မြန်မာ့ ဆီးဂိမ်း တရုတ်ကူမည်

E-mail Print
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မြန်မာ့ အားကစားလောက ဖွံ့ဖြိုးတိုးတက်ရေး အတွက် တရုတ်နိုင်ငံက ပံ့ပိုးကူညီရန်ရှိသည်ဟု သိရသည်။

naypyitaw_studium“နဂိုကတည်းက တရုတ်ကနေ ဆီးဂိမ်းအတွက် ကူညီပေးမယ်ဆိုပြီး ကမ်းလှမ်းထားတာရှိပါတယ်။ ပြီးခဲ့တဲ့ အပတ်တုန်းက နေပြည်တော်မှာ သက်ဆိုင်ရာ ၀န်ကြီးဌာနက တာဝန်ရှိသူနဲ့ အသေးစိတ်ဆွေးနွေးပြီးတဲ့ နောက်မှာ မြန်မာဘက်ကနေ လက်ခံ လိုက်တာပါ”ဟု နေပြည်တော် အားကစားဝန်ကြီးဌာနမှ အရာရှိတဦးက ပြောပြသည်။

လက်ခံသဘောတူလိုက်သည့် အခြေအနေသာ ရှိသေးသောကြောင့် တရုတ်နိုင်ငံမှ မည်သည့်အဖွဲ့လာရောက် လုပ်ဆောင် ပေး မည်ကိုမူ အသေးစိတ် မသိရသေးကြောင်း ၎င်းက ဆိုသည်။

ဇွန်လ ၁၈ ရက်နေ့က နေပြည်တော်တွင် ဟိုတယ်နှင့်ခရီသွားလာရေးဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးတင့်ဆန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီကျွင်းဟွာတို့ တွေ့ဆုံခဲ့ပြီး မြန် မာ နိုင်ငံ၌ ကျင်းပမည့် ဆီးဂိမ်း အောင်မြင်စွာ ကျင်းပရေးနှင့် မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးကြ ကြောင်း ဇွန်လ ၁၉ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ တွေ့ဆုံပြီးနောက် နေပြည်တော်တွင် ၂၀၁၃ ခုနှစ်၌ ကျင်းပမည့် ဆီးဂိမ်းအတွက် နည်းပညာဆိုင်ရာ အကူအညီ နှင့် လေ့ကျင့်ရေး အားကစား သမားများ ၊ နည်းပြများကို ပံ့ပိုးကူညီပေးမည်ဟု ကမ်းလှမ်းလာမှုအား မြန်မာဘက်မှ လက်ခံသဘော တူညီလိုက်ခြင်းဖြစ်သည်ဟု သိရသည်။ 

“နည်းပြတွေ လာသင်ကြားပေးမယ်ဆိုတဲ့ နေရာမှာ တခုရှိတာက ဆီးဂိမ်း ပြိုင်ပွဲဆိုတော့ အားကစားမျိုးစုံ ဆိုပါဝင်တာလေ ။ ဥပမာ- ဘောလုံး အားကစားမှာဆိုရင် ကျနော်တို့ဆီမှာ နဂိုကတည်းက အတန်းအလိုက်မှာ ဂျာမနီ၊ ဘရာဇီး စသဖြင့် နိုင်ငံခြား နည်းပြတွေ ရှိတယ်”ဟု နေပြည်တော် အားကစားဝန်ကြီးဌာနမှ အရာရှိက ဆိုသည်။

ထို့ကြောင့် နိုင်ငံခြား နည်းပြမရှိသည့် အားကစားအမျိုးအစားကို အဓိကထား၍ နည်းပြများ ဖြည့်တင်းသွားဖွယ်ရှိကြောင်း ၊ ယင်းအတွက် အသေးစိတ်ဆွေးနွေးကာ လိုအပ်သည်များကို ပြန်လည်စီစဉ်ရဦးမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်တွင် ၂၀၁၃ ခုနှစ် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲကို၂၀၀၈ ခုနှစ် တရုတ်နိုင်ငံတွင် ကျင်းပခဲ့သော ဘေဂျင်း အိုလံပစ် အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲ ၊ ပိတ်ပွဲ အခမ်းအနား အစီအစဉ်အတိုင်း လုပ်ဆောင်နိုင်ရန် တရုတ်နိုင်ငံမှ ကူညီပေးမည်ဟု သိရ သည်။

