲ့သဘောထားကတော့ ဖြစ်နိုင်ရင် ကိုယ့်ရဲ့ဒေသမှာပဲ ပြန်နေချင် တယ်”ဟု ပြောသည်။

ပြန်လည်လွတ်မြောက်လာသူများကို UNHCR က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေးထားသော်လည်း တတိယနိုင်ငံထွက် ခွာရေးနှင့် ပတ်သက်ပြီး ယခု အချိန်အထိ တိကျသေချာသည့် အစီအစဉ်မရှိသေးကြောင်း သိရသည်။

၁၃ နှစ်ကျော်ကြာဖမ်းဆီးခံထားရသည့် ယင်းတော်လှန်ရေးသမား ၃၄ ဦးအနက် ၃၁ ဦးသည် ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့က ကာလကတ္တား အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက် နယူးဒေလီမြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

၎င်းတို့အနက် ၃ ဦးမှာ အခြားအမှုများ ဆက်လက်ရင်ဆိုင်ရန် အကျဉ်းထောင်အတွင်းကျန်ရှိနေပြီး အမှုပြီးပြတ်မှ ပြန်လည် လွတ်မြောက်မည်ဟု သိရသည်။

ပြန်လည်လွတ်မြောက်လာသူများမှာ ရခိုင်အမျိုးသားညီညွတ်ရေးပါတီ(NUPA)နှင့် KNU အဖွဲ့တို့မှ တော်လှန်ရေးသမားများ ဖြစ်ပြီး ၎င်းတို့ကို အိန္ဒိယရေတပ်က ၁၉၉၈ ခုနှစ်အတွင်း၌ စတင်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

တော်လှန်ရေးသမားများသည် အိန္ဒိယရေပိုင်နက် လန်းဖောကျွန်းတွင် စစ်အခြေစိုက်စခန်းတည်ဆောက်ရန်အတွက် အိန္ဒိယ စစ်ထောက်လှန်းရေးမှ ဒု ဗိုလ်မှူးကြီး ဂရေးဝေါ၏ အစီအစဉ်ဖြင့် ရောက်ရှိလာကြပြီးနောက် ၁၃ နှစ်ကျော် ဖမ်းဆီးချုပ်နှောင် ခံခဲ့ကြရသည်။

အိန္ဒိယအစိုးရက ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ၎င်းတို့ကို နိုင်ငံအတွင်း တရားမ၀င်ခိုးဝင်မှု၊ လက်နက်နှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ လက်ဝယ်ထားရှိမှုတို့ဖြင့် တရားစွဲဆိုခဲ့သည့်အပြင် အဆိုပါ လက်နက်ခဲယမ်းများကို အိန္ဒိယ အရှေ့မြောက်ဒေသရှိ သူပုန်များကိုပေးပို့ရန် ဖြစ်သည်ဟုလည်း စွပ်စွဲခဲ့ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်