“ဆရာတော်က ငြိမ်းချမ်းရေးအတွက် အားလုံးညီညွတ်ရေး အရေးကြီးကြောင်း မိန့်ကြားပါတယ်။ ဆရာတော်က ဒီ ထက် ပို လုပ်ချင်ခဲ့တာ၊ အချိန်က သိပ်မရတော့ အတိုချုပ်ပေါ့၊ အကောင်အထည်ပေါ်ဖို့ကတော့ အချိန်ကစကားပြော လာမယ် ထင်ပါတယ်”ဟု သီတဂူကျောင်းတိုက်ရှိ အမည်မဖော်လိုသူ တပည့်ရဟန်းတပါးက ဧရာဝတီကို ပြောသည်။
ရန်ကုန်တိုင်း ဒဂုံမြို့သစ်ရှိ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်) ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်တွင် စတင်ခဲ့ပြီး ဒု သမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦး နှင့် အစိုးရ ထိပ်တန်းခေါင်း ဆောင်များ၊ နိုင်ငံတကာ သံတမန်များ၊ အလှူရှင်များ တက်ရောက်ကြသည်။
ယင်းအခမ်းအနား၌ ဆရာတော် အရှင် ဉာဏိဿရ က ပညာရေးစနစ်သည် နိုင်ငံတနိုင်ငံတွင်အရေးကြီးပြီး ပညာရေးမြင့် မားရန် ငြိမ်းချမ်းရေး လိုကြောင်း၊ ငြိမ်းချမ်းရေးရရန်အတွက် အားလုံးညီညီညွတ်ညွတ်နှင့် တိုင်းပြည်အတွက် လုပ်ဆောင် သွားကြရန် အင်္ဂလိပ် ဘာသာဖြင့် မိန့်ကြားသွားကြောင်း အဆိုပါ တပည့်ရဟန်းက ရှင်းပြသည်။
လွန်ခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ကလည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆရာတော် အရှင် ဉာဏိဿရတို့သည် အချိန်၂ နာရီခန့်ကြာ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးသည့် အကြောင်းအရာ အတိ အကျကို မသိရပေ။
ဆရာတော်နှင့် ထို့နေ့က တွေ့ဆုံပြီး၍ နောက်ရက် အခမ်းအနားများသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တော့မည် မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ဦးဝင်းထိန်က ပြောသည်။
မူလက နိုင်ငံရေးပါတီများကို ပါတီ အမည်တပ် ဖိတ်ကြားခဲ့သော်လည်း တစုံတရာဖိအားပေးခံခဲ့ရပြီး နောက်ပိုင်းတွင် ပုဂ္ဂိုလ် အနေဖြင့် ဖိတ်စာကို ပြောင်းလဲ ဖိတ်ကြားခဲ့ကြောင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဥက္ကဌ ဦးသုဝေက ပြောသည်။
မနက်ဖြန်တွင် လူမှုရေး၊ ဘာသာရေးနှင့် နိုင်ငံရေးနယ်ပယ်များမှ ဖိတ်ကြားခံထားရသူများ တက်ရောက်ကြမည်ဟု သိရ သည်။
“နိုင်ငံတော်အကြီးအကဲတွေ၊ လူမှုရေး၊ နိုင်ငံရေးနယ်ပယ် စတဲ့ နယ်ပယ် အသီးသီးကပုဂ္ဂိုလ်တွေကို ဖိတ်တဲ့ရည်ရွယ်ချက် က အားလုံးက နိုင်ငံကောင်းဖို့ လုပ်နေတာဆိုတာ ပေါ်လွင်စေချင်တယ်။ နိုင်ငံရေးနယ်ပယ်က လူတွေကလည်း သူ့ဘက် ကသူ လုပ်နေသလို၊ ဘုန်းကြီးတွေဘက်ကလည်း လုပ်နိုင်တဲ့အပိုင်းကလုပ်နေတယ်ဆိုတာ ချပြချင်တာလည်းပါတယ်” ဟု သီတဂူ ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်) ကျောင်းတိုက်၏ အုပ်ချုပ်ရေးမှူးဆရာတော် ဒေါက်တာ အရှင်သုန္ဒရ က ရှင်းပြ သည်။
