လေပြင်းကြောင့် အိမ်ခြေ ၅၀ ခန့် ပျက်စီး

E-mail Print
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် အတွင်း ဇွန်လ ၁၀ နေ့ နံနက်က လေပြင်း တိုက်ခတ်ခဲ့သောကြောင့် လူနေအိမ်ပေါင်း ၅၀ ခန့် ပျက်စီးခဲ့ကြောင်း သတင်းရ ရှိသည်။

KKJune13“အဲဒီနေ့ မနက် ၈ နာရီလောက်က ဝင်တိုက်သွားတာပါ။ တိုက်တဲ့ အချိန်ကတော့ ခဏလေးပဲ ၁၀ မိနစ် ဝန်းကျင် လောက်ပဲ၊ ဒါပေမယ့် တော်တော်ပြင်းတယ်” ဟု ကျောက်တန်းမြို့နယ် ဆင်ကန်ရပ်ကွက်တွင် နေထိုင်သူ တဦးက ပြောသည်။

လေပြင်း တိုက်ခတ်ခဲ့ရာတွင် ကျောက်တန်းမြို့နယ်ရှိ ဆင်ကန်ရပ်ကွက်၊ စံချိန်မီရပ်ကွက်၊ ဖွဲနုဆီစက်ဝန်း တို့ ပျက်စီးမှု များပြားကြောင်း၊ ကြက်မွေးမြူရေး ခြံတချို့ ပျက်စီးခဲ့သော်လည်း လူအသေအပျောက် မရှိကြောင်း သိရသည်။

“အိမ်တွေတော့ပျက်တယ်။ ကျနော့် ကြက်ခြံက ကြက်အကောင် ၁၀၀ လောက် သေသွားတယ်။ စုစုပေါင်း ကြက်ခြံ ၇ ခြံလောက် ပျက်တယ်” ဟု ကျောက်တန်းမြို့ခံ ကြက်ခြံပိုင်ရှင် တဦးက ပြောသည်။

လေပြင်းကြောင့် အိမ်ခြေအများအပြား ပျက်စီးသွားသည့် ရပ်ကွက်များအတွင်း နေထိုင်သူများမှာ လက်လုပ်လက်စား၊ အခြေခံ မိသားစုများ ဖြစ်သောကြောင့် နေအိမ်များ ပြန်လည် ပြုပြင်ရန် အခက်အခဲ ရှိနေကြောင်း ဆင်ကန်ရပ်ကွက် နေပြည်တော် ၁ လမ်းနေ အမျိုးသားတဦးက ရှင်းပြသည်။

̏ အခုတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြင်နေရတာပေါ့။ သစ်ပင်တွေလဲနေတာ ကအစ ကိုယ့်ဘာသာ ခုတ်ရတယ်။ အိမ်ခေါင်မိုး သွပ်တွေ ဆိုရင်လည်း ၄၊ ၅ အိမ်လောက် စုပြီး ကားနဲ့ ရန်ကုန်ကို တက်ဝယ်ရတယ်။ အရင် နာဂစ်ဆိုင်ကလုန်း တိုက်တုန်း ကလည်း ဒီအတိုင်းပါပဲ။ ဆင်းရဲတဲ့သူတွေ များတော့ အစစအရာရာ ခက်ခဲတယ်” ဟု ၎င်းက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်