ဒု သံရုံး တာဝန်ခံ ဦးကျော်ဝင်း နိုင်ငံရေး ခိုလှုံခွင့်တောင်း

E-mail Print
အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ဒုတိယ အကြီးအကဲဖြစ်သည့် ဦးကျော်ဝင်းသည် ဇူလိုင် လ ၄ ရက်နေ့တွင် အမေရိကန် နိုင်ငံ ၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံ လိုက်ကြောင်း ဧရာဝတီက စုံစမ်း သိရှိရသည်။

defector_kyaw_winအမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန် ထံသို့ ယနေ့ ရက်စွဲဖြင့် ဦးကျော်ဝင်းမှ ပေးပို့သည်ဟု ယုံကြည်ရသော စာတစောင်တွင် ၄င်းအနေဖြင့် မြန်မာနိုင်ငံနှင့် အမေရိကန် နိုင်ငံတို့ကြား ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်နိုင်ရန် အကြံ ပြုစာများကို မြန်မာအစိုးရထံပေးပို့ခဲ့သော်လည်း အမြဲပယ်ချခံရကြောင်း၊ ထိုသို့ ဆောင်ရွက်မှုများကြောင့် ၎င်းတွင် အန္တရာယ်တစုံ တရာ ကြုံလာနိုင်ကြောင်းလည်း ရေးသားထားသည်။

“ကျနော့်နိုင်ငံသားတွေအတွက် တာဝန်ထမ်းဆောင်နေသလို မခံစားရတော့ဘူး။ နိုင်ငံသားတွေအကျိုးကိုဆန့်ကျင် လုပ်ဆောင် နေ တဲ့ အစိုးရကိုအလုပ်အကျွေးပြုခြင်းကနေ ကျနော် စွန့်လွှတ်လိုက်ပါပြီ”ဟု ဦးကျော်ဝင်းက စာထဲတွင် ပြောဆိုထားသည်။

ယင်းစာတွင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များက အာဏာကို ဆက်လက်ချုပ်ကိုင်ထားနေကြပြီး ဒီမိုကရေစီရေးတောင်းတသံများကို ပုံဖျက်ရန် ကြိုးစားနေကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေသော အစိုးရတပ်နှင့် ကချင် အပါအ၀င် တိုင်းရင်းသား ဒေသများတွင်ဖြစ်ပေါ်နေသော စစ်ပွဲများကိုလည်း ဝေဖန်ထောက်ပြသည်။ 

ထို့အပြင် ယခု ပုဂံတွင် ဘုရားဖူးရောက်ရှိနေသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို  အစိုးရ က ခြိမ်းခြောက်နေမှုများနှင့်ပတ်သက်၍လည်း သတိပေးထားပြီး ကုလသမဂ္ဂမှ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း(CoI)ရေးကိုလည်း ထောက်ခံကြောင်း ဖော်ပြထားသည်။

အသက် ၅၉ နှစ်ရှိ ဦးကျော်ဝင်းသည် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ၁၉၈၀ ခုနှစ်မှ စတင်ကာ တာဝန် ထမ်းဆောင်ခဲ့ပြီး လုပ်သက် ၃၁ နှစ် ရှိသော်လည်း ယခုအခါ မြန်မာအစိုးရအပေါ် ယုံကြည်မှုလုံးဝမရှိတော့ကြောင်းနှင့် ဒီမိုကရေစီနှင့်ပတ်သက်၍လည်း အရိပ် အယောင်မျှ မရှိကြောင်း၊ အမေရိကန်ပြည်ထောင်စုမှ မြန်မာအစိုးရထိပ်ပိုင်း ခေါင်းဆောင်များအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့အရေးယူခြင်းကိုထောက်ခံကြောင်းလည်း ၄င်း၏ စာတွင် ရေးသားခဲ့သည်။

“မြန်မာနိုင်ငံမှာ အခုရွေးကောက်ပွဲအပြီး  တက်လာတဲ့ အစိုးရသစ်အပေါ် သူ့ဝန်ထမ်းတွေကစပြီး ယုံကြည်မှု မရှိတော့တာကိုပြသ လိုက်တာပါပဲ”ဟု ကုလသမဂ္ဂ ဆိုင်ရာ ပြည်ထောင်စု မြန်မာနိုင်ငံ အဝေးရောက် ညွန့်ပေါင်းအစိုးရ ကိုယ်စားလှယ် ဒေါက်တာ သောင်း ထွန်းက ဧရာဝတီကို ပြောသည်။

ယခုကဲ့သို့ သံမှူးတဦးအနေဖြင့် ပြည်ပ နိုင်ငံတနိုင်ငံ၌ နိုင်ငံရေးခိုလှုံခွင့်တောင်းခံခြင်းသည် မြန်မာနိုင်ငံတွင် အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း ပထမဆုံးဖြစ်သည်။

ယခင်စစ်အစိုးရ လက်ထက် အမေရိကန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခဲ့သော အမေရိကန်အခြေစိုက် မြန်မာသံရုံး တာဝန်ခံ သံမှူး ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ် ပြီးနောက် ဒုတိယမြောက် နိုင်ငံရေးခိုလှုံခွင့် တောင်းခံခြင်းဖြစ်သည်။

ဦးအောင်လင်းထွဋ်က“သူက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဆီကို သူ့သား ၀ါရှင်တန်မှာ နေထိုင်ခွင့်ပြုဖို့ တောင်း တယ်ကြားတယ်။ သူ့ကို ဒီကိစ္စ ဒေါသဖြစ်သွားတယ်ကြားတယ်။ သူ မြန်မာပြည် ပြန်ရင် သူ့အတွက် အန္တရာယ် ရှိနိုင်တယ်။ သူက မြန်မာအစိုးရကိုလည်း စိတ်ပျက်နေပြီ ကျနော်ထင်တယ်”ဟု ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်