ယမန်နေ့ကလည်း ပထမဆုံးနေ့အဖြစ် သံဃ မဟာယန ဆရာတော်ကြီးများကို သီတဂူ ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)သို့ ပင့်ဖိတ်ခဲ့သည်။
“ဆရာတော်က လက်ရှိ အစိုးရအကြီးအကဲတွေနဲ့ လူမှုရေး၊ နိုင်ငံရေးနယ်ပယ်က လူတွေအားလုံးကို ဆုံတွေ့စေချင်တဲ့ ရည်ရွယ်ချက်ရှိခဲ့တယ်။ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် တတ်နိုင်တဲ့ဘက်က ကြားဝင်ကြိုးစားပေးချင်ပုံရတယ်”ဟု အဆိုပါ အခမ်းအနားသို့ သွားရောက်သတင်းယူသူ ပြည်တွင်း သတင်းထောက်တဦးက ပြောသည်။
သီတဂူ ဆရာတော် ဒေါက်တာအရှင် ဉာဏိဿရ သည် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ဘက်တွင်လည်း အကူညီ ပေး ရေး လုပ်ငန်းများကို အစဉ်တစိုက် လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည်။
၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များကို အားသွန်ခွန်စိုက်ကူညီပေးခဲ့ပြီး ယခုသမ္မတဦးသိန်းစိန် (ထိုစဉ် က ၀န်ကြီးချုပ်) ကလည်း ဆရာတော်၏ အလှူဒါနလုပ်ငန်းပွဲကို တက်ရောက်ခဲ့ဖူးသည်။
၂၀၀၇ ခုနှစ် သံဃာ့ အရေးအခင်းပြီးနောက် ဆရာတော်သည် ရက်စက်စွာဖြိုခွင်းခံခဲ့ရသည် ရဟန်း၊ ရှင်၊ လူများ အတွက် စိုးရိမ်ပူပန်မှုကိုပြသပြီး ထိုစဉ်က စစ်အစိုးရကို ဆုံးမသြ၀ါဒပေးလိုသည့် အဓိပ္ပာယ်သက်ရောက်သော“လူမိုက်တို့၏ သွားရာလမ်း”အမည်ရှိ တရားကို မန္တလေးတိုင်း မြင်းခြံမြို့တွင် စတင်ဟောကြားခဲ့သည်။
၂၀၀၄ ခုနှစ်တွင် ဆရာတော် အရှင် ဉာဏိဿရ ဦးဆောင်ပြီး ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံကြီးတခုကို ရန်ကုန်မြို့တွင် ကျင်း ပ နိုင်ခဲ့သည်။
၂၀၀၀ ပြည့်နှစ်၌ ကုလသမဂ္ဂက ကြီးမှူးကျင်းပခဲ့သော ထောင်စုနှစ် ငြိမ်းချမ်းရေး ဘာသာပေါင်းစုံ ညီလာခံကို မြန်မာ နိုင်ငံ ကိုယ်စား ဗုဒ္ဓဘာသာ ခေါင်းဆောင်တဦး အနေဖြင့် နယူးယောက်မြို့သို့သွားရောက်ခဲ့ပြီး အခြား ဘာသာရေး ခေါင်း ဆောင်များနှင့်အတူ ကမ္ဘာ့ငြိမ်းချမ်းရေးကိုဦးတည်သည့် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သည်။
စစ်ကိုင်းတောင် စိမ်းလန်းစိုပြည်ရေး၊ ရေ၊ မီး ဖူလုံရေးတို့အတွက်လည်းကောင်း၊ စစ်ကိုင်းရှိ သီတဂူ ဗုဒ္ဓတက္ကသိုလ်ကို လည်းကောင်း ဦးစီးဖွင့်လှစ်ခဲ့သည်။
ဆရာတော်သည် ၁၉၈၈ ခုနှစ် အရေးတော်ပုံကာလအတွင်း ဒီမိုကရေစီစနစ်နှင့် မင်းကျင့်တရား ၁၀ ပါးအကြောင်း (ရာဇောဝါဒ သုတ္တန်) ကိုဟောကြားကာ အုပ်ချုပ်သူ အစိုးရမင်းများအနေဖြင့် ဗုဒ္ဓ၏ အဆုံးအမများကို လိုက်နာရန် တိုက်တွန်းဟောကြား ခဲ့ဖူးသည်။
< Prev | Next > |
---|