KIA နှင့် အစိုးရတပ်များ တိုက်ပွဲ ဆက်ဖြစ်

E-mail Print
အစိုးရ တာဝန်ရှိသူများနှင့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ခေါင်းဆောင်များ အပစ်အခတ် ရပ်စဲရေးပြုလုပ်ရန် ဆွေးနွေးခဲ့ကြ သော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။

KIA_Officers_Tensionsဇွန်လ ၃၀ ရက်နေ့က အပစ်အခတ် ရပ်စဲရေး တွေ့ဆုံဆွေးနွေးပြီး၂ ရက်ခန့် အကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အစိုးရစစ်တပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော်(KIA) တပ်ဖွဲ့ဝင်များ ပြီးခဲ့သည့် တပတ် စနေနေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရတပ်ဘက်က၂ ဦး ကျဆုံးသွားကြောင်း KIA တွဲဖက် အတွင်းရေးမှူး ဦးလနန်က ပြောသည်။

KIA တပ်မဟာ ၅ ထိန်းချုပ်ရာ မိုးညှင်းမြို့နယ် ဆင်ဘိုဒေသတွင် လှုပ်ရှားနေသည့် အစိုးရတပ် ခြေမြန်တပ်ရင်း (ခမရ) ၁၄၁ တပ်ဖွဲ့ဝင်များကို ခြုံခိုတိုက်ခိုက်ခဲ့သောကြောင့် ကျဆုံးသွားကြောင်း ၎င်းက ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားချိန်တွင် အစိုးရတပ်ဘက်မှ စစ်သည် အင်အား ၄၀ ခန့်ရှိကြောင်း၊ KIA ဘက်မှ ထိခိုက်ကျဆုံးမှု မရှိကြောင်း ဦးလနန်က ဆက်ပြောသည်။

ကချင် ဒေသခံများ ပြောပြချက်အရ ယမန်နေ့က ကချင်ပြည်နယ် ပူတာအိုနှင့် ဆွမ်ပရာဘွမ်မြို့နယ် အကြားရှိ တံတား တစင်း ကိုလည်း KIA တပ်ဖွဲ့ဝင်များက ဗုံးခွဲဖျက် ဆီးခဲ့ကြောင်း သိရသည်။

ဦးလနန်ကမှု ယင်း တံတားဖျက်ဆီးမှုနှင့် ပတ်သက်၍ ဒေသခံများ၏ ပြောကြားချက်ကို ၎င်းအနေဖြင့် ကြားသိရကြောင်း ပြော ဆိုသော်လည်း KIA တပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြစ်ကြောင်း အတည်မပြုခဲ့ပေ။

မြစ်ကြီးနားမြို့မှ ဗန်းမော်မြို့သို့ ခရီးသည် ကားများ ပုံမှန် ပြန်လည် ပြေးဆွဲနေပြီး တချို့ကုန်သည်များက လိုင်ဇာမြို့အထိ ကုန်ပစ္စည်းများ လာတင်ကြောင်း သိရှိရသည်။

ဦးလနန်က“နှစ်ဘက် တွေ့ဆုံတာလည်း ဘာမှ အကောifအထည် မဖော်ရသေးဘူးဆိုတော့ ဒုက္ခသည်တွေကလည်း ဘယ်မှ မပြန်ရဲကြသေးဘူး”ဟု ဆိုသည်။

အစိုးရက ကချင်ပြည်နယ် မိုးမောက်မြို့နယ် အတွင်းရှိ တာပိန် ရေအားလျှပ်စစ် စီမံကိန်း အနီးရှိ KIA တပ်များအား လုံခြုံရေး အရ စိတ်မချရဟု အကြောင်းပြကာ ထွက်ခွာရန်ပြောဆိုခဲ့ပြီး ဇွန် ၉ ရက်နေ့က စတင်၍ တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားခဲ့ကြ သည်။

ယင်းတိုက်ပွဲများကြောင့် ဒေသခံ ထောင်နှင့်ချီ၍ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။ ယခင် စစ်အစိုးရနှင့် KIO သည် ၁၉၉၄ ခုနှစ်က စတင်၍ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။

ယမန်နှစ် အောက်တိုဘာလ အတွင်းက အစိုးရ သတင်းစာများ၌ KIA ကို “သောင်းကျန်းသူ”ဟု ပြန်လည်သုံးနှုန်းခဲ့ ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြယ်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်