လောင်းကစားမှုများ ထိရောက်စွာ နှိမ်နင်းမည်

E-mail Print
လောင်းကစားမှု ပပျောက်ရေးကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ယခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ ဆောင်ရွက်ရန် သမ္မတ ဦးသိန်းစိန်က ညွှန်ကြားထားကြောင်း သိရသည်။

Napthine“ဇူလိုင်လ ၁ ရက်ကစပြီး လောင်းကစားမှု ပပျောက်ရေးကို စစ်ဆင်ရေးသဖွယ် ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။ အဲဒီအတွက် ပြင်ဆင်မှုတွေလည်း လုပ်နေပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိကြီးတဦးက ပြောသည်။

လောင်းကစားဆိုရာတွင် နှစ်လုံးထီ၊ သုံးလုံးထီ၊ ဘော်လုံး လောင်းကစားများ အပါအ၀င် တခြားသော ဂျင်ဝိုင်း၊ အနီထောင်စသော လောင်းကစားမှုများအားလုံး အကျုံးဝင်ကြောင်း ၎င်းက ပြောကြားသည်။

ယင်းစစ်ဆင်ရေးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သာမက စစ်တပ် အရာရှိကြီးများပါ ပါဝင်ကူညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

၎င်းက ဆက်လက်၍ “တချို့နေရာတွေမှာ စစ်ဘက်၊ ရဲဘက်၊ နယ်ဘက် အရာရှိကြီးတွေ ကိုယ်တိုင် လောင်းကစားမှုတွေမှာ ပါဝင်နေလို့ တပ်မတော်ရဲ့ အရှိန်အ၀ါကို ယူပါလို့ သမ္မတကြီးက ညွှန်ကြားပါတယ်” ဟု ပြောသည်။

စစ်ဆေးရေး စတင်ရက်ကို ဇူလိုင်လ ၁ ရက်နေ့အဖြစ် တရားဝင် သတ်မှတ်ထားသော်လည်း တချို့မြို့နယ်များတွင် ဇွန်လ ဒုတိယ အပတ်ခန့်ကပင် စတင်လုပ်ဆောင်မှုများ ရှိနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့မှ အရာရှိတဦးက ပြောကြားသည်။

ပျဉ်းမနားဒေသခံ ရဲအရာရှိတဦးက “ပျဉ်းမနားမြို့မှာ ဒီလထဲ လောင်းကစားဒိုင် ၅ ဒိုင်လောက် ဖမ်းဆီးခဲ့တယ်။ ဒါပေမယ့် တကယ့် လက်ကြီးသမားတွေ မပါသေးဘူး” ဟု ဆိုသည်။

ရန်ကုန်မြို့ခံတဦးက “ဒီလို စစ်ဆင်ရေးလုပ်မယ်ဆို တကယ်ကောင်းပါတယ်။ ပြည်သူတွေ တော်တော်များများက တနေ့တနေ့ ဘောလုံးပွဲလောင်းလိုက်၊ နှစ်လုံးထိုးလိုက်၊ သုံးလုံးတွက်လိုက်နဲ့ အလုပ်ပျက်၊ စီးပွားပျက်၊ လင်မယားကွဲ အများကြီး ဖြစ်နေတာ။ လောင်းကစားရှုံးတော့ အကျင့်ပျက်ပြီး ခိုးကြ၀ှက်ကြဖြစ်ရော” ဟု ပြောသည်။

စစ်ဆင်ရေးကာလအတွင်း ပါဝင်မည့် ရဲသားများ၊ တပ်မတော်သားများအနေဖြင့် အခက်အခဲများကို ရင်ဆိုင် ကျော်လွှားနိုင်ရေး စဉ်းစားထားရန် လိုအပ်ကြောင်း သတင်းတပ်ဖွဲ့အရာရှိက သတိပေးပြောကြားသည်။

၎င်းက “တကယ် ဖမ်းမယ်ဆီးမယ်ဆိုရင် နောက်ကွယ်က ပါနေတဲ့ စစ်ဘက်၊ ရဲဘက်၊ နယ်ဘက် အရာရှိကြီးတွေက သူတို့ အကျိုးစီးပွားအတွက် ကာကွယ်လာရင် ဘယ်လိုလုပ်ကြမလဲ။ သမ္မတကြီးကတော့ ဘယ်လိုလူဖြစ်ဖြစ် ဥပဒေအရ အရေးယူမယ်လို့ မိန့်ကြားထားပါတယ်” ဟု ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်