ယင်းကဲ့သို့ ဆီးဂိမ်း အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သောကြောင့် နေပြည်တော်ရှိ ဟိုတယ် တည်ဆောက်မှုများကို အရှိန် အဟုန် မြှင့်သည့်အနေဖြင့် တခြားသော တည်ဆောက်ရေးလုပ်ငန်းများအား ခေတ္တရပ်နားထားသည်ဟု နေပြည်တော် ဆောက် လုပ်ရေး ကုမ္ပဏီများက ပြောဆိုသည်။

တည်းခိုမည့် ဧည့်သည်များ လုံလောက်မှုရှိစေရန် အတွက် ဟိုတယ်များကို တိုးချဲ့တည်ဆောက်နေသည့်အပြင် ယခင်က နိုင်ငံခြားသား ရင်းနှီးမြှပ်နှံမှု ခွင့်မပြုခဲ့သော နေပြည်တော် ဟိုတယ်ဇုန်များတွင် တရုတ်နိုင်ငံခြားသားလုပ်ငန်းရှင်များ ရင်းနှီးမြှပ်နှံရန် ခွင့်ပြုလိုက်သည်ဟု နေပြည်တော် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။  

“နေပြည်တော်က ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ဟိုတယ်ဇုန်တွေမှာ အကုန်လုံးတိုင်းရင်းသား လုပ်ငန်းရှင်တွေ ချည်းပဲ။ တာဝန်ရှိသူတွေ ဆွေးနွေးပြီးနောက်မှ ဟိုတယ်ခရီး ၀န်ကြီးက ရင်းနှီးမြှပ်နှံခွင့်ပြုဖို့ လက်ခံလိုက်တယ်”ဟု သူက ဆိုသည်။

နေပြည်တော် ဆောက်လုပ်ရေး ကုမ္ပဏီတခုမှ အင်ဂျင်နီယာ တဦးက“ဟိုတယ်ဇုန် ၄ ဇုန် မှာ မဆောက်ဘဲ ကျန်တဲ့ မြေနေရာ တွေရှိတယ်။ အဲဒီနေရာတွေမှာ ရင်းနှီးမြှပ်နှံပြီး ဆောက်မယ်ဆိုရင်ဆောက်လို့ရတယ်။ တရုတ်ကလည်း ဆီးဂိမ်းအတွက် စီးပွားရေးလုပ်လို့ရမယ်။ ကျောက်မျက်ပွဲကလည်း နေပြည်တော်မှာ လုပ်နေတော့ ဒီအတွက်လည်း ဈေးကွက်ရှိတယ်ဆိုတာ သိတယ် လေ”ဟု ပြောပြသည်။

ယခု လဆန်းက အာဏာပိုင်များနှင့် နီးစပ်သည့် တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များအား  အရှေ့တောင်အာရှ အား ကစားပြိုင်ပွဲ အောင်မြင်မှုရရှိရေးအတွက် မြန်မာ့အားကစား အောင်နိုင်ငံရေး အလှူငွေ ပေးအပ်ပွဲ ကျင်းပပြီး ကောက်ခံခဲ့ရာ  စုစုပေါင်း အလှူငွေ ကျပ် သိန်း ၉၆၃၀ ရရှိခဲ့သည်ဟု ဇွန်လ ၁၉ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။

အလှူငွေထည့်ဝင်ခဲ့ကြသည့် ကုမ္ပဏီများတွင် ဇေကမ္ဘာ ကုမ္ပဏီ လီမိတက် ၊ မြန်မာနိုင်ငံ ဘော်လီဘော အဖွဲ့ချုပ် ဥက္ကဌ နှင့် Asia World ကုမ္ပဏီ ၊ အော်ရယ် ဂျင်နယ် ဂရု ၊ အေ၀မ်းဆောက်လုပ်ရေး ကုမ္ပဏီ ၊ ယုဇန ဦးဌေးမြင့် ၊ ACE ဆောက်လုပ်ရေး ကုမ္ပဏီ လီမိတက် ၊ ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီ လီမိတက် ၊ မက်စ် မြန်မာ ကုမ္ပဏီ ၊ ရွှေသံလွင် ကုမ္ပဏီ ၊ ဂရိတ် ဝေါလ် မြန်မာ ဆောက်လုပ်ရေး ကုမ္ပဏီ စသည့် တို့ပါဝင်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်